"ဓားထစ် ခဲပစ် ဘာကြောင့် လုပ်ရတယ်"
မနက်ပိုင်းကတော့ သရက်ဓားထစ် ပိန္နဲခဲပစ်ပြုလုပ်ပုံနဲ့ အကျိုးကျေးဇူးတွေပြောပြပြီသွားပြီ။ ဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့ ဆရာ ဦးဟန်ဖြိုးအောင်ပြောပြထားတဲ့ အကြောင်းအရာများကို ကျွန်တော်တို့တောင်သူများ ဆက်လက်လေ့လာကြည့်ကြရအောင်။
အပင်တွေမှာ ပင်ပိုင်းဆိုင်ရာကြီးထွားတဲ့အဆင့် (vegetative phase) နဲ့ အသီးအပွင့် ပိုင်းဆိုင်ရာ ကြီးထွားတဲ့အဆင့် (reproductive phase) ဆိုပြီး ရှိပါတယ်။ သရက်ပိန္နဲတို့လို သစ်သီးပင်ကြီးတွေဟာ အစေ့က စစိုက်ပြီး အပွင့်အသီးမဝင်ခင်ကာလအထိ ငယ်ရွယ် နုနယ်တဲ့အဆင့် (juvenile stage) ကို ဖြတ်သန်းရပါတယ်။ ဒီအဆင့်မှာ အပင်ဟာ ပင်စည်ကိုင်းအခတ်အလက်များဖွံ့ဖြိုးအောင် တည်ဆောက်နေရတဲ့ကာလ တနည်းအားဖြင့် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုလိုအပ်တဲ့အဆင့်လို့ သတ်မှတ်ပါတယ်။ ဒီအဆင့်ဟာ သရက်ပင် အတွက် ၄-၅ နှစ်ကြာတတ်ပြီး ပိန္နဲအတွက် ၇-၈ နှစ်ကြာတတ်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ အပင်ဟာ အရွယ်ရောက် (adult stage) ပြီး အသီးတင်ဖို့ ပန်းစပြပြီ။ သစ်သီးပင်တွေအတွက် ပန်းစပြတဲ့အချိန်ကစပြီး တစ်နှစ်တာအတွင်း ရာသီအလိုက် ပင်ပိုင်းဆိုင်ရာကြီးထွားတဲ့အဆင့် (seasonal vegetative phase) နဲ့ အသီးအပွင့်ပိုင်းဆိုင်ရာ ကြီးထွားတဲ့အဆင့် (seasonal reproductive phase) ဆိုပြီး တစ်လှည့်စီ ပုံမှန်ရှိနေဖို့ လိုအပ်ပါတယ်။
တစ်နှစ်တာ ရာသီအတွင်းမှာ အပင်ဟာ ပင်ပိုင်းဆိုင်ရာကြီးထွားမှုလွန်ကဲနေရင် အသီးတင်တာ ညံ့တတ်သလို ပွင့်သီးတာလွန်ကဲ နေရင်လည်း နောက်ရာသီတွေမှာ အပင်ဖြစ်အားနည်းပြီး အသီးတင်မှုနည်းသွားတတ်ပါတယ်။ သရက်၊ ပိန္နဲပင် တို့ဟာလည်း ထိုနည်းတူစွာပါပဲ။ ပင်ပိုင်းဆိုင်ရာကြီးထွားမှု များနေပြီး အညွန့်တွေ (flushes) ချည်းထိုးနေရင် ပန်းပွင့်ဖို့ခက်ပါတယ်။ ဒါကြောင့် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို လျော့ချပြီး ပန်းပွင့်အသီးတင်အောင် ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်တဲ့ နည်းလမ်းတွေထဲက အပင်ရဲ့ အစာလမ်းကြောင်း (phloem) ကို ဓားနဲ့ ထစ်ပေးခြင်း (notching)၊ ခဲနဲ့ပစ်ပေးခြင်း (stoning) တို့ဟာလည်း ပင်ဆိုင်ရာကြီးထွားမှု ရပ်တန့်စေပြီး ပန်းပွင့်မှုကို အားပေးစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခေါက်ရစ်၊ အခေါက်ခွာ၊ အခေါက်ကို သွပ်နန်းကြိုးများဖြင့် စည်းနှောင်ပေးခြင်း (girdling, ringing, cincturing, stripping and wiring) စသည်တို့ ဟာလည်း လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများ မတူ သော်လည်း ဓားထစ်ခဲပစ်ခြင်းနဲ့ သဘော တရားတူကြပါတယ်။ ဓားထစ်ခြင်း ခဲပစ်ခြင်းကြောင့် ပန်းပွင့်စေမှု အသီးတင်ကောင်းမှုကို အားပေးတယ်ဆိုရာမှာ စိုက်ပျိုးရေးသိပ္ပံ ရှုထောင့်အရ ကြည့်မယ်ဆိုရင် (၁) အလင်းမှီ အစာချက်ခြင်းမှ ရရှိတဲ့ အစာ (photoassimilates) အပိုင်းရယ်၊ မြေရေထဲမှရရှိသော အပင် အာဟာရ (mineral nutrients) အပိုင်းရယ်နဲ့ အပင်ဟော်မုန်းများ (plant hormones) အပိုင်းရယ်ဆိုပြီး ဖြစ်နိုင်ခြေ (၃) ခု ပါဝင်နေတာကို တွေ့ပါတယ်။
အပင်ရဲ့ အလင်းမှီအစာချက်ခြင်း (photosynthetic process) ကနေ ကာဗိုဟိုက်ဒြိုတ်ဓာတ် (sugar/ carbohydrate) ကို ရပါတယ်။ ကာဗိုဟိုက်ဒြိုတ်ဓာတ် (carbohydrate) ဓာတ်ဟာ အပင်ရဲ့ ကြီးထွား နေဆဲအစိတ်အပိုင်းများ (အခက်အလက်၊ အသီးအပွင့်၊ အမြစ် စသည်) ဆီကို သွားပါတယ်။ အပင်ကို ဓားနဲ့ ထစ်လိုက်ခြင်း၊ ခဲနဲ့ ပစ်လိုက်ခြင်းကြောင့် အစာချက်လုပ်ခြင်းကနေ ရလာတဲ့ ကာဗိုဟိုက်ဒြိုတ်ဓာတ်ဟာ အောက်ဘက်ကို မဆင်းနိုင် တော့ပဲ၊ အပင်ရဲ့ အထက်ပိုင်းမှာ စုလာကာ ပန်းပွင့်မှုကို အားပေးလှုံ့ဆော်ရာရောက်ခြင်းဖြစ်ပါတယ်။ ဒါနဲ့ ဆက်စပ်နေတာ ကတော့ အပင်အာဟာရ (mineral nutrients) အပိုင်း။ အပင်ကို ဓားထစ် ခဲပစ် လိုက်ခြင်းကြောင့် အပင်က နိုက်ထရိုဂျင် (nitrogen) ဓာတ်ရရှိမှုဟာလည်း နည်းသွားပါတယ်။ အပင်ရဲ့ နိုက်ထရိုဂျင်စုပ်ယူမှု (nitrogen translocation process) ဖြစ်စဉ်အရ နိုက်ထရိုဂျင်ကို အမြစ်ရဲ့ရေကြော (xylem) နေတစ်ဆင့်စုပ်ယူကာ အပင်အပေါ်ပိုင်းရောက်ပြီး အစာကြော (phloem) မှတစ်ဆင့် အမြစ်ဆီသို့ ပြန်ပို့ပေးပါတယ်။ နိုက်ထရိုဂျင်ဓာတ် မရတာကြောင့် အမြစ်ကြီးထွားမှုရပ်တန့်သွားပြီး အပင်အတွက် နိုက်ထရိုဂျင်စုပ်ယူပေးမှုလည်း လျော့နည်း ရပ်တန့်သွားပါတယ်။ ဒါကို သီအိုရီသဘောအရ ကာဗွန်နိုက်ထရိုဂျင်အချိုး (C:N ratio) ပြောင်းသွားတယ်၊ ကာဗိုဟိုက်ဒြိုတ်အချိုးများလာပြီး နိုက်ထရိုဂျင်နည်းသွားတယ်လို့ ပြောကြတာပါ။ အပင်အပေါ်ပိုင်း ကိုင်းအခက်အလက်တွေထဲမှာ နိုက်ထရိုဂျင်ဓာတ် လျော့ကျသွားပြီး ကာဗိုဟိုက်ဒြိုက်ပမာဏများလာခြင်းဟာ ပန်းပွင့်စေဖို့ အကြောင်းအချက် တစ်ခုဖြစ်ပါတယ်။ သုတေသီပေါင်းများစွာက ဒီဖြစ်စဉ်ကို လေ့လာမှတ်တမ်းတင်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။
တတိယအချက်ကတော့ အပင်ဟော်မုန်းများရဲ့ ပါဝင်ဆက်စပ်နေမှုပဲ ဖြစ်ပါတယ်။ အပင်ရဲ့ ထိပ်ဖျားပိုင်းမှာ သဘာဝအလျောက် အောက်ဇင်(Auxin) ဟော်မုန်းဖြစ်ပေါ်ပါတယ်။ အဲဒီ ဟော်မုန်းဟာ အပင်ရဲ့ အောက်ဘက်ပိုင်းကို ဆင်းသွားပြီး အမြစ်သစ်ထွက်ပေါ်မှုကို အားပေးတဲ့ ဟော်မုန်းပါ။ အပင်က အမြစ်သစ်ထွက်ပေါ်မှုနဲ့အတူ ဆိုက်တိုကိုင်နင် (cytokinin) ဆိုတဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်ပြီး အပင်ရဲ့ ရေကြောစည်းကနေတဆင့် အပင်ရဲ့ အထက်ပိုင်းဆီကို ပို့ပေးပြီး အညွန့်သစ် ဖြစ်ပေါ်မှု (flushing) ကို အားပေးပါတယ်။ အပင်ကို ဓားထစ်၊ ခဲပစ်၊ အခေါက်ခွာ လိုက်ခြင်းကြောင့် auxin ဟာ အမြစ်ဆီမရောက်တော့ဘဲ အပင်အထက်ပိုင်းမှာ စုလာပြီး အညွန့်သစ်ထွက်မှုကို တားဆီးတဲ့အလုပ်ကိုလည်း လုပ်ပါတယ်။ Auxin ဟော်မုန်း အမြစ်ဆီကိုရောက်မှု နည်းသွားခြင်းက အမြစ်သစ်ထွက်မှုနည်းသွားစေပါတယ်။ အမြစ်သစ် ဖြစ်ပေါ်မှုနည်းသွားရင် ဆိုက်တိုကိုင်နင် (cytokinin) ဟော်မုန်း ထုတ်မှုလည်းကျဆင်းသွားတာကြောင့် အပင်က အညွန့်သစ်ဖြစ်ပေါ်မှုလည်း အလိုလို လျော့ကျသွားပါတော့တယ်။ ဒါကြောင့် အပင်ဟာ အညွန့်သစ် ထွက်မှုလျော့ကျသွားပြီး ပန်းပွင့်ဖို့ဘက်ကို တွန်းအားပေးသွားစေတာဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က ဘယ်ကြောင့် တန်ဆောင်မုန်းလပြည့်နေ့မှာ လုပ်ကြတာလဲ။ တန်ဆောင်မုန်းလပြည့်နေ့ဟာ မြန်မာတို့ရဲ့ အယူအဆအရ ကြယ်တာအစုံအညီ ထွန်းလင်း တောက်ပပြီး ဆေးပေါင်းခတယ်လို့ အဆိုရှိကြပါတယ်။ လပြည့်ညနေတွေမှာ ဆေးဖက်ဝင်တဲ့ ရောင်ခြည်တွေဟာ အပင်မှာ သွားစုတယ်လို့ ယူဆချက်တွေရှိပါတယ်။ Biodynamics Agriculture အယူအဆအရ လနဲ့ ကြယ်နက္ခတာရာတွေဟာ အပင်တွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုအပေါ်သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်ကလည်း လွှမ်းမိုး နေမလားဆိုတာ စဉ်းစားစရာပါပဲဖြစ်ပါတယ်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
18-12-2018 (Tuesday) 4:00 PM
ကိုးကား
၁။ The Mango (Botany, Production and Uses)
၂။ Regulating Horticultural Crops by Cultural and Chemical Methods (Bardhan and Sharma, 2018)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from HanPhyoAung
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....