ဝဥဈေးကွက်ပျက်စီးမှုကြောင့် အရှုံးနှင့် ရင်ဆိုင်နေရတဲ့ ချင်း 'ဝဥ' စိုက်တောင်သူတွေ
ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာ နယ်စပ်ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့် ဈေးနှုန်းကျဆင်းခြင်း၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးကွင်းဆက်များ ရပ်တန့်ခြင်းတို့ကြောင့် ဝဉဈေးကွက်ပျက်စီးကာ ချင်းပြည်နယ်က ဝဥစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဝဥကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ရေဇွာ အစရှိတဲ့ ဒေသများမှာ အဓိကအားထားစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ဧကလျှင် ဝဥ ပိဿာချိန် ၃,၀၀၀ ကနေ ၅,၀၀၀ အထိ ထွက်ရှိနိုင်တာဖြစ်တယ်လို့ ဝဉစိုက်တောင်သူများထံက သိရပါတယ်။
ဝဉစိုက်တောင်သူတွေအနေနဲ့ ဝဉကုန်ကြမ်းအစို၊ အခြောက်အပြင် ကုန်ချောကိုပါ ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်ပသို့ ဖြန့်ဖြူးနိုင်ရန် အဓိကရည်ရွယ် စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံတို့က အဝယ်ရှိပြီး ဒေသစီးပွားရေးကို အဓိကမြှင့်တင်ပေးနေတဲ့ စိုက်ပျိုးထွက်ကုန်တွေထဲက တစ်ခုဖြစ်ပါတယ်။

ယခင်ကတော့ ချင်းပြည်နယ် ဝဉဈေးကွက်မှာ အစိုတစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိပြီး ဝဥ အခြောက်တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ ဝဥဈေးကွက်ပျက်နေပြီး ဝဥ အစိုတစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာဈေးပေါက်နေကာ ဝဥ အခြောက်ကလည်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိသာ ဈေးပေါက်နေလို့ တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဝဥစိုက်တောင်သူတစ်ဦးထံကနေ သိရပါတယ်။
ဒီလိုဈေးကွက်ပျက်မှုကြောင့် ဝဥကိုသာ အဓိကအားထားစိုက်ပျိုးနေရတဲ့ တောင်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေဘက်က ကောင်းမွန်တဲ့မူဝါဒများ ထောက်ပံ့ပေးရန်၊ ပြည်တွင်းကုန်သွယ်ရေးလမ်းကြောင်းများသာမက ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများပါ ထိထိရောက်ရောက်စီမံဆောင်ရွက်နိုင်ရန် ဝဥစိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ကုန်သည်များကတော့ မျှော်လင့်နေကြပါတယ်။
ဝဥစိုက်တောင်သူတွေအတွက် အဓိကစိန်ခေါ်မှုတွေအနေနဲ့ ခေတ်မီနည်းပညာများဖြင့် မစိုက်ပျိုးနိုင်သေးခြင်း၊ စိုက်ပျိုးနည်းစနစ် အသိပညာနည်းပါးခြင်း၊ စိုက်ပျိုးသည့်အဆင့်မှ ကုန်ချောထုတ်လုပ်သည့်အဆင့်၊ ဈေးကွက်တင်ပို့သည့်အဆင့်၊ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်သည့် အဆင့်တို့မှာ အားနည်းခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Su Shweyi Oo
လွန်ခဲ့သော ၃ နှစ် ကအောက်ဆုံးအပိုဒ်ကတော့ အမှန်ပါဘဲ ပြည်တွင်းစားသုံးနှုန်းမြှင့်တင်နိုင်ဖို့ တပိုင်တနိုင်စီးပွားရေးအနေနဲ့ အလွယ်တကူလုပ်နိုင်တဲ့ ဝဥတုံလိုဟာမျိုးကို မိရိုးဖလာလုပ်နည်းထက် နည်းစနစ်ပိုကောင်းအောင်လုပ်နိုင်ရင် ပြည်တွင်းဈေးကွက်ရှိပေမယ့် နည်းစနစ်ကျ ဘယ်မှာရှာရမှန်းမသိ၊ မိရိုးဖလာနည်းတွေဘဲရှိတယ်
kyaw zin oo
လွန်ခဲ့သော ၃ နှစ် ကယခုနှစ်ဈေးအခြေအနေကောင်းနိုင်လား
ဆက်စပ်ဆောင်းပါးများ
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၀ - ၂၄.၇.၂၀၂၆)
ရှမ်းတောင်ရှိ ကုန်စိမ်းဈေးကွက်အခြေအနေ (ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းမြင့်တက်နေ)
ဆက်စပ်မေးခွန်းများ
ပုဇွန်ကိုဘာနဲ့ချက်စားရင်ကောင်းလဲ. မဆလာနဲ့ကောင်းလားကြက်ဥနဲ့ကောင်းလား။
Thein Soe Min • ဖြေကြားချက် 4 ခု
ဒီနွားဘယ်မှာသွားပြီးဘာတွေစားခဲ့လဲဆိုတာဘယ်လိုပြန်ကြည့်လို့ရမလဲ။
Thein Soe Min • ဖြေကြားချက် 1 ခု
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
မျိုးေစ့ကုမ္ပဏီများထိုင်းနှံေကာက်မျိုးတတင်းဒါမှမဟုတ်သတင်းကွဲစျေးနှုန်းသည်လိုပါတယ်။
Thein Soe Min • ဖြေကြားချက် 0 ခု
ငါတွေကိုရေပြင်ထုတ်လိုက်လို့ရှိရင်အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ
Thein Soe Min • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from Ning Naing Ling
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....