ရေလွှမ်းနစ်မြုပ်ခဲ့သည့် စိုက်မြေများကို ပြန်လည်ပြုပြင်ပေးရမည့် အချက် (၉) ချက်
ယခုအချိန်သည် မုတ်သုံရာသီနှင့် မိုလွန်ရာသီအကူးအပြောင်းဖြစ်သည့်အတွက် တိုင်းနယ်ပြည်နယ်အတော်များများမှာ မိုးကြီး ရေလျှံတာမျိုးများ ကြုံတွေ့နေကြရပါသည်။ ထို့ကြောင့် တချို့ဒေသရှိ စိုက်ပျိုးမြေအတော်များများ ပျက်စီးသွားကြသည်ကို မိတ်ဆွေတို့ အသိပါ။
ဆိုတော့ စိုက်ပျိုးသူဦးကြီးတို့အနေဖြင့် ပျက်စီးသွားသော စိုက်ပျိုးမြေများကို မည်သို့ပြုပြင်ပြီး နောက်ရာသီသီးနှံများကို မည်ကဲ့သို့စိုက်ပျိုးသင့်သည်ဆိုသည့် အကြောင်းအရာများကို ဖော်ပြပေးလိုက်ရပါသည်။
- ဦးကြီးတို့၏စိုက်ခင်းထဲတွင် ရောက်ရှိလာသော အရာများ (ဥပမာ - သစ်သားတုံး) ကြောင့် အပင်ပေါက် မညီခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့်ရေစီးကြောင်းနှင့် အတူမျောပါလာသော အန္တရာယ်ဖြစ်နိုင်သည့် အရာဝတ္ထုများဖြစ်သည့် သံမှိုပါသော သစ်သားတုံးများ၊ သစ်ကိုင်းများ၊ အမှိုက်များ၊ ပေါင်းပင်များအား လူတို့ကို ထိခိုက်မှုမရှိစေရန် ပထမဦးဆုံး ကောက်ယူဖယ်ရှားပေးပါ။
- ရေလွှမ်းခံရသည့် မြေဆီလွှာသည် ဖွာပြီးခြောက်သွားခြင်း (သို့) စေးသွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချိန်တွင် ထယ်နက်နက်ထိုးခြင်းကို မပြုလုပ်သင့်ပါ။ ဘိုကာရှီမြေသြဇာ (သို့) အော်ဂဲနစ်မြေဆွေး၊ အပင်ထွက် စွန့်ပစ်ဆွေးမြည့်ပစ္စည်း (သို့) နွားချေး၊ ကြက်ချေးများ ထည့်သွင်းပေးပါ။
- ခုတ်ဖုံးစနစ် မဟုတ်ခဲ့သော ရေလွှမ်းမြေတွင် စက်ထွန်ပါကလည်း မြေသား၏ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှု များမည်ဖြစ်သဖြင့် ထယ်နက်ခြင်း၊ ထယ်ရေးအကြိမ်များများထိုးခြင်းကို ဂရုပြုရှောင့်ရှားသင့်ပါသည်။
- မြေဆီလွှာမျက်နှာပြင်ခြောက်သွေ့နေလျှင် နိုက်ထရိုဂျင် (ပုလဲ) နှင့် ပိုတက်စီယမ် ပါဝင်သော ဓာတ်မြေသြဇာများ သဘာဝအနေဖြင့် စက်ဖွဲပြာနှင့် ကြက်ချေးမြေဆွေးများ၊ မြေဆီလွှာကို ပြန်လည်ပြုပြင်ပေးသော ဒိုလိုမိုက်၊ ဂျစ်ပဆမ် မြေသြဇာများစသည်တို့ကို ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။
- စပါးခင်းတွင် စပါးအရွက်/အပင်အား ထိခိုက်မှုမရှိပါက ရွက်ဖျန်းမြေသြဇာများ ဖျန်းပေးနိုင်ပါသည်။
- မြေဆီလွှာထဲရှိ အပင်အတွက် အကျိုးပြုသော အဏုဇီဝပိုးများ (Microorganism) များသည် ရေထဲတွင်မျောပါသွားနိုင်ခြင်း၊ သေဆုံးခြင်းများရှိသောကြောင့် ကြက်ချေးမြေသြဇာများ (သို့) အော်ဂဲနစ်ပစ္စည်း (သစ်ဆွေးဓာတ်မြင့်မား) သော သဘာဝမြေသြဇာများကို ထည့်သွင်းပေးသင့်ပါသည်။ ကောင်းစွာဆွေးမြည့်သော ကြက်ချေးနှင့် အီးအမ်ဘိုကာချီသုံးခြင်းတို့သည် တစ်ခြားသော သဘာဝမြေသြဇာများထက် ပိုမိုသင့်တော်ကောင်းမွန်ကြောင်း ရေမြုပ်တတ်သောနိုင်ငံများမှ သုတေသန များတွင် ညွှန်ပြထားကြသည်။
- ထို့အပြင် နောက်တစ်ရာသီစိုက်ပျိုးမည့်သီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းသည် ရေအနည်းငယ်သာ လိုအပ်သော သီးနှံဖြစ်သောကြောင့် စိုက်ခင်းအတွင်း ရေများအလွန်အမင်းကျန်ခဲ့ပါက ရေအနည်းငယ်သာ ချန်၍ ရေထုတ်ပြီး မြေဆီလွှာအစိုဓာတ်အား လျှော့ချပေးထားရန်လိုအပ်ပါသည်။
- ရေအစိုဓာတ်များသောမြေသည် မြေတွင်းအောင်းမှိုရောဂါနှင့် ပျော့ပုပ်ခါးရိများကို အားပေး၍ ပိုမိုကျနိုင်သဖြင့် မျိုးစေ့များကို ကာကွယ်မှိုသတ်ဆေးများဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။ လူးနယ်သင့်သော မှိုသတ်ဆေးအေအိုင်များမှာ - Metalaxyl, Pyraclostrobin, Azoxystrobin တို့ဖြစ်သည်။ မှတ်ချက် ပိုးများသည် ရေလွှမ်းသည့်အချိန်တွင် သေဆုံးနိုင်သဖြင့် ပိုးသတ်ဆေးအေအိုင်များကို ဖော်မပြထားပါ။
- ရေလွှမ်းမြေများတွင် ရိုင်ဇိုဘီယမ် ခေါ် ပဲမြစ်ဖု (နိုင်ထရိုဂျင်ဖမ်းသော အကျိုးပြု အဏုဇီဝဘတ်တီးရီးယား) များ အထူးလျော့ပါးနိုင်သဖြင့် ပဲမြစ်ဖု ဇီဝမြေဩဇာများ (Rhizobium inoculant) များကိုလည်းလူးနယ်သင့်သည်။ မြေဆောင်မှိုများကို ကာကွယ်လျှော့ချပေးသော ထရိုင်ခိုဒါးမားမှိုကိုလည်း လူးနယ်စိုက်ပျိုးနိုင်သည်။ အထက်ဖော်ပြပါ မှိုသတ်ဆေးအေအိုင်များဖြင့် ယခု ဖော်ပြသော အကျိုးပြုအဏုဇီဝ ပိုး (၂) မျိုးမှာ တည့်ပါသည်။

အစကောင်းမှ အနှောင်းသေချာစေသည့်အတွက် ပဲများအထွက်တိုးစေရန် အစကတည်းက ကြိုတင်ပြင်ဆင်သင့်ပါကြောင်း။
ဖုန်းမဏ်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖုန်းမဏ်တိုး
See all
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....