ပဲတီစိမ်း စိုက်ပျိုးခြင်း
ပဲတီစိမ်း၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပဲတီစိမ်း၊ ပဲနောက်စိမ်း၊ ပဲတီနက်၊ ပဲနောက်နက် ဟူ၍ အသိများကြပါသည်။ ပဲတီစိမ်းကို အထက်မြန်မာပြည်၌ မကွေး၊ မန္တလေး၊ စစ်ကိုင်း ဒေသများတွင် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်၌ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီဒေသများတွင် အဓိက စိုက်ပျိုးကြပါသည်။ ပဲတီစိမ်း၏ အပင်ပုံစံမှာ ပင်ထောင်ပုံစံဖြစ်ပါသည်။ ပဲတီစိမ်းသည် တစ်ရာသီခံပင်ဖြစ်ပြီး ပင်တည်းဝတ်မှုံကူးသော အပင် အမျိုးအစားလည်းဖြစ်ပါသည်။
ရာသီဥတု နှင့် မြေအမျိုးအစား
ပဲတီစိမ်းသည် ပူနွေးခြောက်သွေ့သော ရာသီဥတုကို နှစ်သက်ပြီး အပူချိန် ၃၀ မှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသော ဒေသများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ပဲတီစိမ်းသည် နှစ်စဥ်မိုးရေချိန် ၃၀ လက်မမှ ၃၆ လက်မအတွင်းရှိသော ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။ ဆားပေါက်သော မြေများမှ လွဲ၍ ကျန်သောမြေအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ အထူးသဖြင့် စနယ်မြေစေး၊ လယ်မြေ၊ နုန်းမြေ များတွင် ပို၍စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ ပဲတီစိမ်းသည် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်ခြင်း မရှိပါ။ ပဲတီစိမ်းအတွက် အသင့်တော်ဆုံး မြေချဥ် ငံကိန်းမှာ ၅.၅ နှင့် ၆.၅ အတွင်း ဖြစ်ပါသည်။
မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့နှုန်းထား
ရေဆင်း ၁၁ နှင့် ရေဆင်း ၁၄ မျိုးများ စိုက်ပျိုးရန် သင့်တော်ပြီး အဝါရောင်မိုစိတ် ရောဂါကို ခံနိုင်ရည်ရှိကာ အထွက်နှုန်းလည်း ကောင်းပါသည်။ မျိုးစေ့နှုန်းထား အနေဖြင့် မိုးကြိုနှင့် မိုးနှောင်းတွင် စိုက်ပျိုးပါက ၆ ပြည်မှ ၈ ပြည်အထိ အသုံးပြုကြပြီး မိုးလယ်တွင် စိုက်ပျိုးပါက ၄ ပြည်မှ ၆ ပြည်အထိ အသုံးပြုကြပါသည်။
စိုက်ပျိုးရာသီနှင့် စိုက်နည်းစနစ်
မြန်မာပြည် အထက်ပိုင်း ဒေသများတွင် မိုးကြိုရာသီစိုက်ပျိုးရာ၌ ဖေဖော်ဝါရီ လလယ်မှ မတ်လလယ်အတွင်း လည်းကောင်း၊ မိုးရာသီ စိုက်ပျိုးရာ၌ မေလလယ်မှ သြဂုတ်လလယ်အတွင်း လည်းကောင်း စိုက်ပျိုးကြပါသည်။ မြန်မာပြည် အောက်ပိုင်း ဒေသများတွင် ပဲတီစိမ်းကို စပါး ရိတ်သိမ်းပြီးသောအချိန်၌ သီးထပ်အနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာအတွင်း စိုက်ပျိုးကြပါသည်။ ပင်ကြားတန်းကြားအနေဖြင့် မိုးကြိုနှင့် မိုးနှောင်းတွင် စိုက်ပျိုးပါက (၄×၁၂) လက်မ ဖြင့် စိုက်ပျိုးနိုင်ပြီး အပင်ဦးရေ ၁၃၀,၀၀၀ ကျော် ဝင်ဆန့်မည်ဖြစ်ပါသည်။ မိုးရာသီတွင် စိုက်ပျိုးပါက (၄×၁၈) လက်မ ဖြင့်စိုက်ပျိုးနိုင်ပြီး အပင်ဦးရေ ၈၇,၀၀၀ ကျော်ဝင်ဆန့်နိုင်မည် ဖြစ်ပါသည်။ ပဲတီစိမ်းကို ပြောင်း၊ နေကြာ၊ နှမ်း၊ ပဲစင်းငုံ စသည့်သီးနှံများနှင့် သီးညှပ်စိုက်ပျိုး၍ လည်းရပါသည်။ ထယ်ကြောင်းဆွဲကာ မျိုးစေ့ကို မြေကြီးအတွင်း အနက် ၁ လက်မမှ ၁.၅ လက်မ အတွင်း ချစိုက်နိုင်ပါသည်။
မြေပြင်ခြင်းနှင့် မြေသြဇာကျွေးခြင်း
မစိုက်ပျိုးခင် မြေပြင်ရာ၌ ထယ် ၁ စပ်မှ ၂ စပ်ထိုးပြီး ဓားကြမ်းတုံးဖြင့် ထွန်နှစ်စပ် မောင်းပေးရန် လိုအပ်ပါသည်။ မြေပြင်ရာတွင် ၁ ဧကလျှင် နွားချေး တင်း ၁၀၀ မှ တင်း ၁၅၀ အထိ ထည့်ပေးရန်လိုအပ်ပါသည်။ ယူရီးယား မြေသြဇာ ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည်နှင့် ကျောက်မှုန့် ပြည် ၂၀ ထည့်ပေးရန် လိုအပ်ပါသည်။
အပင်ပြုစုခြင်း
အပင်သက်တမ်း ၃၀ ရက်သားခန့် ရောက်လျှင် ကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည် ဖြစ်ပါသည်။ လိုအပ်ပါက လူ အားဖြင့် လက်ပေါင်းလိုက်ရန် လိုအပ်ပါသည်။ ယူရီယားလက်ချားအရည်နှင့် ပိုတက်စီယမ်ဓာတ် ပါဝင်သော အာဟာရ အရည်များ၊ ငါးအမိုင်နိ အက်စစ်ဖျော်ရည်များ ပက်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အသီး အပွင့်ဖြစ်ထွန်းမှုကို အားပေးပါသည်။
ပိုးမွှားနှင့် ရောဂါ
အဖျက်ပိုးများအနေဖြင့် ယင်ဖြူ၊ သီးလုံးဖောက်ပိုး၊ ပင်စည်ထိုးယင်၊ ငမြောင်တောင်၊ ပျ၊ ဂျပိုး စသည်တို့ ကျရောက်ဖျက်ဆီး လေ့ရှိပါသည်။ ရောဂါများ အနေဖြင့် အဝါရောင် မိုစိတ်ရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်း ရောဂါ၊ ဆာကိုစပိုးရား ရွက်ခြောက် ရောဂါ စသည်တို့ ကျရောက် လေ့ရှိပါသည်။ ၎င်းပိုး ရောဂါများကို ကာကွယ်ရန်အတွက် စိုက်ခင်း ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပိုး ရောဂါ ဒဏ်ခံနိုင်ရည်ရှိသော မျိုးများဖြင့် အစားထိုးခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။ ပိုးများကို နှိမ်နင်းရန်အတွက် ကလိုပိုင်ရီဖော့၊ ဆိုက်ပါ မီသရင် စသည့် ဆေးများ အသုံးပြုနိုင်ပါသည်။ ရောဂါများ နှိမ်နင်းရန်အတွက် ကာဘင်ဒါဇင်၊ မန်ကိုဇက် စသော ဆေးများ အသုံးပြုနိုင်ပါသည်။
ခူးဆွတ်ခြင်း
ပဲတီစိမ်းသည် မျိုးအပေါ် မူတည်ပြီး သက်တမ်း ၆၀ မှ ၈၀ ကြားတွင် ရိတ်သိမ်း ခူးဆွတ်နိုင်ပါသည်။ အများအားဖြင့် ပဲတီစိမ်း အတောင့်များ ၇၅ မှ ၈၅ ရာခိုင်နှုန်းမှာ အနက်ရောင်ပြောင်းပြီး ခြောက်သွေ့ချိန်တွင် ပထမဆုံးအကြိမ် ခူးဆွတ်ကြပါသည်။ ပထမအကြိမ် ခူးဆွတ်ပြီး ၇ ရက်မှ ၁၀ ရက်အကြာတွင် ဒုတိယအကြိမ် ခူးဆွတ်ကြပါသည်။
သိုလှောင်ခြင်း
ခူးဆွတ်ပြီး သီးတောင့်များကို ၂ - ၃ နေလှန်းပြီး နောက် ချွေလှေ့ရမည်ဖြစ်ပါသည်။ မျိုး အဖြစ်ထားမည့် မျိုးစေ့များကို သန့်စင်ပြီး လေလုံပလတ်စတစ် အိတ်များဖြင့် သိုလှောင်ရမည် ဖြစ်ပါသည်။ မျိုးစေ့၏ အစိုဓာတ်ကို ၁၂ ရာခိုင်နှုန်း အထိထားပြီး သိုလှောင်ရမည် ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
- FAO (2005) Improved Grain Legume Production Technology Project. Pulses Training
Mannual TCP/ MYA/ 1066 (A), FAO. Myanmar.
- မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၁၉၉၆)။ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးများ၏
အရည်အချင်း လက္ခဏာများ
- ဒေါက်တာထွန်းဆိုင်၊ (၂၀၁၂)၊ အခြေခံစိုက်ပျိုးရေးပညာ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊
မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့ (စာမျက်နှာ ၆၅-၇၀)
- စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ (၂၀၁၄)။
လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း(သင်တန်းမှတ်စု) (စာမျက်နှာ ၆၅-၇၀)
- စိုက်ပျိုးရေးဦးစီးဌာန၊ လက်ကမ်းစာစောင်(၂၀၁၂)
Continue reading related topics, questions and articles.
Topic 1
ပဲတီစိမ်းစိုက်ပျိုးနည်း
Applicable farm inputs (Ad)
zaw
11 months agoပဲတီစိမ်းစိုက်ရင် ထယ်ရေးပြင်ထွန်ကြောင်းဆွဲပြီးမျိုးစေ့ချ ငုတ်တုံးကြမ်းတုံးကြိတ်တုံးအုပ်ဖုံးပြီး အပင်ပေါက်ရေ သွင်းရသေးလားဗျာ့
Anonymous
3 years agoပြန်ဆွေးနွေး
Myo Mrat Aung
4 years agoသိုလှောင်တဲ့အခါ သိုလှောင်ပိုးတွေမလာအောင် ထည့်သင့်တဲ့ သင့်တော်တဲ့ဆေးနဲ့ ပမာဏကိုသိချင်ပါတယ်။
kaung Lay
4 years agolike
kyawswar
4 years agoကျေးဇူးပါ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026