Green Way
ဆလပ်ပင် အကြောင်း သိကောင်းစရာ နှင့် ဆလပ်ပင် စိုက်ပျိုးနည်းစနစ်များ

ဆလပ်ပင် အကြောင်း သိကောင်းစရာ နှင့် ဆလပ်ပင် စိုက်ပျိုးနည်းစနစ်များ

၁။ မူရင်းဒေသ
ဆလပ်၏ မူရင်းဒေသသည် အာရှမိုင်းနား၊ အီရန်နှင့် တူရကီနိုင်ငံတို့ဖြစ်သည်။
၂။စိုက်ပျိုးသည့်ဒေသ
ကမ္ဘာအနှံ့အပြား စိုက်ပျိုးသည်။ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့သည် ဆလပ်ကို နှစ်ခြိုက်စွာ စားသုံးကြ သည်။ မြန်မာနိုင်ငံတွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။

၃။ အမျိုးအစား
မြန်မာအမည် - ဆလပ်
အင်္ဂလိပ်အမည် - Lecttuce
ရုက္ခဗေဒအမည် - Lactuce sativa
မျိုးရင်းအမည် - Composite

ဆလပ်အမျိုးအစား (၄) မျိုးရှိပါသည်။
- Head type, Capitata
- Cutting or leaf type, Crispa
- Cos of romaine type, longifolia
- Asparagus or stem lettuce type, Asparagina

စီးပွားဖြစ်အများဆုံး စိုက်ပျိုးသော မျိုးများမှာ-
- The Crisphead
- The butterhead
- The cos or romaine
- The leaf or bunching
- The stem

မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကဲ့သို့ အထုပ်မျိုးနှင့် ရွက်ပြန့်မျိုးဟူ၍ နှစ်မျိုး စိုက်ပျိုးကြသည်။ အရွက်အရောင်အား ဖြင့် အစိမ်းရောင်နှင့် အနီရောင် ဟူ၍ နှစ်မျိုးရှိသည်။

ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမှာ သဲနုန်း သို့မဟုတ် နုန်းမြေတွင် နွားချေးမြေဆွေး နိုင်နိုင်ချပေးခြင်းဖြစ်သည်။ ရေမဝပ်သော ခဲမြေတွင်လည်း စိုက်ပျိုးရန်သင့်တော်သည်။ စောစောထွက်လိုက သဲနုန်းမြေတွင် စိုက်ရမည်။ အချဉ်ဓာတ်များသော မြေတွင် ကောင်းစွာ မဖြစ်ထွန်းချေ။ PH (၅-၆.၅) အတွင်းရှိ မြေများတွင် စိုက်ပျိုးသောအခါ မြေချဉ်ငန်ဓာတ် လျော့လာသည်နှင့် အထွက်တိုးလာသည်ကို တွေ့ရမည်။ ဆလပ် စိုက်ပျိုးမည့် မြေသည် အစိုဓာတ်ကောင်းစွာထိန်းနိုင်ရန် အရေးကြီးသော်လည်း ရေမဝပ်စေရပါ။

တစ်လတွင် ပျှမ်းမျှ အပူချိန် (၁၂ - ၁၅) ဒီဂရီစင်တီဂရိတ် အတွင်းရှိသော ရာသီတွင် စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်သည်။ ပူအိုက်သောရာသီတွင် စိုက်ပျိုးက ပွင့်တံအထွက်စောပြီး ပင်ပိုင်းကြီးထွားမှု အချိန်တိုတောင်း၍ အပင်ကိုငယ်စေသည်။ အရွက်၏ အရသာကိုလည်း ခါးသက်သက်ဖြစ်စေ၍ ရွက်ဖျားခြောက်ပြီး ပုပ်ခြင်းတို့ကို ဖြစ်စေတတ်သည်။ မြေအပူချိန် (၃၀) ဒီဂရီစင်တီဂရိတ် အထက်ရှိပါက ဆလပ်စေ့သည် အကောင်းဆုံး မပေါက် တော့ချေ။

၅။ ပျိုးထောင်ခြင်း
ဆလပ်ကို အချို့က ပျိုးထောင်စိုက်ပျိုးကြ၍ အချို့က တိုက်ရိုက်စိုက်ပျိုးကြသည်။ အထူးသဖြင့် ရွက်ပြန့်မျိုးကို တိုက်ရိုက်စိုက်ပျိုးကြသည်။ ရာသီပေါ်မူတည်၍ ကွာခြားသည်။ ဩဂုတ်၊ စက်တင်ဘာလများတွင် တိုက်ရိုက်စိုက် နိုင်ပြီး အောက်တိုဘာ၊ နိုဝင်ဘာလသို့ ရောက်သောအခါ ပျိုးထောင်၍ စိုက်ပျိုးနိုင်သည်။

ဆလပ်ကို ပျိုးထောင်က အများအားဖြင့် ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ ပေါ်ယံ မြေဖြူးပေးပြီး ကောက်ရိုးပါးပါးနှင့် အုပ်ပေးပါ။ အပင်လေးများပေါက်လာပါက ကောက်ရိုးကို ဖယ်ရှားပေးရမည်။ အစိုဓာတ် မပြတ်စေရန် နေ့စဉ် ရေမှန်မှန်လောင်းပေးပြီး စိုက်ခင်းတွင် ပြောင်း၍ စိုက်ချိန်၌ ရာသီဒဏ်ခံနိုင်၍ ပျိုးပင် ကလေးများကို တစ်ပတ်အလိုတွင် မကြာခဏ ရေဖြတ်ပေးရမည်။

၆။ မျိုးစေ့နှုန်းထား
တစ်ဧကမျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်မည်။
မြေဩဇာနှုန်းထား တစ်ဧကအတွက်-
နွားချေး - ၁၀-၁၅ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
စိုက်ချိန်တွင် ယူရီးယား (၂၂၄) ပေါင်ကို ထည့်ပေးပါ။

၈။ မြေပြုပြင်ခြင်း
ဆလပ်မျိုးစေ့သည် သေးငယ်သောကြောင့် သမန်းမညက်တညက်ကို တိုက်ရိုက်စိုက်ပျိုးသောအခါ မြေစာခဲများ အကြားတွင် အစေ့များကျ၍ ပိနေလျှင် အပင်မပေါက်နိုင်ပါ။
တန်းဆွဲမျိုးစေ့ချရာ၌လည်း ခက်ခဲသည်။ ထို့ကြောင့် မြေကိုထွန်ရေးညက်အောင်ထွန်ရမည်။ သို့မှသာ အစိုဓာတ်လည်းကောင်းမွန်စွာ ထိန်းထားနိုင်မည်။ ရေသွင်းစိုက်ပျိုးလျှင် ဘောင်နိမ့်များ အရှည်လိုက် ပြုလုပ်ပြီး ဘောင် တစ်ခုနှင့် တစ်ခုကြားတွင် ရေသွင်းမြောင်းအဖြစ် ပြုလုပ်ရမည်။ ဘောင်၏ အကျယ်မှာ (၁၈.၂၀) လက္မခန့်ရှိ ဘောင်တစ်ခုလျှင် (၂) တန်းစိုက်ပျိုးပါသည်။ မိုးတွင်းစိုက်က ရေမဝပ်စေရန် ၎င်းထက်မြင့်သော ဘောင်ပြုလုပ်ပေးရမည်။

၉။ စိုက်ပျိုးခြင်း
ညီညာသော ဘောင်များပြုလုပ်ပြီးသောအခါ ဘောင်တစ်ခုတွင် (၁၆ - ၁၈) လက်မခြားပြီး စိုက်တန်းကို လက်ချောင်းဖြင့် အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပါ။ ၎င်းစိုက်ကြောင်းထဲသို့ မျိုးစေ့ကို ပါးပါးချပြီး မြေဖို့၍ လက်ဖြင့် အသာအယာ ဖိပေးပါ။

အပင်ကလေးများ ပေါက်လာသောအခါ တစ်ပင်နှင့်တစ်ပင် (၁) လက္မခန့်ခွာ၍ ညှပ်နေသော အပင်ကလေးများကို နှုတ်ပစ်ရပါမည်။ ထို့နောက် (၁၀) ရက်ခန့် ကြာသောအခါ ဆက်လက်၍ အပင်များ ကြပ်လာသောအခါတိုင်း တစ်ပင်ခြားစီ နှုတ်ပေးခြင်းဖြင့် ရရှိလာသော အပင်များကို ရောင်းချနိုင်သည်။

ပျိုးထောင်၍ စိုက်ပျိုးပါက ပျိုးသက် (၆ - ၈) ပတ်သားကို စိုက်သော ဘောင်ပေါ်သို့တင်၍ စိုက်သည်။ တစ်ပင်နှင့် တစ်ပင် (၁) ပေ နှင့် (၁.၅) ပေခြား၍ ညနေပိုင်း နေအေးချိန်တွင် စိုက်ပျိုးသည်။

၁၀။ အပင်ပြုစုခြင်း
ဆလပ်စိုက်ပျိုးရာ၌ ပေါင်းနိုင်ရန် အရေးကြီးသည်။ ဆလပ်ပင်သည် အထနှေးသောကြောင့် ပေါင်မြက်တို့နှင့် မယှဉ်ပြိုင်နိုင်ပေ။ အမြစ်သည် မြေအပေါ်ယံ၌သာ ရှိသောကြောင့် ပေါင်းလိုက်ရာ၌ အမြစ်မထိခိုက်စေရန် အရေးကြီးသည်။ စိုက်ပြီး (၁) လ အကြာတွင် ဒုတိယအကြိမ် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ထည့်ပေးရမည်။

၁၁။ ရေသွင်းခြင်း
ဆလပ်ပင်သည် အစိုဓါတ်ကို နှစ်သက်သဖြင့် ရေကို ဖောဖောသီသီလောင်းပေးရန်လိုသည်။ ရေသွင်းစိုက်ပျိုးရာ၌ ရေဝပ်အောင် များစွာမသွင်းရပါ။ အစိုဓါတ်များနေလျှင် အမြစ်ပုပ်တတ်သည်။

၁၂။ ရိတ်သိမ်းခြင်း
ဆလပ်အထုပ်မျိုးကို ရောင်းချရန်အတွက် စိုက်ပျိုးပါက အထုပ်အရွယ်ရောက်ပြီး တင်းလာသော အချိန်တွင် ဆွတ်ခူးနိုင်သည်။ အကယ်၍ အိမ်သုံးအတွက် စိုက်ပျိုးပါက စတင်ထုတ်သည့်အချိန်မှစ၍ ဆွတ်ခူးနိုင်သည်။ သို့မဟုတ် မထုပ်မီ အရွက်များကို ခူးစားနိုင်သည်။ ရွက်ပြန့်မျိုးကို ရိတ်သိမ်းရာ၌ အပင်မှုန်းချိန်တွင် စတင် ဆွတ်ခူးသည်။ အပင်သက်တမ်းတစ်ဝက်ရောက်က စတင်ရောင်းချနိုင်ပြီဖြစ်၍ အပင်မှုန်းရာ၍ အကြီးဆုံး အပင်များကိုသာ ရွေးချယ်၍ ရောင်းချရမည်။ ဆလပ်များ လှိုင်လှိုင်မပေါ်မီ ဈေးကောင်းရစေနိုင်ပါသည်။

ဆလပ်ပေါ်တွင် မိုးရေများ၊ နှင်းများရှိနေလျှင် ဆွတ်ခူးရန် မသင့်သေးပေ။ ဆလပ်ရွက်များ ရေစိုနေပါက ကြွတ်ကြွတ်ဆတ်ဆတ်ဖြစ်ခြင်းကြောင့် ကိုင်တွယ်ရာ၌ ကျိုးပဲ့လွယ်သည်။ ဆလပ်ပင်၏ အောက်ပိုင်းအရွက်များ ရောဂါကျနေက ဖယ်ရှားပစ်ရန်လိုသည်။ သို့မဟုတ် ပါကအခြားအပင်များသို့ ရောဂါပြန့်ပွားတတ်သည်။

၁၃။ သိုလှောင်ခြင်း
ဆလပ်သည် သိုလှောင်သော သီးနှံမဟုတ်ချေ။ သို့ရာတွင် အချို့နိုင်ငံများမှာ ဆလပ်လှိုင်လှိုင်ပေါ်ပြီးနောက် ရုတ်တရက် ရှားသွားတတ်သဖြင့် ဈေးကောင်းကိုချိန်၍ သိုလှောင်တတ်ကြသည်။ ဆလပ်ကို ရေခဲမှတ်အပူချိန် (၃၂) ဒီဂရီဖာရင်ဟိုက်တွင် (၃ - ၄) ပတ်ကြာသိုလှောင်နိုင်သည်။

စိုက်ပျိုးရေးဦးစီးဌာန

ရဲထိုက်

ရဲထိုက်

2 years ago

ကျေးဇူး

Min Hein paing

Min Hein paing

3 years ago

ထုတ်ဝးေသည့်ခုနစ်

yemintun

yemintun

4 years ago

thanks

You

Related articles

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?

Green Way Agtech • 1 answers

မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing

Green Way • 1 answers

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

TunLin • 3 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 1 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....