မိုးပဲတီစိမ်းသီးနှံ စိုက်ပျိုးအောင်မြင်ရန်
ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းသီးနှံသည် ပြည်ပစျေးကွက်ရှိသော အရေးပါသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲတီစိမ်းသည် အခြားပဲမျိုးစုံသီးနှံများကဲ့သို့ မြေဆီလွှာကို နိုက်ထရိုဂျင်အာဟာရ တိုးပွားစေသောသီးနှံဖြစ်သည်။ သက် တမ်းတိုသဖြင့်် မြန်မြန်စိုက် မြန်မြန်ငွေပေါ်သည့်သီးနှံဖြစ်ပြီး မြန်မာ့ရေမြေရာသီဥတုတွင် အချိန်မရွေးစိုက်ပျိုးဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်ပါသည်။
မိုးဦး၊ မိုးလယ်ရာသီတို့တွင် ပဲတီစိမ်းသီးနှံကို မိုးရေသောက်ဒေသများ၌ စိုက်ပျိုးသည်။ ယာမြေမှာ စိုက်နိုင်သည်။ လယ်မြေမှာလည်း စိုက်နိုင်သည်။ ၀င်ငွေအလွယ်တကူရသည့် သီးနှံဖြစ်၍ မြန်မာတောင်သူလယ်သမားများ လက်မလွှတ်တမ်းစိုက်သည်။ ရေသွင်းနိုင်သည့်ဒေသများ၌ မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးသည်။ ပဲတီစိမ်းချည်း သီးသန့်စိုက်ပျိုးသည်။ နှမ်းလျင်နှင့် သီးထပ်စိုက်ပျိုးသည်။ ၀ါ၊ ပဲစင်းငုံ၊ နေကြာတို့နှင့် သီးညှပ်စိုက်ပျိုးသည်။ သီးထပ်သီးညှပ်သီးနှံပုံစံ ချမှတ်စိုက်ပျိုးရေးတွင် အသုံးချနိုင်သည့်သီးနှံလို့ ခေါ်ဆိုနိုင်ပါသည်။
ပဲတီစိမ်းက ပူနွေးသောရာသီကို ကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်သည်။ မိုးရွာသွန်းမှု တစ်နှစ်ပျမ်းမျှ လက်မ ၂၀ မှ ၅၀ အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ ပဲတီစိမ်းဖြစ်ထွန်းရန် အပူချိန် ၂၀ မှ ၄၀ ဒီဂရီစင်တီဂရိတ် လိုအပ်သည်ဟု သိရသည်။ ယာသီးနှံတစ်မျိုးဖြစ်သည်နှင့်အညီ အပင်ခြေကို ရေဝပ်မခံနိုင်သည်ကို အများသိပြီးဖြစ်ပါမည်။
ပဲတီစိမ်းကို မိုးဦးကျမနာသည့် မြန်မာနိုင်ငံအလယ်ပိုင်း ရမည်းသင်းဒေသလိုနေရာမှာ ပဲတီစိမ်းကို မိုးဦးကျရာသီတွင် စိုက်လေ့ရှိသည်။ မေ၊ ဇွန်လများတွင်ဖြစ်ပါသည်။ ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်းမျိုးများကို ရွေးချယ်သင့်သည်။ အပင်ပေါက်ရာခိုင်နှုန်း ၈၅ အထက်ရှိသည့် မျိုးကောင်းမျိုးသန့်ကို အသုံးပြုစိုက်ပျိုးသင့်ပါသည်။
အထွက်ကောင်းမျိုးများဖြစ်သော ပဲတီစိမ်း ရေဆင်း-၁(ပဲတီရွှေဝါ)၊ ပဲတီစိမ်း ရေဆင်း-၄၊ ပဲတီစိမ်း ရေဆင်း-၅၊ ကန်တီနှင့် မြကြေးမုံမျိုးများသည် မြန်မာနိုင်ငံအထက်ပိုင်း မိုးဦးနှင့် မိုးလယ်ရာသီတွင်စိုက်သော မျိုးများအဖြစ် တောင်သူအကြိုက်များပါသည်။
ပဲတီစိမ်းသီးနှံတွင် မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးပိုးတို့ ကျရောက်နိုင်သည်ဖြစ်ရာ စိုက်ပျိုးစဉ်ကပင် ဖျူရာဒန်ကဲ့သို့ ပိုးသတ်ဆေးဖြင့် စိုက်ကြောင်းအတွင်း ထည့်သွင်းစိုက်ပျိုးသင့်သည်။ ထို့ပြင် မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
ပဲတီစိမ်းကို အတန်းလိုက် စိုက်ပျိုးသင့်သည်။ တစ်တန်းနှင့်တစ်တန်း ၁၈ လက်မထားရှိပြီး ပင်ကြား ၄ လက်မ သည် အသင့်တော်ဆုံးဖြစ်သည်။ တစ်ဧကတွင် အသုံးပြုသင့်သည့် မျိုးစေ့ပမာဏမှာ ၄ ပြည်မှ ၆ ပြည်ဖြစ်ပါသည်။
ပဲတီစိမ်းစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာသာမက သဘာဝမြေသြဇာကိုပါ ထည့်သွင်းသင့်သည်။ စိုက်ပျိုးမြေ၏ ပင်ကိုယ် မြေဆီလွှာအခြေအနေအရ ဓာတ်မြေသြဇာပမာဏအနည်းအများကို သတ်မှတ်အသုံးပြုသင့်သည်။ မြေဆီဆုံးရှုံးမှုနည်းစေရန် ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာများကို အကြိမ်ခွဲ၍ ကျွေးသင့်သည်။ ယေဘုယျအားဖြင့် ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၅၆ ပေါင်နှင့် ပိုတက် ၂၈ ပေါင်တို့ကို မြေပြင်စဉ်ကပင် ထည့်ရန်လိုအပ်သည်။ ထပ်မံ၍ ပိုတက် ၂၈ ပေါင်ကို အပင်ကြီးထွားချိန်၌ အစိုဓာတ်ရှိချိန် ထည့်သွင်းပေးသင့်ပါသည်။
ပဲတီစိမ်းသီးနှံတွင် ဆိုးဝါးစွာကျရောက်လေ့ရှိသည်က အဝါရောင်မိုစေ့ရောဂါဖြစ်သည်။ အဆိုပါရောဂါကို ခံနိုင်မှုနှင့် အထွက်နှုန်းကောင်းသည့်မျိုးများ ရရှိရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်မှုကြောင့် ယခုအခါ မျိုးသစ်များကို တောင်သူများ ရွေးချယ်စိုက်ပျိုးနိုင်ပြီဖြစ်သည်။ သုတေသနပြုထောက်ခံထားသည့် စိုက်ပျိုးသင့်သော မျိုးနှစ်မျိုးကို ဖေါ်ပြလိုပါသည်။
ရေဆင်းပဲတီစိမ်း-၁၁ : အပင်ပုံစံမှာ ပင်ထောင်ဖြစ်ပြီး သက်တမ်းအားဖြင့် ရက် ၆၀ မှ ၆၅ ရက် ဖြစ်သည်။ တစ်ပင်ပါသီးတောင့် ၁၅ မှ ၂၀ သီးပြီး တစ်တောင့်ပါအစေ့ ၁၀ မှ ၁၁ စေ့ဖြစ်ကာ စိမ်းရွှင်သော အစေ့ရောင်ရှိသည်။ ရင့်မှည့်ချိန်ညီညာပြီး ပထမအကြိမ် ကောက်သိမ်းစဉ်တွင်ပင် သီးတောင့် များ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ကောက်သိမ်းနိုင်သည်။ မိုးကြို၊ မိုးနှင့် မိုးနှောင်း ရာသီမရွေး စိုက်ပျိုးနိုင်သည်။ ထူးခြားချက်မှာ အဝါရောင်မိုစေ့ရောဂါဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ပါသည်။
ရေဆင်းပဲတီစိမ်း-၁၄ : အပင်ပုံစံမှာ ပင်ယောင်နွယ်ယောင်ဖြစ်သည်။ အသက်ရက် ၆၀ မှ ၆၅ ရက်ဖြင့် ကောက်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၂၅ မှ ၃၅ သီးပြီး တစ်တောင့်တွင် ၁၁ မှ ၁၂ စေ့ပါရှိကာ စိမ်းဝါသောအစေ့ရောင်ရှိသည်။ သီးတောင့်နှင့် ပန်းပွင့်များ ဆက်တိုက်သီးပွင့်သောမျိုးဖြစ်၍ ရင့်မှည့်ချိန်တွင် သီးတောင့်များအား ၃ ကြိမ်ခန့်ကောက်သိမ်းနိုင််သည်။ မိုးကြို၊ မိုးနှင့် မိုးနှောင်းရာသီမရွေး စိုက်ပျိုးနိုင်သောမျိုးဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါဒဏ်ကိုခံနိုင်ရည်ရှိသည်။ ထိုမျှမက ရွက်ပြောက်ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိသောမျိုး ဖြစ်ပါသည်။
သုတေသနပြု ထုတ်ဝေထားသည့်မျိုးများသည် အထွက်နှုန်းကောင်းသည့် မျိုးများဖြစ်သည်။ ရှိပြီးဖြစ်သည့် ထွက်နိုင်စွမ်းအားကိုရရှိရန် အထွက်မိတ်ဖက်များကို သိဖို့လိုသည်။ သိပြီးပါက မိတ်ဖက်အချက်များကောင်းမွန်ရေး လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်သည်။ သို့မှသာ ပဲတီစိမ်း အထွက်ကောင်းနိုင်ပါမည်။
ပဲတီစိမ်း၏ အထွက်မိတ်ဖက်အချက်များမှာ
၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိ အပင်ဦးရေ
၂။ တစ်ပင််ပါသီးတောင့်အရေအတွက်
၃။ တစ်တောင့်ပါအစေ့အရေအတွက်
၄။ အစေ့(၁၀၀)အလေးချိန် တို့ဖြစ်သည်။ အထွက်မိတ်ဖက်(၄)ချက်လုံး ကောင်းရေးအတွက် စိုက်ပျိုးရာတွင် အသုံးပြု သည့် မျိုး၊ မျိုး၏အပင်ပေါက်ရာနှုန်း၊ ပဲမြစ်ဖုမြေသြဇာလူးနယ်စိုက်ပျိုးမှု၊ စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာအသုံးပြုမှု၊ ပေါင်းမြက်၊ ရောဂါပိုးမွှားကာကွယ်နိမ်နင်းမှု၊ ရိတ်သိမ်းချိန်၊ ရိတ်သိမ်းချိန်လွန်နည်းစနစ် စသည်တို့ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဆင်းသီဟ
Continue reading related topics, questions and articles.
Topic 1
ပဲတီစိမ်းစိုက်ပျိုးနည်း
Applicable farm inputs (Ad)
Ye Thu Aung123
4 years agoပဲမြစ်ဖုမြေသြဇာ ဘယ်မှာရနိင်လဲ
မောင်ကျေးလာ
5 years agoမိုးစိုက်ပဲတီစီမ်သည်ဘဲမှာဝယ်းယူရပါသလဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all