ဒေသစပါးမျိုးကို နောက်ဆွဲစိုက်ပျိုးလျှင်
မြန်မာနိုင်ငံ၌ စပါးမျိုးပေါင်း(၁၀၀)နီပါးကို နှစ်စဥ်စိုက်ပျိုးလျှက်ရှိသည်။ သို့သော် အုပ်စုအားဖြင့် ခွဲခြားဖော်ပြရလျှင် ဒေသစပါးမျိုး၊ အထွက်ကောင်းစပါးမျိုး နှင့် စပ်မျိုးစပါးဟူ၍ (၃) အုပ်စု ဖြစ်ပါသည်။
ယခုဆောင်းပါးတွင် ဒေသစပါးမျိုး (Local variety or Traditional variety)အုပ်စုနှင့် ပတ်သက်၍ သုတပေးမျှဝေလိုပါသည်။
ဒေသစပါးမျိုးအုပ်စု
ဒေသစပါးမျိုးနှင့်ပတ်သက်၍ ထူးခြားချက် (၄) ချက် ရှိပါသည်။
ပထမအချက်မှာ ဒေသစပါးမျိုးများသည် အလင်းရောင်တုန့်ပြန်မှု (Photoperiod sensitive) ရှိသည်။ ထို့ကြောင့် မိုးရာသီတွင်သာ စိုက်ပျိုးလေ့ရှိသည်။ မျိုးအလိုက် သတ်မှတ်ရက် (Date-fixed)တွင် ပန်းပွင့်သည့်မျိုးများဖြစ်သည်။ ဥပမာ- နိုဝင်ဘာပထမပတ်တွင် ပန်းပွင့်လေ့ရှိသည့် အင်းမရဲဘော်စပါးမျိုးသည် နှစ်စဉ် စိုက်ချိန်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ထိုအချိန်၌ ပန်းပွင့်လေ့ရှိပါသည်။
ဒုတိယအချက်မှာ ဒေသစပါးမျိုးများသည် စပါးအထွက်စွမ်းရည်နည်းသည့် (Low-yielding ability) စပါးမျိုးတွေဖြစ်သည်။ သို့သော် ပေါင်းမြက်ကာကွယ်နှိမ်နင်းမှု မပြုလုပ်ခြင်း၊ မြေသြဇာမကျွေးခြင်းစသည့် ပြုစုဂရုစိုက်မှုညံ့ဖျင်းသော်လည်း သင့်တင့်သောစပါးအထွက်ကို ပေးစွမ်းနိုင်ပါသည်။
တတိယအချက်မှာ ဒေသစပါးမျိုးတွေကို ဓာတ်မြေသြဇာကျွေးသော်လည်း ကျွေးသလောက် တုန့်ပြန်အကျိုးပြုနိုင်ခြင်း မရှိပါ။
စတုတ္ထအချက်မှာ ဒေသစပါးမျိုးများသည် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။
စိုက်ပျိုးမှုအခြေအနေ
အနောက်တောင်မုတ်သုန်လေဖြင့် ရွာသွန်းသည့်မိုးရေကို အားကိုးစိုက်ပျိုးကြသည့် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအများစုတွင် ရှေးယခင် ရာစုနှစ်ပေါင်းများစွာကပင် ဒေသစပါးမျိုးများကိုသာ စိုက်ပျိုးခဲ့ကြသည်။ ယခုလည်း စိုက်ပျိုးဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ဒေသစပါးမျိုးများ၏နေရာတွင် အထွက်ကောင်းစပါးမျိုးများကို လွန်ခဲ့သောနှစ်ပေါင်း (၅၀) ခန့်မှစတင်၍ အစားထိုး စိုက်ပျိုးလာခဲ့သည်။ ထို့ကြောင့် ဒေသစပါးမျိုးစိုက်ဧရိယာသည် တစ်စထက်တစ်စ လျော့နည်းလာသည်။ သို့သော် လုံးဝပျောက်ကွယ်သွားခြင်းမရှိပါ။
ယခုလက်ရှိ ကျယ်ပြန့်စွာစိုက်ပျိုးလျှက်ရှိသော ဒေသစပါးမျိုးများမှာ မီးဒုန်း၊ ငစိန်၊ နှံကား၊ ပေါ်ဆန်းစပါးမျိုးများ၊ အင်းမရဲဘော်၊ ငကျွဲ၊ ယာ၊ တောင်ယာ၊ ကောက်ညှင်း-စသည်တို့ဖြစ်သည်။ အင်းမရဲဘော်နှင့် ပေါ်ဆန်းစပါးမျိုးများမှာ အရည်အသွေးကောင်းစပါးမျိုးများ ဖြစ်ပါသည်။
ဒေသစပါးမျိုး၏ ရေမြေဒေသသီးသန့်ဖြစ်ထွန်းမှုနှင့် လယ်သမား၊ စားသုံးသူနှင့် စျေးကွက်ကြိုက်နှစ်သက်မှုကြောင့် ယခုထိ စိုက်ပျိုးလျှက်ရှိခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
စိုက်ပျိုးချိန်အလိုက် ဖြစ်ထွန်းမှု
ဒေသစပါးမျိုး၏ ပျိုးထောင်စိုက်ပျိုးချိန် (Time of Sowing) သည် အရေးပါသော အချက်တစ်ချက်ဖြစ်ရာ စိုက်ပျိုးချိန်အလိုက် ဖြစ်ထွန်းမှုကို သီးနှံစိုက်ပျိုးနည်းစနစ်သုတေသီများက ၁၉၉၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ စမ်းသပ်ခဲ့ဘူးကြောင်း သိရပါသည်။
ထိုအချိန်က ထင်ရှားသည့် ရဲဘော်ရင်၊ ရဲဘော်လတ်၊ ရဲဘော်စိန်၊ ရဲဘော်ရိုးစိမ်း၊ အင်းမရဲဘော်၊ ပင်တိုစိမ်း၊ ပေါ်ဆန်းမွှေး၊ ငကျွဲ၊ ရွှေဒင်္ဂါး၊ ရွှေမန်း ၁၊ နှံကားစပါးမျိုးများအား စိုက်ပျိုးချိန်အလိုက် တစ်ဧကအထွက်နှုန်းအပေါ် အကျိုးပြုမှုကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အသုံးဝင်နိုင်သေးသဖြင့် သုသေသနရလဒ်အချို့ကို မျှဝေရခြင်း ဖြစ်ပါသည်။
ဇူလိုင်လအလယ်တွင်စိုက်ခြင်းသည် စပါးအထွက်အများဆုံးကို ရရှိစေသည်။ သြဂုတ်လယ်တွင်စိုက်ပါက ပုံမှန်ထက် အနှံထွက်ချိန်နောက်ကျသွားသည်။ ထို့ပြင် စပါးအထွက်လျော့နည်းသွားသည်။ စက်တင်ဘာလလယ်တွင်စိုက်ခြင်းသည် ကောက်ကွက်တစ်ကွက်ရှိ အနှံအရေအတွက်နည်းစေသည်။ တစ်နှံပါအောင်စေ့အရေအတွက် နည်းစေသည်။ အကျိုးဆက်အားဖြင့် စပါးအထွက်အနည်းဆုံးဖြစ်သည်။ ပုံမှန်အထွက်၏ ၄၉ ရာခိုင်နှုန်းသာထွက်ရှိတာ တွေ့ရပါသည်။
ထောက်ခံချက်
သုတေသနတွေ့ရှိချက်များအရ အကယ်၍ ရေကြီးရေလွှမ်းခံရသော လယ်မြေများတွင် ဒေသစပါးမျိုးများကို ပုံမှန်ထက် နောက်ကျစိုက်နိုင်ပါသည်။
ထို့အပြင် သီးထပ်သီးနှံပုံစံအရ ရှေ့သီးနှံကြောင့်သော်လည်းကောင်း၊ မမျှော်လင့်သော အခြားအကြောင်းကြောင့်သော်လည်းကောင်း၊ နောက်ဆွဲစိုက်ရမည့်အခြေအနေများ ဖြစ်ပေါ်ပါက ဒေသစပါးမျိုးများကို ပုံမှန်ထက် နောက်ကျစိုက်ပျိုးနိုင်ပါသည်။
သို့သော် သင့်တင့်သောစပါးအထွက်(Acceptable Yield)ကို ရဖို့ဆိုရင်တော့ သြဂုတ်လကုန်ထက်တော့ နောက်ကျစိုက်ပျိုးခြင်းမပြုသင့်ကြောင်း အသိပေးလိုပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးစိုက်ပျိုးနည်း
Topic 2
စပါးမျိုးများ
Applicable farm inputs (Ad)
ကိုခင်မောင်ဝင်း
4 years agoဆန်အရည်အသွေးမပျက်အာင်ောင်ရွက်နည်းလေးသိချင်ပါတယ်ျ
U Tin Win Thaw
4 years agoစပါးအထွက်တိုးကြပါစေ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all