Green Way
အစေ့ထုတ်ပြောင်း တစ်ဧက တင်း (၈၀) ပန်းတိုင် အထွက်နှုန်း ရရှိရန် နည်းပညာ

အစေ့ထုတ်ပြောင်း တစ်ဧက တင်း (၈၀) ပန်းတိုင် အထွက်နှုန်း ရရှိရန် နည်းပညာ

အစေ့ထုတ်ပြောင်းသည် ပြည်တွင်း မွေးမြူရေး အစားအစာနှင့် ပြည်ပသို့ တင်ပို့ ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ အစေ့ထုတ်ပြောင်း တစ်ဧက တင်း (၈၀) ပန်းတိုင် အထွက်နှုန်း ရရှိရန် အောက်ပါ နည်းပညာများကို လိုက်နာ ကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ပါသည်။

၁။ မျိုး

ဒေသအလိုက် အောက်ပါ အထွက်ကောင်းမျိုးများနှင့် ရေဆင်း စပ်မျိုးများကို စိုက်ပျိုးရန်၊ ရေဆင်းစပ်မျိုးများ၏ အရည်အချင်း လက္ခဏာကို ဖော်ပြပါသည်။

အစေ့ထုတ်ပြောင်းစပ်မျိုးများ၏ အရည်အချင်း လက္ခဏာများ

တောင်ပေါ် ဒေသ- ဧကရီ၊ ရေဆင်းစပ်မျိုး (၃)၊ ရေဆင်း စပ်မျိုး (၅)
မြေပြန့် ဒေသ - ရွှေဝါ (၁)၊ စူဝမ် (၃)၊ ရေဆင်း စပ်မျိုး(၂)၊ ရေဆင်း စပ်မျိုး(၃)၊ ရေဆင်း စပ်မျိုး(၄)၊ ရေဆင်း စပ်မျိုး(၅) နှင့် နိုင်ငံတော် မျိုးစေ့ ကော်မတီမှ ထောက်ခံထားသော နိုင်ငံခြား မျိုးများ။

၂။ မြေအမျိုးအစား

ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီ၊ စနယ်မြေနက်။

၃။ စိုက်စနစ်

(က) အပင်ဦးရေ

  • ရာသီအလိုက် အောက်ပါအတိုင်း တစ်ဧက အပင်ဦးရေ ရရှိအောင် စိုက်ပျိုးရန်။
  • မိုးရာသီ တစ်ဧက အပင်ဦးရေ ၂၃၀၀၀ မှ ၂၅၀၀၀။
  • မိုးနှောင်း/ဆောင်းရာသီ တစ်ဧက အပင်ဦးရေ ၁၇၀၀၀ မှ ၂၀၀၀၀။

တစ်ဧကတွင် ရှိသင့်သည့် အပင်ဦးရေ မပြည့်ပါက အထွက် (၄၀ % မှ ၆၀ %) ကျဆင်းနိုင်ပါသည်။

(ခ) သားခွဲခြင်း

- အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် မဖြစ်မနေ သားခွဲပြီးပင်ခြေ မြေဆွပေးရန်။

(ဂ) ဘောင်တင်ခြင်း

- အပင်ပေါက်စုံပြီး ၃၅ မှ ၄၀ ရက်သားတွင် ဘောင်တင်ရန်။

(ဃ) အစေ့အတိမ်အနက်

မြေအစိုဓာတ်ပေါ်မူတည်၍ မျိုးစေ့ အတိမ်အနက်ကို ၂’’ မှ ၂.၅’’ ထား၍ စိုက်ပျိုးသင့်ပါသည်။

၄။ သွင်းအားစု

(က) သဘာ၀ ေၿမၾသဇာ

  • နွားချေး (သို့) သစ်ဆွေး မြေသြဇာ တစ်ဧကလျှင် (၃) တန်နှုန်းကို မြေမပြုပြင်မီ ညီညာစွာ ထည့်သွင်းရန်။

(ခ) ဓာတ်မြေသြဇာ


၅။ အပင်ကာကွယ်ရေး

(က) ပိုးမႊား

  • အပင် (၁) လသားတွင် ကျရောက်တတ်သော ရွက်စားပိုးနှင့် ပျပိုး၊ ပန်းပွင့်ချိန်တွင် မိုးပြတ်ပါက ကျရောက်တတ်သော ပျပိုးများကို ထိသေ ပိုးသတ်ဆေးများဖြင့် အချိန်မီ နှိမ်နင်းရန်။

(ခ) ေရာဂါ

  • အစေ့ထုတ်ပြောင်းတွင် ကျရောက်တတ်သော အောက်ပါ ရောဂါများကို ကာကွယ်ရန်။

(ဂ) ပေါင်းမြက်

အပင်ပေါက်စုံသည်မှ (၄) ပတ်သားအထိ ပေါင်းလုံးဝကင်းစင်စေရန် ကြားပေါင်းလိုက်ပေးရန်။

(ဃ) အခြား ဖျက်ဆီးတတ်သော သတ္တဝါများ

အစေ့ထုတ်ပြောင်းစေ့အား နို့ရည်တည်ချိန်မှ စတင်၍ ဖျက်ဆီးတတ်သာ ကြွက်၊ ခွေး၊ ကြက်တူရွေးတို့အား ကာကွယ်ရန်။

၆။ ရိတ်သိမ်း နည်းစနစ်

  • အစေ့ထုတ်ပြောင်းဖက်သည် အဝါရောင်သန်းညပီး အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်းကို တွေ့ရချိန်တွင် ရိတ်သိမ်းရန်။
  • ရိတ်သိမ်းပြီး ချက်ချင်း ဖက်ခွာ၍ နေလှန်းရန်။
  • ဖက်ခွာပြီး အဖူးများကို စုပြုံထားခြင်း မပြုရပါ။ စုပုံထားသေ အဖူးများတွင် မှိုအလွယ်တကူတက်၍ အစေ့ထွက်နှင့် အရည်အသွေးပါ ကျဆင်းစေပါသည်။
  • ဖက်ခွာနေလှန်းခြင်းကို ၅ ရက်မှ ၇ ရက်ခန့် ပြုလုပ်ပြီး အစေ့ခြွေရန်နှင့် အစေ့များကို ထပ်မံ နေလှန်းရန်။
  • အစေ့များကို အစေ့တွင်း အစိုဓာတ် ၁၅ ရာခိုင်နှုန်ေးအာက်ကျစေရန် နေလှန်းရန်။
  • အစေ့များ နေလှန်းရာတွင် အထူ ၂လက်မခွဲမှ ၃ လက်မထိ ညီညာစွာ ဖြန့်၍ နေလှန်းရန်။

ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန၊ ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် နည်းပညာများ 

 

Continue reading related topics, questions and articles.

ThantZinOo

ThantZinOo

3 years ago

အပင်မှာပဲ အခြောက်ထားရင် ဘာဆိုးကျိုးရှိမလဲဗျ ကျေးဇူးပြု၍ဖြေပေးကြပါအုန်း

Sai Ai

Sai Ai

3 years ago

မိုးတွင်းဆိုရင်ပေါ့

Sai Ai

Sai Ai

3 years ago

ရေကြီးလို့ ၇ရက် ၈ရက်လောက်ဆိအပင်မမြုတ်ရင် ပါဆိုးကြိုးရှိနိင်လည်း

ကျော်ဘုန်းရှိန်

ကျော်ဘုန်းရှိန်

4 years ago

ပင်ခြားတန်းခြားဘယ်လောက်ထားပေးရမလဲခင်ဗျ

ပြည့်စုံ

ပြည့်စုံ

4 years ago

မျိုးထားမယ်ဆိုရင်ရော ဘယ်အချိန်ထိထားရမလဲဗျ

You

Related articles

Related questions

မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?

Green Way Agtech • 1 answers

မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing

Green Way • 1 answers

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

TunLin • 3 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 1 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....