နွေစပါးအတွက် ဟန့်တားရမည့်ပေါင်းမြက်
နွေစပါးသည် မိုးစပါးထက် အထွက်စွမ်းရည်မြင့်မားသည်။ သို့သော် နွေစပါးတွင် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျှော့နည်းနိုင်သည်ကို သတိမူသင့်ပါသည်။
ကြဲပက်စိုက်ပျိုးခြင်း
နွေစပါးစိုက်ခင်းအများစုသည် တိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စိုက်ခင်းများဖြစ်ရာ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်းပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေပါသည်။
စပါးပြီးစပါးစိုက်စနစ်
မိုးစပါးအပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မြေပဲစသည့် ယာသီနှံတစ်မျိုးမျိုး စိုက်ပျိုးခြင်းမပြုဘဲ မိုးစပါးအပြီး နွေစပါးဆက်တိုက်စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများတွင် ပေါင်းမြက်ပိုမိုပေါက်ရောက်လေ့ရှိပါသည်။
စပါးနှင့် အများဆုံးယှဉ်ပြိုင်ပေါက်ရောက်လေ့ရှိသည့် မြက်သီးကဲ့သို့ မြက်မျိုးနွယ်ဝင် ပေါင်းပင်များသည် ၄င်းတို့ရှင်သန်ရန် စပါးပြီးစပါးစိုက်စနစ်က ဖန်တီးပေးသကဲ့သို့ ဖြစ်နေပါသည်။
စပါးမျိုး
ပေါင်းမြက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းသည့်မျိုး၊ အပင်ကြီးထွားမှုကာလ အစောပိုင်းတွင် လျင်မြန်စွာဖွံ့ဖြိုးမှုကောင်းသည့်စပါးမျိုး၊ အပင်အရပ်မြင့်သည့်စပါးမျိုး၊ ပင်ပွားထွက်မြန်၍ ပင်ပွားများများထွက်သည့် စပါးမျိုးတို့တွင် ပေါင်းမြက်ပေါက်ရောက်မှုနည်းနိုင်ပါသည်။
မျိုးစေ့အဆင့်အတန်းမမှန်ပါက ပေါင်းမြက်ကို ယှဉ်ပြိုင်နိုင်စွမ်းအား မကောင်းနိုင်ပါ။ စီးပွားဖြစ်မျိူးသန့်မျိုးစေ့ (မျိုးသန့်အဆင့်-၂) (Certified Seed)ကို အသုံးပြုသင့်ပါသည်။
မျိုးစေ့ရွေးချယ်ခြင်း
စေ့တွင်းစာများများပါသော မျိုးစေ့များရရှိရန် ရေတွင်သုံးကြိမ်မွှေနှောက်ကာ ပေါ့သော စပါးစေ့များကို ဖယ်ရှားပစ်သင့်သည်။ ပြီးက စပါးစာပါးစပ်ပြူအညှောင့်ဖေါက်၍ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းသည် ပေါင်းမြက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းစေမည်ဖြစ်ပါသည်။
တစ်ဧကမျိုးစေ့နှုန်း
မိမိစိုက်ခင်းတွင် ပေါက်ရောက်လေ့ရှိသော ပေါင်းမြက်များနှင့် ယှဉ်ပြိုင်နိုင်မှု အကောင်းဆုံး မျိုးစေ့နှုန်းထားဖြစ်သင့်သည်။
အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်၌ တစ်ဧကအကျယ်အဝန်းရှိ စိုက်ခင်းမြေ ဧရိယာတွင် မျိုးစေ့ ပုံမှန် တစ်တင်း၊ တစ်တင်းခွဲဖြင့် လုံလောက်သော်လည်း မျိုးစေ့နှုန်းထား နည်းလွန်းပါက ပေါင်းမြက်ပင်များကို ကြီးထွားရန်နှင့် စပါးပင်နှင့်ယှဉ်ပြိုင်ရန် နေရာနှင့် အခွင့်အလမ်းပေးသကဲ့သို့ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် စပါးအပင်အရပ်နိမ့်သည့် သက်တမ်းတိုမျိုးများကို စိုက်ပျိုးပါက ပေါင်းမြက်ပင်များကို ဖုံးလွှမ်းနိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်ရန် မျိုးစေ့နှုန်းထား ပိုမိုသုံးစွဲရန် လိုအပ်ပါသည်။
အခြောက်ခံခြင်း၊ ရေဖြင့်ကာကွယ်ခြင်း
တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စပါးခင်းတွင် အစိုတမန်းပြင်၌ စပါးပင်များ ပေါက်လာပြီး ရေပေးသွင်းခြင်းမပြုဘဲ အခြောက်ခံထားခြင်းဖြင့် ပေါင်းမြက်ပင်များကို ပေါက်လာစေကာ နှစ်ပတ်၊ သုံးပတ်ခန့်အကြာတွင် ရေမြုပ်၍ သတ်ပစ်နိုင်ပါသည်။
ဆက်လက်၍ စိုက်ခင်းတွင် ရေမပြတ်စေဘဲ ကန်သင်းလုံအောင် ဂရုစိုက်ပြီး ရေထိန်းထားရန် ဖြစ်သည်။ စိုက်ခင်းတမန်းမြေတွင် ရေရှိပါက လေမရှိနိုင်သဖြင့် လေမဲ့အခြေအနေတွင် ရှင်သန်နိုင်ခြင်းမရှိသည့် ပေါင်းမြက်ပင်များ ပေါက်ရောက်မလာနိုင်ပါ။ ထို့ကြောင့် ရေသည် ပေါင်းမြက်ပင်များမပေါက်ရန် ကြိုတင်ကာကွယ်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။
လက်ပေါင်းလိုက်ခြင်း
ပေါက်ရောက်လာသော ပေါင်းမြက်များကို လက်ပေါင်းလိုက်ခြင်းဖြင့် ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။ စိုက်ခင်းမြေဧရိယာပိုင်ဆိုင်မှုနည်းသော လယ်သမားများအတွက် လက်ပေါင်းလိုက်ခြင်းနည်းလမ်းသည် အထူးသင့်တော်နိုင်ပါသည်။
မျိုးစေ့ချပြီး ရက် ၂၀ နှင့် ရက် ၄၀ တွင် လက်ပေါင်းလိုက်ခြင်းသည် စပါးအထွက် ၃၄ ရာခိုင်နှုန်း ပိုမိုစေကြောင်းသိရပါသည်။ စပါးပင်နှင့် မြက်ပင်ခွဲခြားရခက်ခဲသည့် မြက်သီးကဲ့သို့ မြက်အမျိုးအစားများ နှုတ်ပယ်ရာတွင် ကျွမ်းကျင်သော လယ်ယာလုပ်သားများဖြင့်ဆောင်ရွက်သင့်ပါသည်။
ပေါင်းသတ်ဆေးအသုံးပြုခြင်း
ယခုအခါ စပါးပေါင်းသတ်ဆေးများကို နေရာဒေသမရွေး ဝယ်ယူရရှိနိုင်သည်ဖြစ်ရာ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးတွင် အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ပေါင်းမြက်အလိုက် ပေါင်းသတ်ဆေးအမျိုးအစားရွေးချယ်မှု မှန်ကန်ရပါမည်။
ပေါင်းသတ်ဆေးဖျန်းရာတွင် ယပ်တောင်ပုံသဏ္ဍာန် ဆေးထွက်သည့် ဆေးဖျန်းခေါင်းပြားကိုသာ သုံးစွဲသင့်သည်။ တစ်ဧကလျှင် သုံးစွဲရမည့် ပေါင်းသတ်ဆေးနှုန်းထား တိကျမှန်ကန်ရမည်။ ပေါင်းသတ်ဆေးဖျန်းရမည့်အချိန် မှန်ကန်ရမည်။ ဆေးဖျန်းသည့်စနစ် မှန်ရပါမည်။
မျိုစေ့ချစိုက်ပျိုးရာတွင် စပါးမျိုးစေ့ ၂ တင်းနှုန်းသုံးသည်ဖြစ်စေ၊ ၄ တင်းနှုန်းသုံးသည်ဖြစ်စေ ပေါင်းသတ်ဆေးသုံးစွဲသင့်ပါသည်။ ပေါင်းသတ်ဆေးသုံးစွဲခြင်းသည် စပါးအထွက် ၁၇ ရာခိုင်နှုန်းပိုမိုစေကြောင်း သိရှိရပါသည်။
ပေါင်းမြက်ပင်များသည် စပါးပင်နှင့် တိုက်ရိုက်ယှဉ်ပြိုင်ပြီး ဟန့်တားနှောင့်ယှက်သဖြင့် နွေစပါးစိုက်ခင်းအတွင်း မရှိသင့်သောအပင်များဖြစ်ပါသည်။ နွေစပါးမစိုက်ပျိုးမီ ထွန်ယက်ပြုပြင်စဉ်ကပင် စတင်၍ကာကွယ်နည်း၊ စပါးပင်သက်တမ်း အစောပိုင်းကာလကပင် နှိမ်နင်းနည်း၊ နှိမ်နင်းရာတွင်လည်း ဓါတုဗေဒဆေးမဟုတ်သည့် သမရိုးကျနည်း၊ ဓါတုဗေဒနည်းဖြစ်သည့် ပေါင်းသတ်ဆေးသုံးစွဲခြင်းနည်း စသည့်နည်းလမ်းမျိုးစုံဖြင့် နွေစပါး အထွက်နှုန်းကို ထိခိုက်စေသည့် ပေါင်းမြက်အဟန့်အတားကို ဖယ်ရှားနိုင်မှသာ မျှော်မှန်းစပါးအထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဆင်းသီဟ
Continue reading related topics, questions and articles.
Topic 1
စပါးပင်နှင့်ပေါင်းမြက်
Applicable farm inputs (Ad)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all