ပုပ္ပားဒေသတွင် ကြွက်အပြင် ရှဉ့်များပါဖျက်ဆီးမှုကြောင့် သီးနှံအထွက်လျော့ကျလာပြီး ကာကွယ်နှိမ်နင်းနည်းများ လိုအပ်နေ
မြေပဲ၊ ပဲစင်းငုံ၊ ဆပ်၊ ပြောင်း၊ ခရမ်းချဉ် စတဲ့သီးနှံတွေကို ဝင်ငွေရသီးနှံအဖြစ် အဓိက စိုက်ပျိုးတဲ့ ပုပ္ပားဒေသ တဝိုက်က အညာတောင်သူတွေဟာ ရှိပြီးသားဖျက်ပိုးဖြစ်တဲ့ ကြွက်အပြင် ရှဉ့်ကလည်း အဓိကဖျက်ပိုးစာရင်းမှာ ပါဝင်လာပါတယ်။

ရှဉ့်တွေက အခုလိုမြေပဲပေါ် ချိန်မှာ မြေပဲဥတွေကို ကိုက်ဖျက်စားသုံးတာ၊ လူတို့ရဲ့အစာအပြင် တိရစ္ဆာန်အစာအဖြစ် အသုံးပြုတဲ့ ဆပ်လို၊ နှံစားပြောင်းလိုသီးနှံတွေကိုပါ ကိုက်ဖြတ်စားသုံးကြတာဖြစ်ပါတယ်။
သီးနှံကာကွယ်ရေးလုပ်ငန်းတွေမှာ ကြွက်နဲ့ရှဉ့်ကိုဖျက်ပိုးအုပ်စုထဲမှာ အတူထည့်ထားတာဖြစ်ပါတယ်။ ကြွက်က မကြာခဏကျရောက်လေ့ရှိလို့ ကြွက်ကာကွယ်နှိမ်နင်းရေးနည်းလမ်းတွေ ထုတ်ပြန်ထားပေမဲ့ ရှဉ့်ကို ကာကွယ်နှိမ်နင်းဖို့ကျတော့ ထုတ်ပြန်ထားနိုင်တာ မတွေ့ရှိရသေးပါဘူး။
ဒါကြောင့် ရှဉ့်နဲ့ကြွက်တွေကို တောင်သူ့အတွေ့အကြုံနဲ့ နှိမ်နင်းနေရတဲ့အခြေအနေကို ညောင်ဦးမြို့နယ်၊ ဒဟတ်စီးကျေးရွာက တောင်သူဦးဇော်မြင့်က အခုလိုပြောပါတယ်။
“ ကျွန်တော်တို့ပြောရမယ်ဆိုရင် အဓိကကတော့ ကြွက်နဲ့ ရှဉ့်ကို ဦးစားပေးစနစ်နဲ့ စဉ်းစားနေရတာပဲ။ ဘယ်လို နှိမ်နင်းမှာတုန်း။ နံပါတ် ၂ က ပိုးမွှားတိရစ္ဆာန်က ဆေးဝါးနဲ့ နှိမ်နင်းလို့ရနိုင်တဲ့အဆင့်ရှိတယ်။ သူတို့ကတော့ ဆေးဝါးကို မရသေးတာ။ မရသေးတာက ဒီနှစ်ခရမ်းချဉ်သီးတွေနဲ့ ဆေးလုပ်လိုက်တဲ့ အခါကျမှပဲ သူသေတယ်။ အဲ့ဒါနဲ့ကိုနိုင်မှာလား၊ မနိုင်ဘူး။ သက်သာရုံပဲရှိတယ်။ အရင်တုန်းက ဆယ်ပင် ကိုက်သွားရင် ဒီဆေးချလိုက်ရင် ၂ ပင်ပေါ့။ အဲ့လောက်ကလေးပဲ သိသာရုံပဲ ရှိတယ်။ အခုကျတော့ ကျွန်တော်တို့ စဉ်းစားထားတာကတော့ ဒီကြွက်ကို ဒီဆေးဝါးနဲ့လုပ်လို့လည်း မရတော့ ကျင်းတွေထဲကို ဆေးလိုက်ထည့်နေတယ်။ အစာနဲ့ပေါ့။ အဘတို့ အတွေ့ အကြုံကိုပြောပြတာ ”
ညောင်ဦးဒေသမှာ မြေပဲနဲ့ပဲစင်းငုံကို အဓိကစိုက်ပျိုးကြပြီး မြေပဲကတော့ ဝမ်းစာဆီက အဓိကဖြစ်ကာ ဆီဖူလုံ မှသာ ကြိတ်ခွဲရောင်းချကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြေပဲကို မိုးဦးရော၊ မိုးလယ်မှာပါ စိုက်ပျိုးကြပါတယ်။ ပဲကြီးလို့ခေါ်တဲ့ သက်တမ်းရှည်တဲ့မြေပဲကတော့ ၇ လ၊ ၈ လလောက်ကြာပြီး ပဲလေးကတော့ ၃ လမြေပဲ ဖြစ်ပါတယ်။ ဒီလို ၂ ကြိမ် ၂ မျိုး စိုက်ရတာက မိုးဦးမှာမိုးတွေခေါင်လို့ ပဲမရရင် မိုးလယ်မှာ နောက်တစ်သီး ထပ်မံစိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ပဲရတဲ့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ကနေ ၁၄၆ ရက် အကြာမှာ ရွာချတတ်တဲ့ ကျီလွဲမိုးနဲ့ ၁၅၆ ရက်အကြာမှာ ရွာလေ့ရှိတဲ့ ကန်ဆင်းမိုးတွေလို သည်းသည်းမည်းမည်း ရွာတတ်တဲ့မိုးကြီးတွေလည်း မရွာတဲ့အတွက် ပဲထွက်နည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သီးနှံရဖို့က ရာသီဥတု ဖောက်ပြန်တာကို တောင်သူ့အင်အားနဲ့ လုပ်ကိုင်နိုင်စွမ်းမရှိပေမဲ့ ပိုးမွှားဖျက်ဆီးတာကိုတော့ သုတေသနအရ ထုတ်ပြန်ထားတဲ့နည်းလမ်းတွေ မရသေးပေမယ့် တောင်သူ့အင်အားနဲ့ တတ်နိုင်သလောက် သီးနှံကာကွယ်ရေး လုပ်ငန်းတွေလုပ်ကိုင်ရတာက အခက်အခဲတွေရှိတယ်လို့ ညောင်ဦးမြို့နယ် ထီးပုကျေးရွာက ယာတောင်သူ တစ်ဦးက ပြောပါတယ်။
“ဝန်လေးတယ်ဆိုတာ အလုပ်ပျက်အကိုင်ပျက်ပေါ့။ ဒါကို တကူးတက လုပ်ကိုင်နေရတာပေါ့။ တကူးတက မလုပ်ရင် ဒါ ဘယ်အချိန်လုပ်ရလဲဆိုရင် ညနေ လေးနာရီ၊ နေ့လယ်ဆိုရင် တစ်နာရီ၊ နှစ်နာရီအချိန် အဲ့လို သွားရ တယ်။ အဲ့လိုသွားမှသာ သူတို့က လူ ပြတ်တဲ့အချိန်လုပ်တော့ ကျွန်တော်တို့ အဲ့လို အာရုံထားပြီး ဂရုစိုက် လုပ်နေရတယ်။ လုပ်လည်း နည်းကျဉ်းတာတစ်ခုပဲ။ နည်းတော့နည်းတယ်။ သူတို့စားသောက်သွားတဲ့အ ချိန်တွေကို သတ်မှတ်ချက်နဲ့ သွားလုပ်တော့ ကိုယ့်မှာတော့ ထူးခြားချက်တော့ပြပါတယ်”
ကြွက်ကတော့ သီးနှံစိုက်ပျိုးချိန်ပြောင်းလဲတာတွေ၊ သဘာဝဘေး အကြီးအကျယ်ကျရောက်တာတွေ၊ ဝါးသီး တွေသီးလာတဲ့အချိန်ရောက်လာရင်လည်း ကြွက်ကျရောက်တတ်တယ်လို့ ကြွက်ဂေဟဗေဒပညာရှင်က ပြောဆို ထားပါတယ်။ ထီးပုကျေးရွာ အနီးတစ်ဝိုက်မှာတော့ ဝါးပန်းတွေပွင့်နေတာကို တွေ့ရတာကလွဲလို့ စိုက်ချိန်တွေက သိသိသာသာ ပြောင်းလဲတာမျိုးမတွေ့ရပဲ သဘာဝဘေးကလည်းကျရောက်တာမရှိခဲ့ပါဘူး။ ရှဥ့်တွေ တဖြည်းဖြည်းပိုများလာပြီး ရာသီသီးနှံတွေအပြင် ဝင်ငွေရတဲ့ မန်ကျည်းလို နှစ်ရှည်ပင်တွေမှာလည်း အသိုက် ဖွဲ့ပြီး အသီးတွေကို ပိုပြီးစားလာကြပါတယ်။
ရှဉ့်တွေ ကျရောက်တာကတော့ အဲ့ဒီဒေသမှာ ထန်းတောင်သူတွေ နည်းပါးလာပြီး တက်သူမရှိတော့တဲ့ ထန်းပင် တွေက ထန်းသီးလေးတွေနုလာချိန် ကဆုန်နယုန်လောက်မှာ ရှဥ့်တွေက ထန်းသီးနုလေးတွေကို စားလာ ကြပြီးထန်းရင့်ချိန် ဝါခေါင်လကုန်လောက်မှာတော့ ထန်းပင်အောက်ရှိ ယာခင်းထဲကဥလာတဲ့ မြေပဲဥတွေကို ထပ်မံ စားသုံးလာကြတဲ့အတွက် ရှဥ့်တွေအတွက် အစာရေစာ ပေါများစေနေလို့ပဲ ဖြစ်ပါတယ်။
မိုးတွေခေါင်တဲ့အပြင် ရှဉ့်နဲ့ကြွက်တွေ၊ ပဲစင်းငုံမှာကျနေတဲ့ သီးလုံးဖောက်ပိုးတွေကြောင့် သီးနှံအထွက်နှုန်း ထိခိုက်ရသလို မြေပဲက တစ်ပိသာကို ၁၈၀၀၊ ၂၀၀၀ကနေ ၅၅၀၀ကျပ် အထိဈေးရလာပေမယ့် အိမ်စားဖို့ ဆီသာရပြီး ရောင်းရလောက်အောင်မရပဲ ပဲထွက်တွေလျော့လာလို့ တောင်သူတွေမှာ ဝင်ငွေတွေလည်း ထိခိုက်လာရပါတယ်။ ဒီလိုပိုးမွှား ဖျက်ဆီးပြီး အကျိုးအမြတ်တွေမရှိသလောက်ဖြစ်လာပေမယ့် မိရိုးဖလာ တောင်သူလုပ်ငန်းကို စွန့်လွှတ်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ဒဟတ်စီးကျေးရွာက အညာတောင်သူကြီးက ပြောပါတယ်။
“ သီးနှံအဖျက်ခံရတော့ တောင်သူ့အနေထားကတော့ ရပ်ချင်၊ ရပ်ပြန်လို့လည်းမဖြစ်ဘူး။ ရပ် ပိုဆိုးမှာလေ။ လွတ်လိုလွတ်ငြားတော့ လုပ်ကြည့်နေရအုန်းမှာပဲ။ ပြောရရင်တော့။ လုပ်တာတော့လုပ်ရမှာပဲ။ မလုပ်တာက ကိုယ့်တာဝန်လေ။ လုပ်တာတော့ လုပ်ရမှာပဲ။ ရှုံးရှုံး၊ အဘတို့ဘက်ကတော့။ မလုပ်ပဲနေလို့တော့မရဘူး တောင်သူက ”
လက်ရှိမြန်မာ့လယ်ယာလုပ်ငန်းမှာ သွင်းအားစုစရိတ်တွေ အစစအရာရာမြင့်တက်လာတဲ့အပြင် တောင်သူတို့ စားဝတ်နေရေး စတဲ့ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်လာတဲ့အတွက် တစ်ဧကကရတဲ့ဝင်ငွေတိုးလာဖို့ထက် လျော့မသွားအောင် အရေးတကြီးလိုအပ်နေပါတယ်။ ဒါကြောင့် ဖျက်ပိုးတွေကြောင့် ဖြစ်လာပြီးသား သီးနှံတွေ မပျက်စီးပဲ ရိတ်သိမ်းချိန်ကိုအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ဖို့ကတော့ ဘက်စုံသီးနှံကာကွယ်ရေးနည်း လမ်းတွေကို အောင်အောင်မြင်မြင်အသုံးချနိုင်ဖို့ အရေးတကြီးလိုအပ်နေတာပဲ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဂျာနူး
See all
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023