အိမ်မှာ အလွယ်တကူစိုက်ပျိုးထားသင့်သည့် ဟင်းခတ်အမွှေးအကြိုင် ၅မျိုး
၁။ ပူစီနံပင် (Mint)
နှစ်ရှည်ခံပင် အမျိုးအစားဖြစ်ပြီး ကျန်မာရေးအတွက်ရော ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ သူရဲ့ ထူးခြားတဲ့ အနံ့ကြောင့် တစ်ကမ္ဘာလုံးများ အနှစ်သက်ဆုံးသော အမွှေးရနံ့တစ်ခုဖြစ်တယ်လို့တင်စားကြပါတယ်။ နှင်းဆီပင်လေးတွေနဲ့ တွဲစိုက်ပါက ပိုဖြစ်ထွန်းပါတယ်နော်။
ပူစီနံ တွေထဲမှာ spearmint (တွေ့ရများတဲ့ အပင်)ကိုတော့ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့အသုံးပြုကြပြီး Peppermint (ဆီထုတ်လုပ်) ကိုတော့ ဆေးအဖြစ်အသုံးပြုကြပါတယ်။ သူတို့တွေက အစားစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အပြင် စားသုံးပေးခြင်းဖြင့် အဆစ်ရောင်ရောဂါ၊ အဆစ်အမြစ်နာကျင်ခြင်းတွေကို သက်သာစေပါတယ်။
အရွက်ကို detox အနေနဲ့ရော အခြောက်ကို လက်ဖက်ခြောက်အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။
နေရာဒေသမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမယ်ဆိုပါက
- နေရောင်ခြည်နဲ့ ၁၀၀%ထိတွေ့ခြင်းမဟုတ်ပဲ အရိပ်အနည်းငယ်ရှိရပါမယ်။
- မြေကြီးက မွနေပြီး ရေစီးရေလာကောင်းမွန်ရပါမယ်။
- အပင်မျိုးပွားမယ်ဆိုပါက အပင်အနွယ်မှာ အဆစ်လေးတွေကနေ ထွက်တဲ့ အမြစ်လေးတွေ ပါအောင်စိုက်မှသာ ရှင်သန်လွယ်ပါတယ်။
- ပူပြင်းတဲ့ဒေသဖြစ်ပါက ရေအမြဲရနိုင်တဲ့ နေရာတွင်သာစိုက်သင့်ပါတယ်။
၂။ စပါးလင်(Lemon Grass)
စပါးလင်ကို ကိုယ်စိုင်တဲ့ သီးနှံပင်တွေရဲ့ ဘောင်ဘေးမှာစိုက်ခြင်း ထောင်ချောက်သီးနှံ (trap crop) အနေနဲ့ အရမ်းကောင်းပါတယ်။ သူရဲ့အရွက်မှာက သံပုရာအရသာနဲ့ အနံ့ရှိတာမို့ lemon grass လို့ခေါ်တာဖြစ်ပါတယ်။
သူ့ကိုများသောအားဖြင့် အစာအိမ်အူလမ်းကြောင်းပြသနာတွေ၊ အရေပြားကူးစက်နာတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်အသုံးပြုကြပါတယ်။ ဟင်းတွေထဲမှာလဲ ထည့်ချက်ကြတာများပေးမဲ့ အပင်အစိတ်အပိုင်းအားလုံးကို အခြောက်လှမ်းပြီး Lemon herbal tea အနေနဲ့ သောက်သုံးနိုင်ပါတယ်။
စိုက်မယ်ဆိုပါက...
အလင်ရောင်အပြည့်အဝရတဲ့နေရာရော အရိပ်ရှိတဲ့နေရာမှာပါ စိုက်နိုင်ပါတယ်။ မြေမွတဲ့နေရာမှာ တစ်ပင်နှင့် တစ်ပင် ၃ပေ တစ်တန်းနဲ့ တစ်တန်း ၁၈လက်မ အကွာအဝေးထားပြီး စိုက်နိုင်ပါတယ်။ အပင်က ရေငတ်ခံနိုင်ပြီး အကြိုက်ဆုံးဒေသကတော့ အပူပိုင်းဒေသပဲဖြစ်ပါတယ်။
၃။ ကြက်သွန်ဖြူ (Garlic)
ဟင်းတိုင်းမှာ မပါမဖြစ်တဲ့ ကြက်သွန်ဖြူကိုလဲ စိုက်ထားသင့်ပါတယ်နော်။ သမပိုင်းဒေသတွေမှာ ဆောင်းရာသီသီးနှံအဖြစ်စိုက်ကြပြီး စိုက်ပြီး ၆လကြာမှ ရိတ်သိမ်းရပါတယ်။ ထုံးဓာတ်ပါဝင်တဲ့ မြေကို ကြိုက်နှစ်သက်ပါတယ်။ စိုက်မယ်ဆိုပါက မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖူးတို့နဲ့ တွဲပြီးစိုက်သင့်ပါတယ်။
သူရဲ့အဓိက အာနိသင်ကတော့ ပိုးသတ်တဲ့ အာနိသင်ရှိပါတယ်။ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်နဲ့ ကပ်ပါး အားလုံးကို အားနည်းသွားအောင် လုပ်ပေးနိုင်တဲ့ အာနိသင်ရှိတာပဲဖြစ်ပါတယ်။
စိုက်မယ်ဆိုပါက...
ဆောင်းဦးရာသီမှာ စစိုက်သင့်ပါတယ်။ နေရောင်ခြည်အပြည့်အဝရတာကို နှစ်သက်ပါတယ်။ အပင်ရဲ့အရွက်လေးတွေ ဝါလာရင်တော့ ရိတ်သိမ်းဖို့ မမေ့ပါနဲ့။
၄။ Rosemarryပင်
Rosemarryပင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အခုနောက်ပိုင်း အသုံးပြုကြတာများပါတယ်။
အပင်က ချုံပုတ်ပုံသဏ္ဍာန်ဖြစ်ပြီး အရွက်က အနံ့ရှိတဲ့အပြင် ခရမ်းရောင်ပန်းလေးတွေပွင့်ပါတယ်။ အရွက်က အဖြူရောင်ဘက်သွားပြီး အရွက်အောက်မျက်နှာပြင်မှာ အမွှေးလေးတွေပါဝင်ပါတယ်။သူ့ကို ကိုင်းလေးတွေဖြတ်စိုက်နိုင်ပြီး သဲ၊ နုန်း နဲ့ သဘာဝမြေသြဇာရောပြီး Greenhouse လို အရိပ်လဲရ အလင်းရောင်လဲရတဲ့နေရာမှာစိုက်ပျိုးနိုင်ပါတယ်။ မြေချဥ်ငန်ဓာတ် နဲနဲမြင့်တဲ့ အယ်ကာလိုင်း (alkaline soil) မြေဆိုပါကလဲ စိုက်နိုင်ပါတယ်။
ရှေးခေတ်အယူအဆအရ ဒီအပင်ဟာ လူတွေရဲ့ မှတ်ဉာဏ်ကို လှုံ့ဆော်ပေးတဲ့လို့ဆိုပါတယ်။ အပွင့်ကရတဲ့ဆီကို နာကျင်တဲ့နေရာတွေ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်၊ နောက်ပြီး ကြွက်သားနာကျင်ခြင်း၊ စိတ်ဖိစီးမှုများပြီး အာရုံကြော ထိခိုက်ခြင်း၊ အဆစ်ကိုက်ရောဂါတွေအတွက် အသုံးပြုကြတာတွေလဲရှိကြပါတယ်။
၅။ နံနံပင်အမျိုးမျိုး
နံနံပင်များမှာ ဗမာနံနံ၊ ရှမ်းနံနံ၊ တရုတ်နံနံ စသဖြင့် ရှိကြတယ်ဆိုတာသိပြီးသားဖြစ်မှာပါ။
ဗမာနံနံ ကို ဟင်းလျာများမှာ မပါမဖြစ်ထည့်ချက်ကြသလို တို့စရာအနေနဲ့လဲအသုံးပြုကြပါတယ်။ နံနံပင်မှာ သံဓာတ်များကြွယ်ဝစွာပါဝင်တဲ့အပြင် မျက်လုံးအားကောင်းစေခြင်း၊ အစားအစာများမှပါဝင်သော အဆိပ်အတောက်များအားခြေဖျက်ပေးခြင်း၊ ဦးနှောက်အာရုံကြောများအားကောင်းမွန်စေခြင်း စတဲ့အကျိုးကျေးဇူးများပါတယ်။
နံနံပင်ကို စိုက်မယ်ဆိုပါက...
မျိုးစေ့လေးတွေက မကွဲသေးပါက အရင်ဆုံး ပုလင်းဖင်လေးနဲ့ ကြိတ်ချေပြီး တစ်ရက် နေလှန်းပြီးမှ ကိုယ်ပျိုးမယ် နေရာမှာပျိုးထောင်စိုက်နိုင်ပါတယ်။ သူက အစေ့တိုက်ရိုက်ချတာကိုပဲ နှစ်သက်ပြီး ရွှေ့ပြောင်းစိုက်၍ မရပါ။ အလင်းရောင်ကောင်းစွာရတဲ့နေရာမှာ တစ်နှစ်ပတ်လုံးစိုက်နိုင်ပါတယ်။
Reference
https://www.healthline.com/nutrition/coriander-benefits
Herb and Medicinal plants Growing Guide
Stefan Mager
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Viper
3 years agoဘရိုကိုလီ စိုက်နည်းလေး တင်ပေးပါ
ဝေလင်း
3 years agoခရမ်းစိုက်နည်းလေးတင်ပေးပါဆရာ
bawm
3 years agohi
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မြတ်စုဝေ
See all