စားတော်ပဲစိုက်ပျိုးနည်း
စားတော်ပဲကို ကမ္ဘာတစ်ဝန်းလုံးတွင်စားသုံးကြပြီး တိရစ္ဆာန်အစာအဖြစ်လည်း အများဆုံးအသုံးပြုကြပါသည်။ များသောအားဖြင့် လူတွေသည် ခန္ဓာကိုယ်အလေးချိန်ထိန်းရာတွင် စားတော်ပဲကိုအများဆုံးအသုံးပြုကြသည်။ စားတော်ပဲတွင် အမိုင်နိုအက်စစ် (amino acid)၊ လိုင်စင်း (lysine)၊ ထရိုင်တိုဖန် (tryptophan) ဓာတ်များပါဝင်မှုသည် နှံစားသီးနှံတွေထက်မြင့်မားသည်။ ပရိုတင်းပါဝင်မှု ၂၁မှ ၂၅ ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒိုက် ပါဝင်မှုမြင့်မားပြီး အမျှင်ဓာတ်ပါဝင်မှု နည်းကာ အစာကျေလွယ်သော အာဟာရဓာတ်များအားလုံးပေါင်း ၈၆ မှ ၈၇ ရာခိုင်နှုန်းအထိပါဝင်သည်။ ထို့ကြောင့် တိရစ္ဆာန်အစာအတွက်လည်း အလွန်အသုံးဝင်သည်။ သုတေသနတွေအရ ဝက်၊ အသားစားနွား၊ နို့စားနွား နှင့် ကြက် တို့အတွက် ပရိုတင်းဓာတ်များများထောက်ပံ့ပေးနိုင်သည်ဟု လေ့လာသိရှိရပါသည်။ စားတော်ပဲပင်များကို မြေဖုံးသီးနှံပင်အဖြစ်လည်းစိုက်ပျိုးကြသည်။ သစ်ရွက်စိမ်းမြေသြဇာအပင်အဖြစ်စိုက်ပျိုးနိုင်ပြီး ရေငွေ့ပျံခြင်း၊ ပင်ငွေ့ပျံခြင်းမျာ၊ မြေဆီလွှာတိုက်စားခြင်းများကို လျော့နည်းစေပါသည်။
စိုက်ပျိုးခြင်း
စားတော်ပဲသည် တစ်ရာသီသီးနှံဖြစ်သည်။ မြေအမျိုးအစားအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး မစေးလွန်း မဖွယ်လွန်းသောမြေတွင် ကောင်းစွာဖြစ်ထွန်းသည်။ နှစ်ရှည်ပေါင်းပင်များပေါက်ရောက်တတ်သောမြေတွင် စိုက်ပျိုး၍မကောင်းပါ။ နှံစားသီးနှံများ၏ အစိုဓာတ်လိုအပ်မှုနှင့်တူညီပြီး ဆားပေါက်ဒဏ်၊ ရေလွှမ်းဒဏ်ကိုခံနိုင်ရည်မရှိပါ။ စားတော်ပဲသည် ကောင်းစွာမထွန်ယက်ထားသောမြေတွင်လည်း ဖြစ်ထွန်းသည်။ ဆောင်းဦးတွင်စိုက်ပျိုးမည်ဆိုပါက ပျိုးဘောင်များ ခြောက်သွေ့တာမျိုးမဖြစ်စေရန် မြေအလွန်အကျွံ ထွန်ယက်ခြင်းကို မပြုလုပ်သင့်ပါ။ အညှောင့်ဖောက်ရာတွင် နှံစားသီးနှံတွေထက် အစိုဓာတ်ပိုမိုလိုအပ်ပါသည်။ တန်းကြား ၆-၁၂ လက်မဖြင့် စိုက်ပျိုးနိုင်သည်။
စားတော်ပဲသည် နိုက်ထရိုဂျင်ပမာဏကို လေထုထဲကသော်လည်းကောင်း မြေကြီးထဲတွင်ရှိသော အကျိုးပြုဘက်တီးရီးယားများမှသော်လည်းကောင်း ဖမ်းယူနိုင်စွမ်းရှိသည်။ ပဲများတွင် နိုက်ထရိုဂျင်လိုအပ်မှုပမာဏသည် နိုက်ထရိုဂျင်ဖမ်းယူနိုင်တဲ့ပေါ်မှာ အမျိုးမျိုးကွဲပြားပါသည်။ ပင်ပိုင်းကြီးထွားမှုနောက်ပိုင်းနှင့် မျိုးပွားပိုင်းအစောပိုင်းအဆင့်တွင် အပူချိန်မြင့်မားပြီး မြေကြီးခြောက်သွေ့နေပါက နိုက်ထရိုဂျင်ဖမ်းယူနိုင်မှုတွင် ထိခိုက်နိုင်သည်။ စတော်ပဲသည် နိုက်ထရိုဂျင်ဖမ်းယူမှုကောင်းသောသီးနှံဖြစ်ပြီး ကြီးထွားမှုကောင်းသောအခြေအနေတွင် နိုက်ထရိုဂျင်လိုအပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ဖမ်းယူခြင်းဖြင့် ရရှိသည်။
စားတော်ပဲမျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေသြဇာဖြင့်လူးနယ်စိုက်ပျိုးဖို့လိုအပ်ပါသည်။ မျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေသြဇာလူးနယ်ခြင်းသည် အရေးကြီးသည်။ လူးနယ်စိုက်ပျိုးရာ၌ နည်းလမ်းမမှန်လျှင်လည်း နိုက်ထရိုဂျင်ဓာတ်ဖမ်းယူရရှိနိုင်မှု ကျဆင်းတတ်သည်။ လုပ်ငန်းစဉ်အောင်မြင်မမြင်ကို အပင်ပေါက်ပြီး နှစ်ပတ်၊ လေးပတ်တွင် အပင်အချို့ကို သေချာစွာဆွဲနုတ်၍ အမြစ်များတွင် မြစ်ဖုလေးများရှိမရှိစစ်ဆေးနိုင်ပါသည်။ ပန်းရောင် (သို့) အနီရောင်မြစ်ဖုလေးများတွယ်ကပ်နေပါက အောင်မြင်ပါသည်။ အကယ်၍ လူးနယ်စိုက်ပျိုးမှုမအောင်မြင်ခဲ့ပါက နိုက်ထရိုဂျင်ဓာတ်မြေသြဇာကျွေးပေးဖို့လိုပါမည်။
စိုက်ချိန်
ရှမ်းပြည်နှင့်အေးသောဒေသများတွင် ဧပြီနှင့် မေလဝက်ကြားတွင်စိုက်ပျိုးကြသည်။ မြေပြန့်ဒေသများတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင်စိုက်ပျိုးသည်။ စိုက်ပျိုးပြီး ရက် ၄၀-၅၀ တွင်ပန်းစတင်ပွင့်သည်။ ကြီးထွားမှုအလေ့အထနှင့် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပန်းပွင့်ချိန် ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်သည်။ မေလဝက်နောက်ပိုင်းတွင် မစိုက်ပျိုးသင့်ပါ။ နောက်ကျမှစိုက်ပျိုးပါက ပန်းပွင့်ချိန်နောက်ကျသွားပြီး မှိုရောဂါများဝင်ရောက်နိုင်သဖြင့် အထွက်နှုန်းများလျော့နည်းနိုင်ပါသည်။ စိုက်ချိန်မှန်အောင်ဂရုစိုက်သင့်ပါသည်။
မျိုးစေ့နှုန်းထား
တစ်ဧကစိုက်ပျိုးရန် စားတော်ပဲမျိုးစေ့ ၆ပြည်မှ ၈ပြည်လိုအပ်သည်။ မျိုးစေ့ချရာတွင် မြေအနက် ၂ လက်မချ၍ စိုက်ပျိုးနိုင်သည်။ စားတော်ပဲများတွင် ပင်ညှိုးရောဂါ၊ အမြစ်ပုပ်ရောဂါနှင့် ပျိုးပင်ပေါက်အရွယ်တွင် ခါးရိရောဂါများဖြစ်ပွားတတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေးဖြင့် လူးနယ်ပြီးမှ မျိုးညှောင့်ဖောက်သင့်သည်။
မြေသြဇာကျွေးခြင်း
မြေသြဇာလိုအပ်မှုပေါ်မူတည်ပြီး နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ် မြေသြဇာများကိုကျွေးပေးနိုင်သည်။ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို လိုအပ်မှုအလိုက် အပင်ပေါက်ခါစတွင် ကျွေးပေးရမည်။ နိုက်ထရိုဂျင်ဓတ်အလွန်အကျွံသုံးခြင်းကို ရှောင်ရှားပါ။ တစ်ဧကတွင် နိုက်ထရိုဂျင် ၄၃ ပေါင်၊ ဖော့စဖောရပ် ၁၀၈ ပေါင်နှုန်းခန့်ကျွေးပါက ပဲအထွက်နှုန်းကောင်းပါသည်။
ပေါင်းနှိမ်နင်းခြင်း
စားတော်ပဲခင်းများတွင် ပေါင်းပေါက်ရောက်ခြင်းကိုထိထိရောက်ရောက်နှိမ်နင်းဖို့လိုပါသည်။ အပင်ကြီးထွားပိုင်းအဆင့်တွင် ပေါင်းရှင်းပေးဖို့လိုအပ်ပြီး နောက်ပိုင်းလိုအပ်သလို ကြားလိုက် ပေါင်းသင်ပေးရပါမည်။ ပေါင်းများကို စိုက်ပျိုးနည်းစနစ်၊ ဘက်စုံပေါင်းနှိမ်နင်းခြင်းစနစ်များဖြင့် နှိမ်နင်းပေးပါ။
ရောဂါပိုးမွှားများ
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရောဂါများကိုထိန်းချုပ်နိုင်သည်။ လေးနှစ်စိုက်ပျိုးပြီး မျိုးစိတ်မတူသော သီးနှံများသီးလှည့်စိုက်ပျိုးပေးခြင်းဖြင့် ရောဂါများကို ထိန်းချုပ်ကာကွယ်နိုင်သည်။
ရောဂါများအနေဖြင့်
ရွက်ခြောက်ရောဂါ၊ အမြစ်ပုပ်ရောဂါ၊ ပင်စည်ပုပ်ရောဂါ၊ ဖားဥမှိုရောဂါများ ကျရောက်တတ်သည်။
ပိုးများမှာ
လှေးပိုး၊ ပဲဂျပိုး၊ ဖြုတ်စိမ်းများကျရောက်တတ်သည်။
ရိတ်သိမ်းခြင်း
အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းဖို့အတွက်သည် ရိတ်သိမ်းစနစ်တွင်လည်း မူတည်ပါသေးသည်။ စားတော်ပဲများကို ရိတ်သိမ်းရာတွင် အသီးတောင့်ထိပ်ပိုင်းစိမ်းနေပြီး အလယ်လောက်တွင် ဝါနေပြီဆိုပါက စတင်ရိတ်သိမ်းနိုင်သည်။ အခြောက်ခံရာတွင် အစေ့အစိုဓာတ် ၂၅-၃၀ ရာခိုင်နှုန်းသည် အကောင်းဆုံးဖြစ်သည့်အတွက် အစိုဓာတ် ၁၈-၂၀ ရှိချိန်တွင် စတင်ရိတ်သိမ်းပြီး အခြောက်ခံဖို့ပုံထားသင့်သည်။ ရိတ်သိမ်းသည့်အခါတွင် ပေါင်းမြက်များမပါဖို့သတိပြုရပါမည်။ အားလုံးရင့်မှည့်ပြီးခြောက်မှရိတ်သိမ်းလျှင် အလေ့အလွှင့်များနိုင်သည့်အတွက် သီးတောင့်အစိမ်းရောင်မှ အဝါရောင်ပြောင်းစတွင် ရိတ်သိမ်းပြီး စုပုံ၍နေလှန်းထားသင့်သည်။ မနက်စောစောပိုင်းနှင့်ညနေပိုင်းများတွင် ရိတ်သိမ်းနိုင်သည်။ ထိုအချိန်များတွင်ရိတ်သိမ်းပါက အစိုဓာတ်များရှိနေသောကြောင့် ကြွေဖို့ရာခိုင်နှုန်းနည်းစေပါသည်။
Source- https://www.ag.ndsu.edu/publications/crops/field-pea-production
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သင်းဖေ
1 year agoမျိုးကွဲ တွေအကြောင်းသိချင်ပါတယ်ဗျ
Julian Htoo
2 years agoစားတော်ပဲမျိုးတွေက ဘာကွာတာလဲ ကျွန်း ၊ ကနေဒါ
san. oo
4 years agoရောဂါလက္ခဏာ
san. oo
4 years agoသံုးစွဲသင့်သည့်ဆေးအမည်
san. oo
4 years agoသံချေးရောဂါ ထည့်ဦးဗျို့
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကျော့နန္ဒာစိုး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....