အာလူး စိုက်ပျိုးနည်း
၁။ အာလူး မျိုးများ
Up to Date, Kufrijyoti, CIP- 24, Altantic မျိုးများကို လက်ရှိ အများအပြား စိုက်ပျိုးလျက် ရှိသည်။
၁၉၉၅-၉၆ ခုနစ်၊ စိုက်ပျိုးရာသီမှ စတင်၍ အပင်တစ်သျှူး မျိုးပွားနည်းဖြင့် ရရှိသော LKP မျိုး (၄) မျိုး၊ ပါကစ္စတန် အာလူးမျိုး (၇) မျိုး နှင့် နယ်သာလန်မျိုး (၁) မျိုး တင်သွင်း စမ်းသပ် စိုက်ပျိုးခဲ့ပါသည်။
၂။ မြေ အမျိုးအစားနှင့် ရာသီဥတု
မြေနီ၊ နုန်းတင် မြေနု၊ ခဲမြေနက် မြေမျိုးတွင် အာလူး ကောင်းစွာ ဖြစ်ထွန်းသည်။ မြေအချဉ်အငန်ဓာတ် (၅.၅-၆.၅) ရှိသော မြေတွင် အာလူးပင် အကောင်းဆုံး ဖြစ်ထွန်းသည်။ မြေ အချဉ်အငန်ဓာတ် (၄.၀-၅.၅) အထိ ချဉ်သော မြေမျိုးတွင် စိုက်ပျိုး၍ ထွက်ရှိသော အာလူးများမှာ အထားခံပါသည်။
အေး၍ မိုးအသင့်အတင့် ရွာသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် (၄၀-၈၀) လက်မ ရွာသွန်းသည့် ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။
အသင့်တော်ဆုံး အပူချိန်မှယ (၁၆- ၂၇) ဒီဂရီ စင်တီဂရိတ်အတွင်း ကောင်းမွန်စွာ ဖြစ်ထွန်း၍ (၃၀) ဒီဂရီ စင်တီဂရိတ်ထက် ကျော်လျှင် အပင် ကြီးထွားမှု နှေးပြီး အထွက်နှုန်း ထိခိုက်နိုင်ပါသည်။
၃။ မျိုးနှုန်း
မိုး အာလူး (ယာမြေ)- ၆၅၀ ပိဿ
ရေ (အာလူး) - ၆၀၀ ပိဿ
ဆောင်း အာလူး - ၇၀၀ ပိဿ
၄။ မြေသြဇာနှုန်း
တစ်ဧကနှုန်း သဘာဝ မြေသြဇာ- နွားလှည်း - ( ၂၀-၃၀) စီး
ယူရီးယား (၅၀) ကီလိုဝင် - (၂) အိတ်
တီစူပါ (၅၀) ကီလိုဝင် - (၃) အိတ်
ပိုတက်ရှ် (၅၀) ကီလိုဝင် - (၂) အိတ်
၅။ စိုက်ပျိုးချိန်
(က) မိုး အာလူး (မတ်၊ ဧပြီ၊ မေ၊ ဇွန်)
(ခ) ရေ အာလူး (ဇန်နဝါရီ၊ ဖေဖော်ဝါရီ)
(ဂ) စက အာလူး (ဇူလိုင်၊ သြဂုတ်)
(ဃ) ဆောင်း အာလူး (အောက်တိုဘာလ၊ နိုဝင်ဘာ)
၆။ မြေပြုပြင်ခြင်း
ထယ်ရေး (၈) လက်မ အနက်ရရန် ထယ် (၁-၂) စပ် ထိုးပေးရသည်။ ထို့နောက် ထွန် (၆-၈) စပ် အထိ မွွှေပေးပြီး ပေါင်းမြက် ကုန်စင်အောင် ကောက်ရမည်။ နောက်ဆုံး မြေပြင်ပြီး ကြမ်းတုံးရိုက်၍ မြေသိပ်ထားရသည်။
၇။ စိုက်ပျိုးခြင်း
ရှမ်းပြည်နယ်တွင် ရေသွင်း စိုက်ပျိုးခြင်း (ရေအာလူး) နှင့် ကုန်းတွင်း စိုက်ပျိုးခြင်း (မိုးအာလူး) ဟူ၍ စိုက်ပျိုးကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ကျွန်းမြေနှင့် သဲချောင်းများ၌ စိုက်ပျိုးလေ့ ရှိကြသည်။
မျိုးရွေးချယ်ရာတွင် အပုပ်အနာ ကင်းသောမျိုး၊ မျက်စိတိမ်၍ မျက်စိနည်းသောမျိုးကို ရွေးချယ်ရမည်။ အလုံးလိုက်သော်လည်းကောင်း၊ ခွဲစိတ်၍ သော်လည်းကောင်း စိုက်ပျိုးကြသည်။
မျိုးအာလူး (၁၀၀) ကီလိုဂရမ် (၆၂ ပိဿ) ကို ဟိုမိုင်း (Homai 80 WP)- ၀.၂ ကီလိုဂရမ်နှုန်း လူးနယ် စိုက်ပျိုးရပါမည်။ တန်းကြား (၂.၅-၃)ပေ၊ ပင်ကြား (၆-၉) လက်မခြား၍ စိုက်ပျိုးပါ။ တစ်ဧကတွင် (၂၅၀၀၀-၃၅၀၀၀) အပင်ဦးရေ ရရှိရန် စိုက်ပျိုးပါ။ စိုက်ပျိုးချိန်တွင် ယူရီးယား (၁) အိတ်၊ တီစူပါ (၃) အိတ်၊ ပိုတက်ရှ် (၁) အိတ်ကို လည်းကောင်း၊ ကျန်ယူရီးယား (၁) အိတ်နှင့် ပိုတက်ရှ် (၁) အိတ်ကို ရော၍ အပင်ပေါက်ပြီး (၁၅) ရက်နှင့် တစ်လအတွင်း (၂) ကြိမ် ခွဲထည့်ပေးပါ။
၈။ အပင်ပြုစုနည်း
ဟဲဟိုးချိုင့်ဝှမ်းတွင်သာ စိုက်ပျိုးလေ့ရှိသည့် ရေအာလူး (ဆောင်းအာလူး) စိုက်ပျိုးရာတွင် စိုက်ပြီး (၄၅) ရက်သားတွင် (၁) ကြိမ်၊ ရက် (၆၀) သားတွင် (၁) ကြိမ် မဖြစ်မနေ ရေပေးသွင်းရမည်။ ရေမသွင်းမီ ကြားပေါင်းလိုက်ခြင်း၊ ယူရီးယား ဓာတ်မြေသြဇာ ကျွေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်းတို့ကို တစ်ပြိုင်နက် ဆောင်ရွက်ပြီး ဘောင်တင်ပေးရမည်။
ကုန်းအာလူးကို တောင်စောင်း၊ ဆင်ခြေလျှောများတွင် မိုးရေကို အားထား၍ စိုက်ပျိုးသည်။ စိုက်ပြီး (၃၀) ရက်သားတွင် ပေါင်းလိုက်ပေးရမည်။ တစ်လ (၂) ကြိမ်ခန့် ပေါင်းလိုက်ပေးနိုင်လျှင် ပိုကောင်းပါသည်။
ဆောင်းအာလူးကို မြစ်ဝကျွန်းပေါ် ဒေသ မြစ်ကမ်းပါး သောင်ပြင်များတွင် မြစ်ရေကျချိန် နုန်းတင်မြေနုများ၌ စိုက်ပျိုးခြင်း ဖြစ်သည်။ မြေဆီသြဇာ ထက်သန်သဖြင့် ယူရီးယားကို အနည်းငယ်သာ ကြဲပက်ပေးရန် လိုပြီး စိုက်ပြီး (၄၅) ရက်သားတွင် တစ်ကြိမ်၊ ရက် (၆၀) တွင် တစ်ကြိမ် ကြဲပက်ပေးရမည်။ ရေသွင်းခြင်း လုပ်ငန်း လုံးဝ ဆောင်ရွက်ရန် မလိုပါ။
၉။ ပိုးမွှားရောဂါ ကာကွယ်ခြင်း
အဓိကကျသော ပိုးမှာ ပင်ဖြတ်ပိုး (cut worm) နှင့် နှစ်ဆယ့်ရှစ်ပြောက်ကျိုင်း (28 spotted beetle) တို့ဖြစ်ပြီး၊ အာလူး သိုလှောင်ထားစဉ် အာလူးဥထိုးဖလံ (Tuber Moth) ကျရောက် ဖျက်ဆီးပါသည်။ ပင်ဖြတ်ပိုး ကာကွယ်ရန် ရီးဂျင့်( Regent 3 G)ကို တစ်ဧက (၃) ကီလိုခန့် (သို့) ဒိုင်ယာဇီနွန် (10G) (သို့) ဘာဆူဒင်ဆေး တစ်ဧကဆေး တစ်ဧကလျှင် (၃-၄) ကီလို (သို့) ဖျူရာဒန် (Furadan 3G) တစ်ဧက (၅) ကီလိုခန့် မစိုက်ခင် မြေကြီးထဲသို့ ထည့်သွင်း စိုက်ပျိုးပါ။ နှစ်ဆယ့် ရှစ်ပြောက်ကျိုင်းကို ကာကွယ်ရန် ဒီစစ်၊ ဒိုင်ယာဇီနွန်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပါ။ အဓိကကျသော ရောဂါများမှာ အာလူးနှောင်းပင်နာကျနှင့် စောပင်နာကျ ရောဂါတို့ဖြစ်ပြီး ရီဒိုမေးလ်၊ ဒက်ကိုနေးလ်၊ ဒိုင်သိမ်း (အမ်) ၄၅ မှိုသတ်ဆေးများဖြင့် ကာကွယ် နှိမ်နင်းပါ။
၁၀။ တူးဖော်ခြင်း
စိုက်ပြီး (၃-၄) လအတွင်း အပင်များ ခြောက်သွေ့လာချိန်တွင် တူးဖော်ရသည်။ ပေါက်ပြားဖြင့် လည်းကောင်း၊ ကြောင်းလိုက် ထယ်ထိုး၍ လည်းကောင်း တူးပြီး လက်ဖြင့် ကောက်ယူရသည်။
၁၁။ အထွက်နှုန်း
မျိုးပေါ် မူတည်၍ အထွက်နှုန်းမှာ မျိုးနှုန်း ပမာဏ၏ (၅-၁၀) အထိ ထွက်ရှိနိုင်သဖြင့် အထွက် ပိဿ (၃၀၀၀-၇၀၀၀) ထိ ထွက်ရှိနိုင်ပါသည်။
ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန
Continue reading related topics, questions and articles.
Topic 1
အာလူးစိုက်ပျိုးနည်း
Sai zin lin
2 years agoမြေစေးလယ်တေမာစိုက်လို့ရပါလားဗျ ဆောင်းအာလူးကို
ကျော်ကျော်ဖြိုး
2 years agoအိမ်မှာ အာလူးတွေထားတာကြာသွားလို့ အညှောင့်ပေါက်လာတာကို ဘယ်လိုစိုက်လို့ရမလဲ ဥလိုက် စိုက်ရတာလား ပြောပြပေးပါအုံး ဆရာတို့
ဇူးဝေစိုး
4 years agoသိချင်ပါတယ်
ဇူးဝေစိုး
4 years agoသိချင်ပါတယ်
kophyo
4 years agoရွှေဘိုဘက်ကပါ အာလူး စိုက်ချင်လို့ပါ ဘယ်လိုစိုက်ရလဲ?
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စိုက်ပျိုးရေးဦးစီးဌာန
See all
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020