လပြည့်၊ လကွယ်ခြင်းဖြစ်စဉ်ကိုလိုက်ပြီး သီးနှံများရွေးချယ်စိုက်ပျိုးခြင်း
သီးနှံပင်တွေစိုက်ပျိုးဖို့အတွက်ဆိုရင် ရေ၊ မြေ၊ လေ ပတ်ဝန်းကျင်နဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး စိုက်သင့် မစိုက်သင့် ဆုံးဖြတ်ရလေ့ရှိပါတယ်။ အများအားဖြင့်တော့ တိမ်ထူရက်၊ နေပူရက်၊ မိုးရွာရက်၊ လေတိုက်ရက် စသည်ဖြင့် တွက်ချက်ကာ သီးနှံတွေရွေးချယ်ပြီး စိုက်မည့်ရက်ကို ဆုံးဖြတ်ကြရတာပါ။ ဒါပေမယ့် အခုကတော့ လူသိနည်းသေးတဲ့ လထွက်ခြင်း၊ လပြည့်ခြင်း၊ လကွယ်ခြင်း စတဲ့ရက်တွေပေါ်မူတည်ပြီး သီးနှံများရွေးချယ်စိုက်ပျိုးအကြောင်းကို ပြောပြပေးခြင်ပါတယ်ဗျ။
လစဉ်တိုင်းရဲ့လဆန်း(၁)ရက်နေ့မှ လဆန်း(၇)အတွင်းမှာဆိုရင်- လရဲ့ဆွဲငင်အားကြောင့် မြေကြီးထဲမှာရှိတဲ့ အစိုဓာတ်တွေဟာ မြေဆီလွှာရဲ့အပေါ်ယံအလွှာကို ရောက်ရှိလာကြပါတယ်။ ဒီလိုအစိုဓာတ်တွေရောက်ရှိလာမှုကြောင့် အစေ့တွေ အညှာက်ပေါက်မှုကို အားကောင်းစေပြီး မြေဆီလွှာရဲ့အပေါ်ယံလေးမှာ စိုက်ရတဲ့ ဆလပ်၊ ပန်းဂေါ်ဖီ၊ဂေါ်ဖီထုပ်၊ နံနံပင်၊ ဟင်းနုနွယ်စတဲ့ တစ်ရာသီခံ အရွက်စားဟင်းရွက်ပင်တွေကို စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်ပါ။
လဆန်း(၇)ရက်နေ့မှ လပြည့်နေ့အထိ- ဒီရက်တွေအတွင်းမှာဆိုရင်လည်း လရဲ့အလင်းရောင်က အားကောင်းနေပြီး ကမ္ဘာမြေကြီးရဲ့ဆွဲငင်အား လျော့ကျလျှက်ရှိပါတယ်။ အသီးစားပင်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်၊ ခရမ်းချဉ်သီး စတဲ့အပင်တွေ စိုက်သင့်ပါတယ်။
လပြည့်ကျော်(၁)ရက်နေ့မှ (၇)ရက်နေ့- ဒီရက်တွေအတွင်းမှာဆိုရင် လရဲ့အလင်းရောင်လျော့ကျလာပြီး ကမ္ဘာမြေကြီးရဲ့ဆွဲငင်အား ပြန်တက်လာပါတယ်။ အစိုဓာတ်က မြေအောက်ပိုင်းမှာပိုရှိပြီး အမြစ်တွေအောက်ဘက်ကို ဖွံ့ဖြိုးစေကာ ဥစားသီးနှံတွေဖြစ်တဲ့ အာလူး၊ ဥနီ၊ မုန်လာဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတဲ့ သီးနှံပင်တွေကို စိုက်ပေးသင့်ပါတယ်။
လပြည့်ကျော်(၇)ရက်မှ လကွယ်နေ့အထိ- ဒီရက်တွေအတွင်းမှာဆိုရင်တော့ လနဲ့ကမ္ဘာမြေကြီးရဲ့ဆွဲအားတွေ လျော့ကျနေပြီး (resting period)လို့ခေါ်ကာ သီးနှံပင်တွေစိုက်ရင် ဖွံ့ဖြိုးမှုနှေးကွေးတာမို့ မစိုက်သင့်ပါဘူး။ ရွှေ့စိုက်တာ၊ မြေဩဇာကျွေးတာနဲ့ ရိတ်သိမ်းဖို့အတွက်တော့ သင့်တော်တဲ့ အချိန်တွေပါ။
လထွက်ခြင်း၊ လပြည့်ခြင်းဖြစ်စဉ်ကိုလိုက်ပြီး သီးနှံပင်တွေစိုက်ပျိုးခြင်းက အပင်တွေပိုသန်မာပြီး အထွက်ကောင်းတယ်လို့ ရှေးလူကြီးတွေကတော့ အခိုင်မာယုံကြည်ကြပါတယ်။ တချို့ကတော့ ဒီလိုတွေစိုက်ခြင်းဟာ စိတ်ကူးယဉ်ဆန်တာသက်သက်ဆိုပြီး လက်မခံသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် များစွာသော သီးနှံစိုက်ပျိုးသူတွေကတော့ လထွက်ခြင်းဖြစ်စဉ်ကိုလိုက်ပြီး စိုက်ပျိုးခြင်းဟာ အမှန်တကယ်အလုပ်ဖြစ်ကြောင်း ပြောလာကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာလည်း အပင်တွေစိုက်ခြင်းအပေါ် လရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်ချက်တွေပြုလုပ်ကြည့်တဲ့ အခါမှာတော့ အမှန်တကယ်အကျိုးရှိပြီး အထွက်နှုန်းတိုးကြောင်း ရေးသားထားပါတယ်။ ကျွန်တော်တို့ တောင်သူဦးကြီးတွေလည်း လထွက်ခြင်းဖြစ်စဉ်အတိုင်း စမ်းသပ်စိုက်ကြည့်ဖို့ အကြံပြုလိုပါတယ်။
Ref; https://www.gardeningknowhow.com/garden-how-to/info/how-to-plant-by-moon-phases.htm
https://www.gardeningbythemoon.com/moon-phase-gardening/
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းရာဇာ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....