တာချီလန် (Choy Sum) စိုက်ပျိုးပြုစုနည်း
တာချီလန်က Brassicaceae မျိုးဝင်ဖြစ်ပြီး မုန်ညင်း၊ ကိုက်လန်တို့နဲ့ အပင်ပုံသဏ္ဍာန်ရော အရသာပါဆင်တူကြပါတယ်။ အများစုက ကိုက်လန်နဲ့ မှားတတ်ကြပေမယ့် တာချီလန်က ရိုးတံသေးသွယ်ပြီး ပိုလည်းနုပါတယ်။ ကိုက်လန်ထက်လည်း ပိုပြီးဈေးကောင်းရပါတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး တာချီလန်ကိုကြော်စားမယ်ဆိုရင် ဗီတာမင် A, B6 နဲ့ အမျှင်ဓာတ်၊ ကယ်ဆီဓာတ်၊ သံဓာတ်တွေရရှိနိုင်ပါတယ်။ အခုလိုကာလကြီးမှာ အိမ်မှာစိုက်ပျိုးထားမယ်ဆိုရင် အာဟာရရှိတဲ့ ဟင်းတစ်ခွက်ရသလို များများစိုက်ပြီးရောင်းရင်လည်း အပိုဝင်ငွေကောင်းကောင်းရရှိနိုင်တာမို့ စိုက်ပျိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ဗျ။
မြေအမျိုးအစားနဲ့ ကြိုက်နှစ်သက်သောရာသီဥတု
- မြေဆွေးဓာတ်ကြွယ်ဝပြီး ရေသွင်းရေထုတ်ကောင်းတဲ့မြေမျိုးကို ကြိုက်နှစ်သက်ပါတယ်။ မြေအချဉ်ငန်ဓာတ် (6-7) အတွင်းရှိရင် ပိုပြီးသင့်တော်ပါတယ်။
- အေးမြတဲ့ရာသီကို ပိုကြိုက်နှစ်သက်ပေမယ့် အပူချိန်အသင့်အတင့်ရှိတဲ့ ရာသီမှာလည်းစိုက်လို့ရပါတယ်။ အပူချိန်အရမ်းများရင်တော့ ခါးသွားတတ်ပါတယ်။ အပူချိန် ( 14°C-30°C) အတွင်း စိုက်နိုင်ပါတယ်။
- မတ်လ၊ ဧပြီလတို့လို ဆောင်းနှောင်းပိုင်းကာလနဲ့ ဩဂုတ်လ၊ စက်တင်ဘာလတို့လို မိုးကြိုကာလတွေမှာ စိုက်ဖို့သင့်တော်ပါတယ်။
စိုက်ပျိုးခြင်း
- မျိုးစေ့ကိုပျိုးပြီးမှ ရွှေ့ပြောင်းစိုက်လို့ရသလို တိုက်ရိုက်အစေ့ချ၍လည်း စိုက်နိုင်ပါတယ်။ ပျိုးပြီးမှစိုက်မယ်ဆိုရင် အရွက်လေးရွက်ထွက်တဲ့အရွယ်မှာ ရွှေ့စိုက်နိုင်ပါတယ်။
- တိုက်ရိုက်အစေ့ချစိုက်မယ်ဆိုရင်တော့ သဘာဝမြေဩဇာ၊ မြေဆွေးတွေနဲ့ ပြင်ထားတဲ့မြေမှာ အတန်းလိုက် မြောင်းလေးတွေပြုလုပ်ပေးပါ။ လက်မဝက်အနက်မှာ မျိုးစေ့ (၃) စေ့ခန့်ထည့်ပြီး ပင်ကြား (၆) လက်မ နဲ့ တန်းကြား (၁၂) လက်မ ခန့်ထား၍ စိုက်နိုင်ပါတယ်။
အပင်ပြုစုစောင့်ရှောက်ခြင်း
- စိုက်ပြီးပထမအပတ်မှာ ရေကိုနေ့တိုင်းလောင်းပေးသင့်ပြီး ရေမဝပ်အောင်ဂရုစိုက်ရပါမယ်။ တစ်ပတ်လောက်ကြာလို့ အပင်စပေါက်ပြီးတဲ့နောက်မှာတော့ နေ့တိုင်းရေပေးစရာမလိုဘဲ လိုအပ်သလောက်သာပေးပါ။
- အနည်းဆုံး တစ်ပတ်တစ်ခါတော့ ပေါင်းမြက်များကို ရှင်းလင်းပေးသင့်ပါတယ်။ ပေါင်းမြက်ပြဿနာ လျော့နည်းဖို့နဲ့ အစိုဓာတ်ထိန်းသိမ်းထားနိုင်ဖို့ မြေဖုံးခြင်းကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။
- မြေဆွေးကြွယ်ဝတဲ့မြေမှာ စိုက်ခဲ့တာမို့ ဓာတ်မြေဩဇာကို ထွေထွေထူးထူး ထည့်ပေးစရာမလိုပါဘူးဗျ။
- တာချီလန်မှာ အဓိကကျရောက်တတ်တဲ့ ပိုးမွှားနဲ့ ရောဂါတွေကတော့ ပျများ၊ ခရု၊ ပက်ကျိ၊ ရွက်စားခူကောင်များ၊ ရွက်ထွင်းဂျပိုးနဲ့ အဝါရောင်အစက်အပျောက်ရောဂါ၊ ဖားဥမှိုရောဂါတို့ ကျရောက်တတ်ပါတယ်။
ခူးဆွတ်ရိတ်သိမ်းခြင်း
- မျိုးအပေါ်မူတည်ပြီး ရိတ်သိမ်းချိန် အနည်းငယ်ကွာခြားနိုင်ပါတယ်။ တချို့သောမျိုးတွေက စိုက်ပြီးရက် ( ၃၀) မှာ ခူးဆွတ်လို့ရသလို မျိုးအများစုကတော့ စိုက်ပြီးရက် ( ၅၀-၇၀) အတွင်း ခူးဆွတ်နိုင်ပါတယ်။
- တာချီလန်က အရွက်၊ အရိုး၊ အဖူးအပွင့် အကုန်စားလို့ရတာမို့ အပင်ခြေကနေ ဖြတ်ယူလို့ရသလို အပင်အပေါ်ပိုင်းတစ်ဝက်လောက်ပဲ ဖြတ်ယူမယ်ဆိုရင်တော့ တစ်ရာသီလုံး ခူးစားလို့ရနေမှာပါဗျ။
Ref; https://homeguides.sfgate.com/grow-choy-sum-38321.html
https://www.evergreenseeds.com/choy-sum/
မအေးမ
1 year agoမိုးတွင်စိုက်လို့ရလာရှင်
pann
3 years agoကိုက်လန်ပင်ရဲ့အမည်အမျိုးအစားလေးပြောပြပေးပါရှင့်
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းရာဇာ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....