သူကြွယ်ဂမုန်းပင်များ အိပ်စက်ခြင်းပေါ် မြန်မာတို့၏ ယုံကြည်ယူဆချက်များအား စိုက်ပျိုးရေးသိပ္ပံရှုထောင့်မှ သုံးသပ်ကြည့်ခြင်း
သူကြွယ်ဂမုန်းလို့ ကျနော်တို့မြန်မာအများစုခေါ်ကြတဲ့ အိမ်အလှဆင်အပင်လေးတွေကို တချို့ မြင်ဖူးကြမယ်လို့ ထင်ပါတယ်။ တချို့လည်း အပင်ကို နာမည်နဲ့ တွဲပြီး မသိသော်လည်း ဖြတ်သွားဖြတ်လာမြင်ဖူးကြပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ Prayer Plant လို့ခေါ်ပါတယ်။ သူ့ရဲ့ ရုက္ခဗေဒအမည်ကတော့ Maranta leuconeura ပါ။ မျိုးစိတ် (species) နဲ့ မျိုး (variety) ပေါ်မူတည်ပြီး အပင်ရဲ့အရောင်အသွေးပုံသဏ္ဏန်တော့ ကွာခြားတာတွေရှိပါတယ်။
ဒီသူကြွယ်ဂမုန်းပင်လေးတွေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။ နေ့အခါမှာ သူကြွယ်ဂမုန်းအပင်လေးတွေက အခြားအပင်များလိုပဲ အရွက်လေးတွေ ပြန့်ကားပြီး လှလှပပတွေ့ရပေမယ့် နေဝင်မှောင်လာတာနဲ့အမျှ အရွက်ကလေးတွေဟာ မျက်နှာခြင်းဆိုင် စုပြီး ထောင်လာပါတယ်။ အဲသလို အရွက်ကလေးတွေ စုပြီးထောင်လာတဲ့ ပုံသဏ္ဏန်ဟာ လူတွေ အရိုအသေပေး/ကန့်တော့တဲ့အခါမှာ လက်အုပ်ချီထားတဲ့ ဟန်ပန်နဲ့ တူလို့ သူရဲ့အမည်ကို Prayer Plant လို့ သုံးစွဲခဲ့ဟန်တူပါတယ်။ ကျနော်တို့ အပင်မြတ်နိုးသူ မြန်မာများကတော့ ညအခါမှာ သူကြွယ်ဂမုန်းအပင်လေးတွေရဲ့ အရွက်လေးတွေ မျက်နှာချင်းဆိုင်စုပြီး ထောင်သွားတာကို “အပင်လေးတွေ အိပ်ကြပြီ” လို့ သတ်မှတ်ကြပါတယ်။
သူကြွယ်ဂမုန်းအပင်လေးတွေဟာ နေ့စဉ်နဲ့အမျှ နံနက်နေရောင်ခြည်လာရင် အရွက်တွေပြန့်ကားပြီး အိပ်ယာက ထလာကြ၊ ညနေစောင်းလို့ နေဝင်သွားရင် အရွက်လေးတွေ စုကပ် ထောင်သွားပြီး အိပ်ယာဝင်ကြနဲ့ ပုံမှန်ဖြစ်စဉ်ပါပဲ။ ဒါပေမယ့်လို့ တခါတရံမှာ သူကြွယ်ဂမုန်းအပင်လေးတွေဟာ ညအခါမှာ မအိပ်စက်ဘဲ အရွက်ကလေးတွေ ပြန့်ကားနေတတ်ကြပါတယ်။ တချို့က ဒီအပင်လေးတွေကို အယူသီးစွာနဲ့ နေ့စဉ်စောင့်ကြည့်တတ်ပါတယ်။ အပင်လေးတွေ ညအခါမှာ မအိပ်တော့ဘူးဆိုရင်တော့ “သေချာပြီ၊ ဒီည အိမ်မှာ တစ်ခုတစ်ခု ဖြစ်တော့မှာမို့ အပင်လေးတွေက မအိပ်ဘဲ စောင့်နေကြပြီ၊ အပင်လေးတွေက ဒို့ကို သတိပေးနေကြပြီ” ဆိုပြီး အယူအဆယုံကြည်ချက်တွေရှိပါတယ်။ တချို့ကလည်း သူတို့ရဲ့ အတွေ့အကြုံအရ သူကြွယ်ဂမုန်းပင်လေးတွေ မအိပ်တဲ့ ညမှာ အိမ်ကို သူခိုးကပ်ခြင်း၊ ဓားပြဝင်တိုက်တာခံရခြင်းစတဲ့ အတွေ့အကြုံတွေကို ရေးသားဖော်ပြကြ ပြောဆိုဆွေးနွေးကြတာတွေကို မှတ်သားခဲ့ရဖူးပါတယ်။
သူကြွယ်ဂမုန်းပင်လေးတွေရဲ့ ပုံမှန်အိပ်စက်ခြင်းနဲ့ တခါတရံ မအိပ်စက်ခြင်းတို့ကို စိုက်ပျိုးရေးသိပ္ပံရှုထောင့်ကနေ ချဉ်းကပ် သုံးသပ်ကြည့်ပါ့မယ်။
သူကြွယ်ဂမုန်းပင်လေးတွေ နေ့အခါမှာ အရွက်တွေပြန့်ကားလာပြီး ညအခါမှာ အရွက်တွေစုထောင်သွားတဲ့ ပုံမှန်ဖြစ်စဉ်ဟာ ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းနဲ့ ပြောရရင် Circadian Rhythmic Movement ပါ။ အပင်ကိုလိုက်ပြီး ဒီ Cicadian Rhythmic Movement က မတူကြပါဘူး။ တချို့အပင်တွေမှာ ဒီဖြစ်စဉ်က သိသိသာသာမထင်ရှားပါဘူး။ တချို့အပင်တွေကျတော့ အရွက်တွေမှာ ဖြစ်ပျက်တာကို တွေ့ရပါတယ်။ သူကြွယ်ဂမုန်းဆိုရင် သူ့ရဲ့ Cicadian Rhythmic Movement ဟာ အရွက်မှာ ဖြစ်တာတွေ့ရပါတယ်။ ဒါကြောင့် Cicadian Rhythmic Movement of the leaves လို့ ပြောကြပါတယ်။ တချို့အပင်တွေမှာတော့ ပန်းပွင့်တွေမှာ တွေ့ရတတ်ပါတယ်။ Morning glories (Ipomea leptophylla) ဆိုတဲ့ အပင်မှာဆို အပွင့်ဟာ နံနက်ပိုင်းမှာ ပွင့်ပြီး ညအခါမှာ ပိတ်သွားတတ်ပါတယ်။ အဲဒီလို အပွင့်မှာ ဖြစ်တယ်ဆိုရင်တော့ Cicadian Rhythmic Movement of the flower လို့ သုံးစွဲပါတယ်။ ဒီ Cicadian Rhythms ဟာ အပင်အပါအဝင် သက်ရှိတွေရဲ့ ဇီဝကမ္မဗေဒအပြုအမူပေါ် မူတည်ပြီး နေ့ညအလိုက် ပြောင်းလဲမှု ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ တချို့သက်ရှိက နေ့အခါမှာ ပိုပြီး အသက်ဝင် (active) လေ့ရှိပြီး တချို့က ညအခါမှာ ပိုပြီး အသက်ဝင်လေ့ရှိတတ်ပါတယ်။
သူကြွယ်ဂမုန်းပင်တွေမှာ အရွက်ကလေးတွေဟာ နေ့အခါမှာ ပြန့်ကားပြီး ညအခါမှာ စုထောင်သွားတာကိုကြည့်ရင် နေ့အခါမှာ ပိုပြီးအသက်ဝင်သော Diurnality သဘာဝရှိတဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ ဘာသာရပ်ဆိုင်ရာစကားနဲ့ပြောရရင် Nyctinastic Behavior လို့ သုံးပါတယ်။ တနည်းပြောရရင် သူကြွယ်ဂမုန်းပင်ရဲ့ အသက်ဝင်မှု Diurnal pattern ဟာ အလင်းရောင်ပြင်းအား (Light intensity) နဲ့ အပူချိန် (temperature) တို့အပေါ်မူတည်ပြီး တုန့်ပြန်တာဖြစ်ပါတယ်။ သူကြွယ်ဂမုန်းပင်လေးတွေဟာ သူ့ရဲ့သဘာဝအရကိုက အလင်းရောင်ကို သိပ်မကြိုက်နှစ်သက်ကြပါဘူး။ သို့သော်လည်း အပင်မှာ အစိုဓာတ်အမြဲမပြတ်ရှိနေတာကိုတော့ ကြိုက်နှစ်သက်တဲ့ အပင်ကလေးတွေပါ။
သူကြွယ်ဂမုန်းပင်လေးတွေ ပုံမှန်မဟုတ်ဘဲ ညအခါမှာလည်း အရွက်ကလေးတွေဟာ ပြန့်ကားနေတယ်ဆိုတာဟာ သူလိုအပ်တဲ့ အလင်းရောင်ထက် ပိုပြီးရတဲ့အခါ ဖြစ်တတ်ပါတယ်။ ဥပမာ- အပင်လေးတွေစိုက်ထားတဲ့နေရာ အနီးတဝိုက်မှာ ညနေစောင်းတဲ့အခါ အလင်းရောင်ရစေတဲ့ မီးသီးမီးချောင်းတွေရှိနေရင် သူ့အတွက် လိုအပ်တာထက်ပိုပြီး အလင်းရောင်ရတာဖြစ်တဲ့အတွက် အပင်လေးတွေ ပုံမှန်အတိုင်းအရွက်လေးတွေစုထောင်ပြီး အိပ်မသွားဘဲ ရှိနေတတ်ပါတယ်။ တခါတရံအပင်လေးတွေကို နေရာအပြောင်းအရွေ့လုပ်ရင်လည်း ညအခါမှာ အပင်လေးတွေ မအိပ်ဘဲ ဖြစ်တတ်ပါတယ်။ နေ့တာရှည်တဲ့ နွေရာသီလိုကာလမျိုးဆို ပိုဖြစ်နိုင်ဖွယ်ရှိပါတယ်။
နောက်ထပ်ဖြစ်တတ်တာတစ်ခုက အပင်မှာ အစိုဓာတ်လုံလောက်စွာ ရမနေခြင်းပါ။ သူကြွယ်ဂမုန်းအပင်လေးတွေဟာ အစိုဓာတ်လုံလောက်စွာရမှသာလျှင် အရွက်အောက်ခြေရှိ ရိုးတံရဲ့အဖောင်းလေး (pulvinus) အတွင်းမှာရှိတဲ့ ဆဲလ်အရည်တွေတင်း (turgor pressure) လာပြီး ညအခါမှာ အရွက်တွေဟာ စုပြီးထောင်လာတတ်တာပါ။ ဒါကြောင့် အပင်အတွက် လိုအပ်တဲ့ လိုအပ်တဲ့ အစိုဓာတ်မရတဲ့အခါမျိုးမှာလည်း သူကြွယ်ဂမုန်းပင်လေးတွေ ညအခါမှာ အရွက်တွေဟာ ပြန့်ကားနေပြီး မအိပ်ဘဲဖြစ်နေတာကို တွေ့ရတတ်ခြင်းဖြစ်ပါတယ်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
၂၅-၄-၂၀၁၄
ကျမ်းကိုး
၁။ Plant Circadina Rhythms (The Plant Cell, 2006)
၂။ The Complete Gardener (John Brookes, 1994)
၃။ Mader Biology (Chapter 26)
၄။ Plants that don’t sleep will take the dirt nap (Biology Concepts, 2011)
၅။ Webster’s Third New International Dictionary
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from HanPhyoAung
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....