Green Way
သီးထပ်စပါးပေါင်းမြက်အလေးထား

သီးထပ်စပါးပေါင်းမြက်အလေးထား

ဆင်းသီဟ
ဆင်းသီဟ Greenovator 18/12/2018

နွေစပါးစစိုက်ပြီ။ မြန်မာနိုင်ငံအောက်ပိုင်းတွင် နွေစပါးကို စောစိုက်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် နွေစပါးကို နောက်ကျမှစိုက်လေ့ရှိသည်။ တကယ်တော့ နွေစပါးကို မိုးစပါးအပြီး သော်လည်းကောင်း၊ ယာသီးနှံတစ်မျိုးမျိုး အပြီးသော်လည်းကောင်းစိုက်တာဖြစ်လို့ သီးထပ်စပါးလို့ ခေါ်နိုင်ပါသည်။

ပဲမျိုးစုံနှင့် နွေစပါး  

တစ်သီးပြီးတစ်သီးစိုက်တာကောင်းပါသည်။ သို့သော် မိုးစပါးအပြီးနွေစပါးဆက်တိုက် စိုက်ခြင်းကိုတော့ထောက်ခံလိုခြင်း မရှိတာ ဆန္ဒအမှန်ဖြစ်သည်။ နွေစပါးမတိုင်မီ ဘာလုပ်သင့်သနည်း ဆိုလျှင် သီးနှံတစ်မျိုးမျိုးကို ကြားခံစိုက်ဖို့ တိုက်တွန်း လိုသည်။ စိုက်နိုင်သည့်သီးနှံများစွာအနက် ပဲမျိုးစုံသီးနှံကို အားပေးလိုပါသည်။   

မိုးစပါးအပြီး ယာသီးနှံတစ်မျိုးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ မြေပဲစသည့် သီးနှံ တစ်မျိုးမျိုးကို စိုက်ဖို့အချိန်မရ၊ မြေ၊ ရေအခြေအနေတစ်ရပ်ရပ်ကြောင့် ဆက်တိုက် နွေစပါးကိုသာ စိုက်ရမည့်အခြေအနေဆိုလျင် ပေါင်းမြက်ကာကွယ် နှိမ်နင်းရေးကို ပိုမိုအလေးထားဖို့ တိုက်ထွန်းလို ပါသည်။   

အကြောင်းမှာ စပါးနှင့် အများဆုံးယှဉ်ပြိုင်ပေါက်ရောက်လေ့ရှိသည့် မြက်သီးကဲ့သို့ မြက်မျိုးနွယ်ဝင်ပေါင်းပင်တွေက စပါးပြီး စပါးစိုက်ခင်းတွေမှာ အိမ်ရှင်အဖြစ်ကြိုဆိုနေလေ့ရှိလို့ ဖြစ်ပါ သည်။   

မိုးစပါးအပြီးပဲမျိုးစုံ၊ ပဲမျိုးစုံပြီးမှ နွေစပါးစိုက်ခြင်းကို အကြံပြုလိုသည်။ သုံးသီးစားအကျိုး ဖြစ်ထွန်းရုံသာမက နွေစပါး စိုက်ခင်းတွင် ပေါင်းမြက်ပင်များ ပေါက်ရောက်ရှင်သန်ကြီးထွားခြင်းကို ကာကွယ်ပြီးသားဖြစ်လို့ဖြစ်ပါသည်။    

ထိုမျှမက ပဲမျိုးနွယ်ဝင်ပင်များကို စိုက်ပျိုးခြင်းကြောင့် နွေစပါးကို မြေတွင်းနိုက်ထရိုဂျင် ဖြည့်တင်းပေးသည့် အကျိုးအမြတ် ကိုလည်း ရရှိနိုင်သေးကြောင်းအသိပေးလိုပါသည်။

နွေစပါးနှင့်ထွန်ရေးစနစ်   

စပါးကို “တမန်းပူနှင့် စိုက်ပျိုးခြင်းသည် မကောင်းပါ” ဟု ရှေးလူကြီးသူမများ ပြောထား ကြောင်းသိကြမည်ထင်ပါသည်။ ချက်ခြင်းထွန်ယက်ပြီး ချက်ခြင်းစိုက်ခြင်းကို ဆိုလိုပါသည်။ ယခုအခါ တမန်းမွှေ ထွန်စက်ကြီးများဖြင့် ချက်ခြင်းမွှေပြီး နေ့ချင်းပြီး စိုက်တာတွေ မြင်တွေ့နေရသည်။ တမန်းတော့ညက်မည်။ ပုပ်စပ်ချိန်မရ။ ရုပ်သဘာဝပြောင်းသော်လည်း ဓာတ်သဘာဝပြောင်းချိန်မရ လိုက်ချေ။ မကောင်းပါ။ အကြောင်းရင်းများစွာရှိပါမည်။ ပေါင်းမြက်ရှုထောင့်မှကြည့်လျင် ပေါင်းမြက် ထူပြောဖို့ အခွင့်အလမ်း ပိုများသည်ဟုပြောလိုပါသည်။   

ပေါင်းမြက်ကြိုတင်ကာကွယ်သည့်နည်းစနစ်တစ်ခုကို အသိပေးလိုသည်။ Stale Seed Bed Technique ဟု နိုင်ငံတကာတွင် လူသိများသည်။ မြန်မာလို မခေါ်ဝေါ်တတ်ပါ။ ထွန်ရေးပြင် ပေါင်းမြက် အပေါက်ခံပြီး ပေါက်လာသည့် ပေါင်းမြက်ပင် ငယ်လေးများကို သုတ်သင်ရှင်းလင်းသည့် စနစ်-ဟု ပြောရမည်ဖြစ်ပါသည်။   

ထုံးစံအတိုင်း နွေစပါးစိုက်ဖို့ထွန်ရေးပြင်မည်။ ရေမရှိစေဘဲ တမန်းပြင်ကို သည်အတိုင်း ထားကာ ပေါင်းမြက်ပင်များကို အပေါက်ခံပါမည်။ ပေါင်းမြက်များအပင်ပေါက်စုံပါက ထိုပေါင်းပင်ငယ် များ အရွက် ၂ မှ ၃ ရွက်ထွက်ချိန်တွင် ထပ်မံထွန်ရေး ပြုပြင်ခြင်း(သို့မဟုတ်) ပေါင်းသတ်ဆေး ပက်ဖြန်းခြင်းဖြင့် ပေါင်းမြက်ပင်များကို သတ်ပစ်ရန်ဖြစ်သည်။ ထိုနောက်မှ ပုံမှန်အတိုင်းထွန်ရေးပြင် ကာ နွေစပါးကို စိုက်ပျိုးရန် ဖြစ်ပါသည်။    

နွေစပါးတွင် ပေါင်းမြက်ပေါက်ရောက်မှု သက်သာစေဖို့ သီးနှံစိုက်ပျိုးရေးစနစ်ရှုထောင့်က တင်ပြရခြင်းဖြစ်ပါသည်။

ဆင်းသီဟ
   

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....