အထွက်ကောင်းမျိုးအုပ်စုဝင် မျိုးသစ်...သုခရင်နှင့် ရေဆင်းလုံးသွယ်
စပါးသီးနှံကို အဓိကထား စိုက်ပျိုးလျက်ရှိသော ကျွန်တော်တို့မြန်မာနိုင်ငံမှာ သက်လတ်နှင့် သက်လျင်စပါးမျိုးများကို စိုက်ပျိုးလျက်ရှိသည်။ နိုင်ငံတစ်နံတစ်လျား စပါးစိုက်ပျိုးရာ ရေမြေသဘာဝ ကွဲပြားခြားနားသည်နှင့်အညီ စပါးမျိုးသစ်များကိုလည်း သုတေသနပြုဖေါ်ထုတ်နေဖို့ လိုအပ်လျက်ရှိသည်။ သို့မှသာ သင့်တော်ရာရေမြေမှာ သင့်တော်ရာစပါးမျိုးကို စိုက်ပျိုးနိုင်မှာဖြစ်ပါသည်။
မျိုးထွန်းစပါးနှစ်မျိုး
မြန်မာ့စိုက်ပျိုးရေးသုတေသနရှိ သုတေသီများသည် စဥ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ပြီး စပါးမျိုးသစ်များကို ဖေါ်ထုတ်ပေးလျက်ရှိရာ ထုတ်ဝေပြီး စပါးမျိုးများအနက် မျိုးထွန်းစပါးမျိုးနှစ်မျိုးကို အသိပေးဖေါ်ပြလိုသည်။ အဆိုပါမျိုးနှစ်မျိုးမှာ မနောသုခမျိုးထွန်းနှင့် လုံးသွယ်မွှေးမျိူးထွန်းတို့ ဖြစ်ပါသည်။
မျိုးထွန်းဆိုတာ စပါးသီးနှံသုတေသနလုပ်ငန်း၏ မွေးမြူရေးနည်းလမ်းတစ်ခု ဖြစ်သည်။ မျိုးကောင်းစပါးမျိုးတစ်မျိုးအား အရည်အသွေးလက္ခဏာအများစုကို ကြိုက်နှစ်သက်သော်လည်း အခြားအရည်အသွေးတစ်ခု (သို့မဟုတ်) နှစ်ခု လိုအပ်လျက်ရှိသောအခါ အဆိုပါစပါးမျိုးတွင် ထိုလိုအပ်သောအရည်အချင်းများ ပါဝင်လာစေရန် မွေးမြူထုတ်လုပ်သောနည်းလို့ နားလည်ရပါသည်။
အခြားနိုင်ငံမှ တင်သွင်းကာ ပြည်တွင်းတွင် စိုက်ပျိုးဖြစ်ထွန်းခြင်းရှိမရှိ စမ်းသပ်ကာ ထုတ်ဝေသောမျိုး မဟုတ်ပါ။ ကြိုက်နှစ်သက်ရာ အချက်အလက်များရှိသော မိဘစပါးမျိုးနှစ်မျိုးကို မျိုးစပ်ကာ သားဆက်အဆင့်ဆင့် ရွေးချယ်မွေးမြူထုတ်လုပ်သောစပါးမျိုးလည်း မဟုတ်ပါ။
မူရင်းစပါးမျိုးများ
ယခုဆောင်းပါးတွင်ဖေါ်ပြမည့် မျိုးထွန်းနည်းဖြင့် ဆောင်ရွက်သည့် မူရင်းစပါးမျိုးနှစ်မျိုးမှာ မနောသုခစပါးမျိုးနှင့် လုံးသွယ်မွှေးစပါး နှစ်မျိုးဖြစ်ပါသည်။
မနောသုခစပါးမျိုးမှာ လက်ရှိ မြန်မာနိုင်ငံမှာ အကျယ်အပြန့်စိုက်ပျိုးလျက်ရှိသော အထွက်ကောင်းစပါးမျိုးများအနက် စိုက်ဧရိယာဧကအများဆုံး စိုက်ပျိုးလျက်ရှိသည့် စပါးမျိုးတစ်မျိုးဖြစ်သည်။ မိုးရာသီတွင်စိုက်သည်။ နွေရာသီတွင်လည်းစိုက်သည်။ အရည်အသွေးကောင်းစပါးမျိုးအုပ်စုတွင် ပါဝင်ခြင်းမရှိသော်လည်း ဝမ်းစာအဖြစ်စားသုံးရန် လူလတ်တန်းအများစုကြိုက်နှစ်သက်သည့် စပါးမျိုးတစ်မျိုးဖြစ်ကြောင်း သိရသည်။
မနောသုခမှာ သက်တမ်း ၁၃၅ ရက်ရှိသော သက်လတ်မျိုးဖြစ်သဖြင့် စပါးအခြေခံ သီးထပ်သီးနှံပုံစံ စိုက်ရန်အတွက်မူ အသက်ရက်အနည်းငယ်ကြီးနေသည်။ ထို့ပြင် မနောသုခ၌ ဘက်တီးရီးယားရွက်ခြောက်ရောဂါက ဆိုးရွားစွာကျရောက်လေ့ရှိကြောင်း သိရသည်။
လုံးသွယ်မွှေးစပါးမျိုးမှာ အသက်ရက်တည်သော စပါးမျိုးမဟုတ်ပါ။ မိုးရာသီတွင်သာ စိုက်ပျိုးလို့ရသောမျိုးဖြစ်သည်။ နိုဝင်ဘာလကုန်၌ ရိတ်သိမ်းနိုင်တာ ပုံသေဖြစ်သော စပါးမျိုးဖြစ်သည်။ လုံးသွယ်မွှေးစပါးမျိုး၏ မူရင်းဒေသမှာ ထိုင်းနိုင်ငံဖြစ်သည်။ မူရင်း မွေးမြူရေးနံပါတ်မှာ KDML 105 ဖြစ်ကြောင်း သိရသည်။
လုံးသွယ်မွှေးစပါးမျိုးသည် အရည်အသွေးကောင်းစပါးမျိုး တစ်မျိုးဖြစ်သည်။ သို့သော် အထွက်နည်းခြင်း၊ ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းမှုမရှိသဖြင့် နွေရာသီတွင် မစိုက်ပျိုးနိုင်ခြင်းဟူသည့် အားနည်းချက်များရှိပါသည်။
မျိုးသစ်များဖန်တီးခြင်း
ဆန်စပါးမျိုးမွေးမြူရေးဆိုင်ရာ သုတေသီများသည် အဆိုပါ မနောသုခနှင့် လုံးသွယ်မွှေးတို့အား လိုလားသောလက္ခဏာများ ပါဝင်လာစေရေးအတွက် ရည်ရွယ်ချက်ကိုယ်စီထားရှိကာ ထိုစပါးနှစ်မျိုးမှ မျိုးသစ်များပေါ်ထွန်းရရှိရေး ဆောင်ရွက်သည်။ မျိုးထွန်းမွေးမြူရွေးချယ်နည်းဖြင့် သုတေသနပြုခြင်းပင် ဖြစ်သည်။
မနောသုခကို ထိုစပါးမျိုးထက် သက်တမ်းတိုပြီး ၄င်းတွင် ဆိုးရွားစွာကျရောက်လေ့ရှိသော ဘက်တီးရီးယားရွက်ခြောက်ရောဂါကို ခံနိုင်ရည်ရှိလိုသည်။ အရည်အသွေး လက္ခဏာများကိုမူ တောင်သူလယ်သမားအများစုအကြိုက် မနောသုခနှင့် ဆင်ဆင်တူလိုသည်။
လုံးသွယ်မွှေးကို မိုးရာသီတွင်သာ စိုက်ပျိုးဖြစ်ထွန်းသော ရာသီစပါးမျိုး မဖြစ်စေလို ပါ။ နွေရာသီပါစိုက်ပျိုးနိုင်သော သက်တမ်းတည်စပါးဖြစ်လိုသည်။ အသက်လည်း လျင်စေလို သည်။ ဖြစ်နိုင်လျှင်တော့ အရည်အသွေးလည်း ကောင်းလိုသည်။
ခြုံ၍ပြောရလျှင် မနောသုခမျိုးထွန်းကို မနောသုခနှင့် လုံးသွယ်မွှေးမျိုးထွန်းကို လုံးသွယ်မွှေးနှင့် အသက်ရက်ကလွဲလို့ မိဘမျိုးလိုအရည်အချင်းများရှိပြီး ရောဂါဒဏ်ခံနိုင်သော စပါးမျိုးသစ်များအဖြစ် လိုလားခဲ့ကြောင်း သိရပါသည်။
မျိုးသစ်များရရှိလာခြင်း
မျိုးထွန်းများရရှိရေး သုတေသနပြု တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ကာ မျိုးသစ်နှစ်မျိုး ရရှိလာခဲ့ပါသည်။ မျိုးထွန်းနည်းဖြင့် ပြည်တွင်းတွင် မွေးမြူရွေးချယ်ရရှိခြင်းကြောင့် မြန်မာနိုင်ငံမူရင်းဒေသစပါးမျိုးများဟု ဂုဏ်ယူစရာဖြစ်သည်။ မျိုးနှစ်မျိုးလုံးသည် အသက်လျင်သော သက်တမ်းတည်စပါးမျိုးများ ဖြစ်လာပါသည်။
မနောသုခမျိုးထွန်း (မျိုးမွေးမြူရေးနံပါတ်- MNK-M4-10) ကို မျိုးသစ်အဖြစ် အတည်ပြုချိန်တွင် သုခရင်စပါးမျိုးအမည်ဖြင့် ထုတ်ဝေခဲ့သည်။ သုခရင်သည် မိုးရောနွေရာသီတွင်ပါ စိုက်ပျိုးဖြစ်ထွန်းသည်။ အသက်ရက် ၁၁၅ ရက် ဖြင့် ရိတ်သိမ်းနိုင်သည်။
လုံးသွယ်မွှေးမျိုးထွန်း (မျိုးမွေးမြူရေးနံပါတ်-LTH-M4-14) ကို မျိုးသစ်အဖြစ် အတည်ပြုချိန်တွင် ရေဆင်းလုံးသွယ်စပါးမျိုးအမည်ဖြင့် ထုတ်ဝေခဲ့သည်။ ရေဆင်းလုံးသွယ်သည် မိုးရောနွေရာသီတွင်ပါ စိုက်ပျိုးဖြစ်ထွန်းသည်။ အသက်ရက် ၁၂၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။
ထို့ပြင် သုခရင်နှင့် ရေဆင်းလုံးသွယ်စပါးမျိုးနှစ်မျိုးလုံးသည် အထွက်ကောင်းစပါးမျိုးအုပ်စုဝင်စပါးမျိုးများ ဖြစ်လာပါသည်။
စိုက်ပျိုးနည်းစနစ်
စပါးမျိုးသစ်များဖြစ်ပေါ်လာသည်နှင့် ထိုစပါးမျိုးများအတွက် စိုက်ပျိုးသင့်သော အချိန်၊ စိုက်ပျိုးနည်းစနစ်၊ ပျိုးထောင်ကောက်စိုက်စနစ်ကို ကျင့်သုံးမည်ဆိုလျှင် ထားရှိသင့်သည့်တစ်ဧကကောက်ကွက်၊ အပင်အတန်းအကွာအဝေး/ တိုက်ရိုက်မျိုးစေ့ချစနစ်ကို ကျင့်သုံးမည်ဆိုလျှင် သုံးစွဲရမည့် တစ်ဧကမျိုးစေ့နှုန်း၊ အစိုတမန်းပြင်စိုက်စနစ် စသည်တို့ကို သီးနှံစိုက်ပျိုးနည်းစနစ်သုတေသီများက ဆက်လက်စမ်းသပ်ခဲ့ကြောင်း သိရသည်။
တွေ့ရှိချက်များကို မိုးရာသီ စပါးစိုက်ပျိုးရေးနှင့် နွေရာသီ စပါးစိုက်ပျိုးရေးဟူ၍ ခွဲခြား အသိပေးလိုပါသည်။
မိုးစပါးအဖြစ် စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ဇူလိုင် ၁၅ မှ သြဂုတ် ၁၅ အတွင်း၊ တစ်ဧကကောက်ကွက်ကိုတော့ ပင်သေပင်ပျောက် ၂၀ ရာခိုင်နှုန်းခန့်ကို မျှော်မှန်းပြီး ရိတ်သိမ်းချိန်မှာ အနည်းဆုံး အသားတင်ကောက်ကွက် တစ်သိန်းတစ်သောင်းကျန်ရှိအောင် စိုက်ဖို့လိုကြောင်း ဖေါ်ပြထားပါသည်။
နွေစပါးအဖြစ်မူ အကောင်းဆုံးစိုက်ချိန်မှာ ဇန်နဝါရီ ၁၅ ထက်မစောဘဲ မတ် ၁၅ အတွင်း ရေမြေအခြေအနေ၊ လုပ်သားနှင့် စီးပွားရေးစိုက်ထုတ်နိုင်မှုတို့ကို ထည့်သွင်းစဥ်းစားပြီး အစိုတမန်းပြင်ပေါ်မှာ အနည်းဆုံး တစ်ဧက မျိုးစေ့တစ်တင်းခွဲနှုန်းသုံးကာ ကြဲပက်၍သော်လည်းကောင်း၊ ၈ လက်မ အတန်းလိုက် မျိုးစေ့လက်ဖြူးချ၍သော်လည်းကောင်း၊ ၆ လက်မ အတန်းလိုက် မျိုးစေ့လက်ဖြူးချ၍သော်လည်းကောင်း စိုက်ပျိုးသင့်ကြောင်း ဖေါ်ပြထားပါသည်။
မြန်မာ့မူရင်းမျိုးထွန်းစပါးနှစ်မျိုးကို သင့်တော်သည့်ရေမြေဒေသမှာ စိုက်ပျိုးကြသူများ အသိပညာဗဟုသုတတိုးပွားစေရေး ရည်ရွယ်ရေးသားဖေါ်ပြရခြင်းဖြစ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးမျိုးများ
မပပဝင်း
3 years agoရေစင်းလုံးသွယ်နဲ့ လုံးသွယ်မွှေး မနောသုခနဲ့ သုခရင်စပါးက အတူတူပဲလား သိချင်လို့ ပါ
Lae Lae Soe
3 years agoမီးဒုံးအုပ်စုထဲမှာေရွှဘိုပေါ်ဆန်းအပြင်ဘာရောရှိသေးလည်းရှင့်
mg win soe
4 years agoဘယ်မှာရနိုင်မလည်းခဗျ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....