မြန်မာနိုင်ငံတွင် တရား၀င်စိုက်ပျိုးနိုင်ရန်လုပ်ဆောင်နေသော စက်မှုလျှော်အကြောင်း
စက်မှုလျှော်
သိပ္ပံအမည် - Cannabis sativa L.
စက်မှုလျှော်အပင်အမျိုးအစားက နေရာဒေသေတော်တော်များများစိုက်ပျိုးနိုင်သော အပင်အမျိုးအစားဖြစ်ပါတယ်။ စက်မှုလျှော်ပင်ကို ချည်မျှင်၊ အစေ့ နှင့် အစေ့ကိုကြိတ်ပြီ ဆီ အစရှိသည်တို့ကို ထုတ်လုပ်ရန်ရန်အတွက် စိုက်ပျိုးကြပါတယ်။
စက်မှုလျှော်အများဆုံးထုတ်လုပ်သေား ထိပ်တန်းခြောက်နိုင်ငံ
၁။တရုတ်
၂။ကနေဒါ
၃။အမေရိကန်
၄။ပြင်သစ်
၅။ချီလီ
၆။မြောက်ကိုရီးယား
စတဲ့ နိုင်ငံများဖြစ်ပါတယ်။
တရုတ်နိုင်ငံသည် စက်မှုလျှော်ကို တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၇၀% နီးပါးစိုက်ပျိုးကြပါတယ်။ မှတ်တမ်းများအရ တရုတ်နိုင်ငံမှာ စက်မှုလျှော်စိုက်ပျိုးထုတ်လုပ် ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာနီးပါးတည်းကဟု သိရှိရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံမှာ စက်မှုလျှော်စိုက်ပျိုးထာတ်လုပ်ခြင်းကို လုပ်ဆောင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသရှိ လူများ အစာငတ်ပြတ်ခြင်းဒဏ်ကို ကူညီကာကွယ်ပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
စက်မှုလျော်ကိုမြန်မာနိုင်ငံရဲ့ ဥပဒေကြောင့်စိုက်ပျိုးထုတ်လုပ်ရန် မဖြစ်နိုင်သေးပေမယ့် တရား၀င်စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်နေကြတယ်လို့လည်းသိရပါတယ်။
စက်မှုလျှော်စိုက်ပျိုးထုတ်လုပ်ခြင်း
မြေအမျိုးအစား
စက်မှုလျှော်ပင်အမျိုးအစားသည် မြေတော်တော်များများတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ သို့သော် စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ မြေချဉ်ငံဓာတ် ၆နှင့်အထက် ရှိပြီး လေ၀င်လေထွက်ကောင်းသောမြေဖြစ်ရပါမယ်။ နောက်ပြီး အစိုဓာတ်ကောင်းကောင်းရပြီး အာဟာရဓာတ်များကို ထိန်းသိမ်းနိုင်စွမ်းအားကောင်းသောမြေဆိုလျှင်ပို၍ စိုက်ပျိုးနိုင်ပါတယ်။ စက်မှုလျှော်ပင်က ရေ၀ပ်ခြင်းပြဿနာ၊ မြေကျပ်ခြင်းတို့ဖြစ်လျှင် ထုတ်လုပ်မှု၊ အထွက်နှုန်းတို့ကို ထိခိုက်နိုင်ပါတယ်။
စိုက်ပျိုးရန်မြေပြင်ခြင်း
ပထမဆုံးမျိုးစေ့စိုက်ပျိုးရန်အတွက် မှုန်ညက်သော ထယ်ရေးကောင်းသော ပျိုးဘောင်လိုအပ်ပါတယ်။
မျိုးစေ့ကိုအနက် နှစ်လက်မ ထက်ပိုပြီး မြှုပ်ပိသော်လည်းကောင်း၊ ထယ်ရေးမကောင်းသောလည်းကောင်း စသည်တို့ကြောင့် ပျိုးပင်တစ်ညီတစ်ညာတည်း ရရှိရန် မဖြစ်နိုင်သဖြင့် စိုက်ပျိုးချိန်မှာ အဆင်မပြေဖြစ်တတ်ပါတယ်။
မျိုးစေ့စိုက်ပျိုးရန်အချိန်
စက်မှုလျှော်စိုက်ပျိုးရန် ပျိုးသောအချိန်တွင် တောင်သူများလုပ်လေ့ရှိသော ပြက္ခဒိန်မှ ဘယ်ရက် စိုက်ပျိုးမည်ဆိုတာထက် ရာသီဥတုနှင့် မြေအခြေအနေကိုလိုက်၍ စိုက်ပျိုးသင့်ပါတယ်။
မျိုးစေ့ကို မြေအပူချိန် ၆-၈ဒီဂရီ စင်တီဂရိတ်နှင့်အောက်ရှိနေလျှင် မစိုက်ပျိုးသင့်ပါ။ စက်မှုလျှော်စိုက်ပျိုးခြင်းမှာ ချည်မျှင်ထုတ်လုပ်မှု အတွက်ဆိုလျှင် စောစောစိုက်သင့်ပြီး အစေ့ထုတ်လုပ်ရန်အတွက်ဆိုလျှင် အပင်အရပ် (ပင်ပိုင်းကြီးထွားမှု)ကိုလျော့ချရန်အတွက် နောက်ကျပြီးစိုက်ပျိုးသင့်ပါတယ်။
ပျိုးခြံ ပိုင်ရှင်အနေဖြင့် ပျိုးပင်များကိုရောင်းချမည်ဆိုပါက ပျိုးဗန်းများဖြင့်စနစ်တကျစိုက်ပျိုးပြီး ရောင်းချနိုင်ပါတယ်။
စက်မှုလျှော်စိုက်ပျိုးရာမှာလိုအပ်သော အာဟာရဓာတ်အကြောင်း
ပျိုးပင်များကို ကွင်းထဲသို့ရွှေ့ပြောင်းစိုက်ပျိုး ပြီး ပထမ ၆ ပတ်မှ ၈ပတ်အတွင်း နိုင်ထရိုဂျင်ကိုစနစ်တကျကျွေးရပါမယ်။ ပန်းပွင့်ချိန်နှင့်အစေ့တည်ချိန်မှာ ပိုတက်စီယမ်နှင့် ဖော့စ်ဖရပ် လိုအပ်ပါတယ်။ စက်မှုလျှော်စိုက်ပျိုးထာတ်လုပ်ခြင်းတစ်ဧက အတွက် နိုက်ထရိုဂျင် ၁၀၀ပေါင် ၊ ပိုတက်စီယမ် ၅၂မှ ၇၀ပေါင်၊ ဖော့စ်ဖရပ် ၃၅မှ၅၀ပေါင် လိုအပ်ပါတယ်။ စက်မှုလျှော်စိုက်ပျိုးထုတ်လုပ်ရာမှာ ကောင်းသောအချက်မှာ ပေါင်းအတွက်စိတ်ပူစရာမလိုအပ်ပါဘူး။ ဓာတုပေါင်းစတ်ဆေးများသုံးရန်မလိုအပ်ပါ။
ရိတ်သိမ်းခြင်း
အရည်အသွေးကောင်းမွန်သော ချည်မျှင်ရရှိရန်အတွက် စက်မှုလျှော်ရိတ်သိမ်းသင့်သေ ာအချိန်မှာ အပင်တိုင်းရဲ့ နောက်ဆုံး၀တ်မှုန်ကြွေတဲ့အချိန်ဖြစ်ပြီး အစေ့အတွက်ဆိုလျှင် အစေ့ရဲ့ ၆၀ရာခိုင်နှုန်း ရင်ဘမှည့်သည့်အချိန်၊ ချည်မျှင်အတွက်ရိတ်သိမ်းချိန်ထက် လေးပတ်၊ခြောက်ပတ် နောက်ကျမှ အစေ့ကိုရရှိနိုင်မည်ဖြစ်ပါတယ်။
အထက်ပါအချက်များကတော့ စက်မှုလျှော်စိုက်ပျိုးထုတ်လုပ်လျှင် သိထားသင့်သောအချသ်အလက်များဖြစ်ပါတယ်။
References
http://hempbenefits.org/the-key-benefits-of-hemp/
http://www.naturalfibres2009.org/en/fibres/hemp
https://en.wikipedia.org/wiki/Hemp#Fiber
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
sai oo
4 years agoမျိုးစီဘယ်မှာဝယ်လိုရလည်း
U Khun Pfoe sein
4 years agoမျိုးစေ့ကိုဘယ်နေမှာဝယ်နိင်လဲဗျာပြီးတော့စျေးကွက်ပိုင်းကဘယ်လိုလဲဗျာ
အောင်ကျော်မင်း
4 years agoဝပေါ်မှာ လုံးကြီးတင်တဲ့ ဝိ😵😵
Anonymous
5 years ago15k 30000kyat
Kyaw Nanda
5 years agoတရားမဝင်ဘူးဆိုတာကဆေးခြောက်ပင် မျိုးမို့လို့လား....
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန်းအောင်
See all
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
25/02/2022
မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
22/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
17/02/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....