Green Way
သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်း

သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်း

HanPhyoAung
HanPhyoAung 15/01/2018

သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်း (Smudging) သည် အညွန့်အဖူး များအား အသီးအပွင့် များစော လာစေရန်၊ အပွင့် ညီညာ ရန်နှင့် အသီးတင်မှုကောင်း ရန် လှုံ့ဆော်ဆောင် ရွက်ပေးခြင်းဖြစ်သည်။ သရက်ပင်အား မီးခိုးမှိုင်း တိုက်ခြင်း သည် ရှေးနှစ်များစွာ ကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် ကျင့်သုံးဆောင် ရွက်ခဲ့သော နည်းဖြစ်သည်။Gonzalez (၁၉၂၃) ၏ အဆိုအရမူ ဖိလစ်ပိုင်နိုင်ငံ Bulacan နှင့် Cavite ဒေသတို့တွင် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ သည်ဟု ဆိုသည်။

သရက်ပင်အောက်ပင်တွင် အမှိုက်သရိုက်များအား ရှင်းလင်းမီးရှို့ရာမှ အညွန့် အဖူးများ စောစောဝင်လာကာ အသီးတင်မှုကောင်းကြောင်းကို လုပ်ကိုင်ဆောင်ရွက်ရင်း သတိထားတွေ့ရှိလာပြီး ကျင့်သုံးခဲ့ ဟန်တူပေ သည် ။ စောစော ပိုင်းကာလများ တွင် သရက်ပင်အား မီးခိုးမှိုင်း တိုက်ခြင်းသည် သာမန် မိရိုးဖလာ အတိုင်း ဆောင်ရွက် လုပ်ကိုင်ခဲ့ခြင်း မျှသာဖြစ်ပေလိမ့်မည်။ နောက်ပိုင်းမှသာ ၎င်းမီးခိုးမှိုင်း တိုက်ခြင်းနှင့် ပတ်သက်၍ သုတေသီ အချို့မှ သုတေသန များဆောင်ရွက်ကာ ၎င်း၏ သရက်ဖူးပွင့်မှုအပေါ် သက်ရောက်မှုတို့ကို သိပ္ပံနည်းကျချဉ်းကပ်ဆောင်ရွက်လေ့လာမှုများ ပြုခဲ့ကြခြင်းဖြစ်သည်။

၁၉၂၄ ခုနှစ်တွင် Wester နှင့် Gonzalez ဆိုသူတို့မှ မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် သရက်ပန်းပွင့်များ လှုံ့ဆော်နိုးကြားလာခြင်းမှာ မီးခိုးကြောင့် မဟုတ်ဘဲ ၎င်း၏ အပူဓာတ် (Heating Effect) ကြောင့်ဖြစ်သည်ဟု ယူဆခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် Borja နှင့် Rodriguez တို့ကတော့ မီးခိုး၏ လှုံ့ဆော်မှု (Stimulating Effect) ကြောင့်ဟု သုံးသပ်ခဲ့ပြန်သည်။ ၎င်းအချိန်တွင် ထိပ်ဖျားပိုင်းအဖူးများ ကောင်းစွာဖွံ့ဖြိုးနေရမည်ဟုလည်း ဆိုသည်။ ၁၉၃၆ ခုနှစ်တွင် Galang နှင့် Agati ဆိုသူ သုတေသီနှစ်ဦးမှ ဖိလစ်ပိုင်နိုင်ငံရှိ သရက်မျိုးတစ်မျိုးဖြစ်သော Carabao ကို ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) နှင့် အပူဓာတ် (Heat) တို့၏ အဖူးဖြစ်ပေါ်မှုအပေါ်သက်ရောက်မှုအား စမ်းသပ်ဆောင်ရွက်ခဲ့ကြသည်။

အပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တို့ကြောင့် ပန်းဖူးများကြီးထွား ဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟု ဆိုကြသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များများသုံးလျှင် အဖူးဖြစ်ပေါ်မှု အကောင်းဆုံးဟု ၎င်းတို့ နှစ်ဦးမှ တွေ့ရှိခဲ့ကြသည်။ Roger D, Dutcher ဆိုသူကတော့ အပူဓာတ်ကြောင့် မဟုတ်ဘဲ မီးခိုးမှရသော ဓာတ်လောင်ကျွမ်းခြင်းတစ်ခု (Gaseous Combustion Product) ကြောင့်ဖြစ်မည်ဟု ယူဆပြန်သည်။ ၁၉၇၂ ခုနှစ်တွင် Dutcher မှ သရက်ပင်အား မီးခိုးမိုင်းတိုက်ခြင်းဖြင့် ပန်းပွင့်မှုအား လှုံ့ဆော်ပေးသောအရာမှာ မီးခိုးတွင်ပါဝင်သော အီသိုင်လင်း (Ethylene) ကြောင့်ဟု နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။

သရက်ပင်အား မီးခိုးမှိုင်း တိုက်ပေးခြင်းဖြင့် ပန်းပွင့်မှုအား လှုံ့ဆော်ပေးခြင်းသည် အပင်၏ အခြေအနေပေါ်တွင် များစွာတည်မှီနေပေသည်။ မီးခိုးမှိုင်းတိုက်မည့်သရက်ပင်သည် ပန်းပွင့်နိုင်သော အသက်အရွယ်ရှိ ရင့်ပြီးသား ကိုင်းများဖြစ်ရ မည်။ ထိုအချိန်၌ အပင်၏ ကြီးထွားမှုသည် ဆိုင်းနေ (Suspended growth) ရမည်။ အရွက်၏ အရောင်သည် အစိမ်းရောင်မွဲမွဲ (Dull green) ဖြစ်ရမည်။ ကြေးနီရောင် (Copper Color) သည် အကောင်းဆုံးဟု ဆိုသည် (အရွက်အား လက်ထဲတွင် ချေလိုက်သောအခါ ကြွတ်ဆတ်နေရမည့် အနေအထားဖြစ်သည်)။ ကိုင်းအနုများသည် ကိုင်းရင့်များထက် မီးခိုးမှိုင်းတိုက်ရန် အချိန်ကြာကြာပို၍ လိုသည်။ မီးခိုးမှိုင်းတိုက်ခြင်းသည် တခါတရံ ပန်းခိုင်အစား ရွက်နုများလည်း ထွက်လာနိုင်သည်။ ထို့ကြောင့် မီးခိုးမှိုင်းတိုက်ခြင်းသည် ပန်းပွင့်မှုအား လှုံ့ဆော်ရာတွင် မသေချာသောကြောင့် အိန္ဒိယနိုင်ငံတွင်မှု ၎င်းအားဆောင်ရွက်ကျင့်သုံးမှု နည်းပါးကြကြောင်းတွေ့ရသည်။

သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်းသည် အဖူးပွင့်မဝင်မီ တစ်လ၊ နှစ်လခန့် ကြိုတင်၍ ရက်အတော်ကြာတိုင်အောင် မီခိုးအူအူထွက်စေရန် အပင်အောက်ခြေမှနေ၍ အရွက်ခြောက်များ၊ အုန်းဆံများ၊ စပါးခွံ၊ လွှစာမှုန့် များပေါ်မှ မြက်စို များဖြင့် ဖုံးကာ မီးဖိုပေးထားခြင်းဖြစ်သည်။ ပန်းပွင့်ဖူးများ ပြူထွက်လာသောအခါ (သို့မဟုတ်) ၂ ပတ်အတွင်း ပန်းပွင့်ဖူးများ ပြူထွက်မလာလျှင် မီးခိုးမှိုင်းတိုက်မှုအား ရပ်ဆိုင်းပြီး တစ်လ၊ နှစ်လကြာမှ ပြန်လည်ပြုလုပ်ပေးလေ့ရှိကြပါသည်။

မြန်မာနိုင်ငံတွင်မူ မီးခိုးမှိုင်းတိုက်ပေးခြင်းကို မွန်ပြည်နယ်နှင့် အခြားဒေသရှိ တောင်သူတို့ ဆောင်ရွက်လေ့ရှိကြသည်။ မီးခိုးမှိုင်းတိုက်ခြင်းကို သရက်ပင်တွင်သာမက နာနတ်ပင်၊ သီဟိုသရက်နှင့် မရမ်းပင်တို့ တွင်လည်း ဆောင်ရွက်ကြကြောင်းတွေ့ရ သည်။ ထိုင်းနိုင်ငံတွင် သီဟိုသရက်ပင်အား မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် အထွက်နှုန်း သိသိသာသာပိုလာကြောင်း တွေ့ရှိခဲ့သည်။

သရက်ပင်အား မီးခိုးမှိုင်းတိုက်ပေးခြင်းသည် အပင်၏အနေအထား၊ ပတ်ဝန်းကျင်အခြေအနေနှင့် နေရာဒေသပေါ်မူတည်ပြီး အပင်၏ အညွန့်အဖူးများအား အသီးအပွင့်များဝင်လာအောင်လှုံ့ဆော်မှုသည် သေချာမှု၊ မသေချာမှုများရှိနိုင်သော်လည်း သရက်အပါအဝင် သစ်သီးခြံစိုက်တောင်သူများအနေဖြင့် မီးခိုးမှိုင်းတိုက်ပေးခြင်းကို ဆောင်ရွက်သင့်သည်ဟု ဆိုရပေမည်။ မီးခိုးမှိုင်းတိုက်ပေးခြင်းအားဖြင့် အပင်၏ ပန်းပွင့်ဖူးများ ပြူထွက် ပွင့်အာလာခြင်းမဖြစ်သော်မှ မိမိခြံအတွင်း အမှိုက်သရိုက်များ ရှင်းလင်းပြီးသားဖြစ်ခြင်းနှင့်း ပိုးမွှားရောဂါခိုအောင်းမှုတို့အား နှိမ်နင်းပြီးသားဖြစ်ခြင်းတို့ကြောင့် အကျိုးရှိဆောင်ရွက်သင့်သော ကိစ္စဖြစ်ကြောင်း တင်ပြအပ်ပါသည်။    ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး

၁။ The Mango: Botany, Production and Uses (Richard E. Litz (ed.))

၂။ Mango (R.N. Singh)

၃။ The Mango: Its Botany and Production (Ramon V. Valmayor)

၄။ Effect of Smudging on Mango (Sen and Mallik)

Naw Khine Zin Nyein

Naw Khine Zin Nyein

9 months ago

ဘယ်လလောက်မာ မီးခိုးမှိုင်းတိုက်ဖို့အကောင်းဆုံးလဲသိချင်ပါတယ်

U Lwin Moe

U Lwin Moe

1 year ago

အဖူးအပွင့်စုံနေလျက် မီးခိုးမှိုင်းတိုက်ခြင်း အကျိုးကို သိချင်ပါတယ်ဗျ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....