သဘာဝမြေဩဇာမြက်ဖျော်ရည်နဲ့ မြေဖုံးပစ္စည်းအဖြစ် ပြန်အသုံးပြုနိုင်တဲ့ မြက်အပိုင်းအစများ
ရိတ်ဖြတ်ထားတဲ့ မြက်ပင်တွေဟာ ကျွန်ုပ်တို့ရဲ့ ဥယျာဉ်စိုက်ခင်းတွေနဲ့ အလှစိုက်မြက်ခင်းတွေအတွက် မယုံနိုင်လောက်အောင် ထူးခြားကောင်းမွန်တဲ့ သြဂဲနစ်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် အပင်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ရန်အတွက် ၎င်းတို့အား အသုံးပြုနိုင်မဲ့ နည်းလမ်းအချို့ကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မြက်ပင်လို့ဆိုရာမှာ သဘာအတိုင်းပေါက်တာမျိုးရှိသလို အချို့နေအိမ်ခြံဝန်းနဲ့ ဥယျာဥ်တွေမှာတော့ အလှစိုက်ပျိုးတဲ့ မြက်ပင် (မြက်ခင်း) များလည်းရှိကြပါတယ်။ သဘာဝအတိုင်းပေါက်တဲ့ မြက်ပင်တွေဟာဆိုရင် ပေါင်းရှင်းသလိုမျိုး တကြိမ်တည်းနဲ့ ရှင်းလင်းပစ်နိုင်ပေမဲ့ အလှစိုက်မြက်ပင်တွေကတော့ ၎င်းတို့ရဲ့ ကြီးထွားမှုအပေါ်မူတည်ပြီး ၇ - ၁၄ ရက်လျှင် ၁ ကြိမ်ရိတ်ဖြတ်ပေးကြရတာ ဖြစ်ပါတယ်။ အဆိုပါ ၂ မျိုးစလုံးကို အပင်နဲ့စိုက်ခင်းများမှာ ပြန်လည်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
ဥယျာဉ်စိုက်ခင်းတွေမှာ ရိတ်ဖြတ်ထားတဲ့ မြက်ပင်များကို ပြန်လည်အသုံးပြုခြင်းဟာ အပင်တွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ခြံဝန်းအတွင်းမှာရှိတဲ့ သဘာဝအမှိုက်သရိုက်များကို ဂေဟစနစ်နဲ့ လိုက်လျောညီထွေစွာ ပြန်လည်အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ မြေဆီလွှာကို ပိုမိုကောင်းမွန်စေပြီး အစိုဓာတ်ကို ကောင်းစွာထိန်းထားနိုင်ကာ အပင်တွေအများဆုံးလိုအပ်တဲ့ အာဟာရဓာတ်တွေကို တဖြည်းဖြည်း ဆွေးမြည့်ပြိုကွဲပြီး အစာအရင်းအမြစ်အဖြစ်နဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ထို့ကြောင့် မြက်ပင်တွေကို ဖြတ်တောက်ရိတ်သိမ်းရာကနေ ထွက်ရှိလာတဲ့ အကြွင်းအကျန်တွေကို ဥယျာဥ်စိုက်ခင်းတွေမှာ ပြန်လည်အသုံးချသင့်တာ ဖြစ်ပါတယ်။
ရိတ်ဖြတ်ထားတဲ့ မြက်ပင်တွေကို ဥယျာဉ်စိုက်ခင်းတွေမှာ နည်းလမ်းများစွာနဲ့ အသုံးပြုနိုင်ပါတယ်။ မြက်ပင်တွေကို ရိတ်ဖြတ်ပြီးတဲ့နောက် မြက်ခင်းပေါ်မှာ ချန်ရစ်ထားခဲ့ခြင်းဖြင့် အများစုဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပြိုကွဲသွားနိုင်တာ ဖြစ်ပါတယ်။ သို့မဟုတ် ၎င်းတို့ကို နုတ်နုတ်စင်းပြီးတော့လည်း မြေဆွေးပုံ သို့မဟုတ် မြေဆွေးပြုလုပ်မဲ့ ပုံးထဲသို့ထည့်ကာ အခြားနည်းလမ်းဖြင့် အသုံးပြုနိုင်ပါတယ်။ ရိတ်ဖြတ်ထားတဲ့ မြက်ပင်တွေထဲမှာဆိုရင် နိုက်ထရိုဂျင် ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ ရာခိုင်နှုန်း၊ ဖော့စဖောရပ်စ် ၁ ရာခိုင်နှုန်းနဲ့ အခြားသော အပင်အာဟာရဓာတ် အနည်းငယ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ မြက်ပင်တွေ ဆွေးမြေ့သွားတဲ့အခါမှာ မြေဆီလွှာမှာရှိတဲ့ အဏုဇီဝသက်ရှိပိုးမွှားများ ရှင်သန်ကြီးထွားစေဖို့အတွက် အစားအစာအရင်းအမြစ်အနေနဲ့လည်း ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။
အသုံးပြုသင့်တဲ့ အကြောင်းအရင်း
မြက်ပင်များကို ဥယျာဥ်စိုက်ခင်းများမှာ ပြန်လည်အသုံးပြုခြင်းဟာ မြေသြဇာကျွေးခြင်းကို အစားထိုးတာမျိုးမဟုတ်ပေမဲ့ ၎င်းတို့ကို မြေဖုံးပစ္စည်း (mulch) အဖြစ်နဲ့အသုံးပြုခြင်းဖြင့် အပင်တွေနဲ့ အလှစိုက်မြက်ပင်တွေရဲ့ မြေသြဇာလိုအပ်မှုကို ကြိမ်းသေပေါက် လျော့နည်းစေမှာ ဖြစ်ပါတယ်။ ၎င်းမြက်ပင်တွေ ဆွေးမြည့်ပြိုကွဲသွားတဲ့အခါမှာ အဓိက အာဟာရသုံးမျိုးဖြစ်တဲ့ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖောရပ်စ်တို့ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ရိတ်ဖြတ်ထားတဲ့ မြက်ပင်တွေဟာ အလှစိုက်မြက်ပင်များရဲ့ မြေသြဇာလိုအပ်ချက် ၂၅ ရာခိုင်နှုန်းနီးပါးကို ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ကို မြေဖုံးပစ္စည်း (mulch) အနေနဲ့ အသုံးပြုခြင်းဟာ အစိုဓာတ်ကို ကြာရှည်ထိန်းပေးထားနိုင်ပြီး မြက်ခင်းကို မကြာခဏရေလောင်းရတာမျိုးကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီလို ရိတ်ဖြတ်ထားတဲ့ မြက်ပင်တွေကို အသုံးပြုခြင်းနဲ့ပတ်သက်တဲ့ အမြင်လွဲမှားမှုတစ်ခုကတော့ ၎င်းတို့ဟာ မပြိုကွဲဘဲနဲ့ တဖြည်းဖြည်းနဲ့ စုပုံလာမယ်လို့ ထင်မြင်မိကြတာဖြစ်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုတယ်ဆိုရင်တော့ အဆိုပါပြဿနာကို စိုးရိမ်စရာမလိုပါဘူး။
မြေဖုံးပစ္စည်းအဖြစ် အသုံးပြုနည်း
ခြံအတွင်းမှာရှိတဲ့ ပန်းပင်များ၊ ဟင်းသီးဟင်းရွက်ပင်များနဲ့ သစ်ပင်များရဲ့ပတ်လည်မှာ ရိတ်ဖြတ်ထားတဲ့ မြက်ပင်များကို ဖုံးပေးထားခြင်းဟာ ပေါင်းပင်များကို ထိန်းချုပ်နိုင်ပြီး မြေဆီလွှာရဲ့ အပူချိန်နဲ့ အစိုဓာတ်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပေါ့ပါးပြီး လျင်မြန်စွာပြိုကွဲနိုင်တာကြောင့် အသင့်တော်ဆုံး မြေဖုံးပစ္စည်းအဖြစ် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အပင်ခြေရင်း အနီးအနားမှာ အသုံးပြုမယ်ဆိုရင် ၂ - ၃ လက်မ အထူရှိတဲ့အလွှာကို ဖြန့်ခင်းနိုင်ပါတယ်။ အသုံးပြုမဲ့ မြက်ပင်တွေဟာဆိုရင်လည်း ယေဘုယျအားဖြင့် ၁ -၂ လက်မခန့် အရှည်ရှိသင့်တာ ဖြစ်ပါတယ်။
မြေဖုံးရာမှာ အသုံးပြုတဲ့အခါ မြက်အစိုတွေထက် အစိုဓာတ်နည်းပြီး ခြောက်သွေ့စပြုနေပြီဖြစ်တဲ့ မြက်ခြောက်များကို အသုံးပြုတာက အကောင်းဆုံးပါပဲ။ လတ်လတ်ဆတ်ဆတ် ရိတ်ဖြတ်ထားတဲ့မြက် (သို့မဟုတ်) စိုစွတ်နေတဲ့မြက်တွေကို အသုံးပြုမယ်ဆိုရင် ရေစိမ့်ဝင်နိုင်မှုကို နှေးကွေးစေပြီး အပေါ်ယံမြေမျက်နှာပြင်ကနေ မြေဆီလွှာအောက်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အောက်ဆီဂျင်ပမာဏကို လျော့ကျစေမှာဖြစ်ပါတယ်။ အကယ်လို့ လတ်ဆတ်တဲ့ မြက်ပင်တွေကို အသုံးပြုမယ်ဆိုပါက အစိုဓာတ်များပြီး စုပုံနေတာမျိုးမဖြစ်ရအောင် သေးငယ်တဲ့အပိုင်းအစလေးတွေ ရရှိတဲ့အထိ ခုတ်ထစ်ဖြတ်တောက်ပြီးမှ အသုံးပြုသင့်ပါတယ်။ ပိုပြီးစိတ်ချချင်ရင်တော့ အခြောက်ခံပြီးမှ အသုံးပြုသင့်ပါတယ်။ ဥယျာဥ်စိုက်ခင်းတွေမှာ အသုံးပြုမဲ့ မြက်တွေကို မရိတ်ဖြတ်မီမှာ အဆိုပါမြက်ခင်းဟာ ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေးတွေ ဖျန်းထားတာမျိုး မဟုတ်ဖို့ သတိပြုရမှာဖြစ်ပါတယ်။ အသုံးပြုမဲ့ မြက်ပင်တွေမှာ ဓာတုဗေဒပစ္စည်းတွေ ပါရှိလာမယ်ဆိုရင် စိုက်ခင်းထဲမှာရှိနေတဲ့ အပင်တွေအတွက် ပြဿနာဖြစ်လာနိုင်တာကြောင့် ဂရုပြုရမှာဖြစ်ပါတယ်။
မြက်ပင်တွေကို အပင်ကြီးတွေမှာသာမက ပျိုးခင်းနဲ့ ပျိုးပေါင်တွေမှာလည်း အပေါ်ကနေ မြေဖုံးအစာကျွေးတဲ့ပုံစံ (Top Dressing) နဲ့လည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ မြက်ပင်တွေကို ပုံမှန်ထက် အရွယ်အစားသေးအောင်ပြုလုပ်ပြီး ထည့်သွင်းပေးပါ။ ထိုကဲ့သို့ အသုံးပြုခြင်းဖြင့် အစိုဓာတ်ထိန်းပေးခြင်း၊ ပေါင်းမြက်ကာကွယ်ပေးခြင်း၊ မြေကြပ်တာ ကာကွယ်ပေးခြင်းနဲ့ အာဟာရဓာတ်များ ပေါင်းထည့်ပေးနိုင်ခြင်းစတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

မြေသြဇာဖျော်ရည်အဖြစ် အသုံးပြုခြင်း
၁၀၀ ရာခိုင်နှုန်း အော်ဂဲနစ်မြေသြဇာအရည်အဖြစ်နဲ့လည်း ပြုလုပ်နိုင်ပါတယ်။ မြေသြဇာအရည် ပြုလုပ်ဖို့ရာအတွက် ပထမဆုံးအနေနဲ့ ပုံးတစ်ပုံးရဲ့ ၃ ပုံ ၂ ကို ရိတ်ဖြတ်ထားတဲ့ မြက်ပင်များနဲ့ ဖြည့်ရပါမယ်။ ပြီးပါက ရေကို ပုံးထဲသို့ လုံးဝပြည့်တဲ့အထိမထည့်ဘဲ လက်မအနည်းငယ်ချန်ထားကာ ထည့်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် တစ်နေ့လျှင် တစ်ကြိမ်ခန့် မွှေပေးရပါမယ်။ ၃ - ၄ ရက်ကြာပြီးတဲ့အခါ မြက်ပင်အပိုင်းအစများကို စစ်ယူဖယ်ရှားပြီး အရည်ကိုတော့ အပျော့စား မြေသြဇာဖျော်ရည်အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ မြက်ပင်အပိုင်းအစများကိုတော့ မြေဆွေးပုံပြုလုပ်မဲ့ထဲသို့ တိုက်ရိုက်ထည့်သွင်းနိုင်ပါတယ်။ အာနိသင်ပျော့ပျောင်းတဲ့ မြေသြဇာအရည်ဖြစ်တာကြောင့် အပင်များကို ဖျန်းတဲ့အခါမှာ လောင်ကျွမ်းတာမျိုး ဖြစ်စေမှာမဟုတ်ပါဘူး။ အသင့်တော်ဆုံးပမာဏကတော့ အပင်တစ်ပင်လျှင် ခွက် တစ်ဝက်မှ ၁ ခွက်အထိ အသုံးပြုနိုင်ပါတယ်။ မိမိအသုံးပြုမဲ့ အပင်အရွယ်အစားပေါ် မူတည်ပြီး ချိန်ဆလောင်းပေးနိုင်ပါတယ်။ အသုံးပြုတဲ့အခါမှာ အရွက်တွေပေါ်ကို လောင်းတာမျိုးထက် အပင်ခြေ အမြစ်တဝိုက်မှာ လောင်းတာက ပိုမိုထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Applicable farm inputs (Ad)
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026