ဂေဟဗေဒစနစ်နဲ့လိုက်လျောညီထွေသော စိုက်ပျိုးရေး ဆိုတာ
ဂေဟဗေဒစနစ်နဲ့ လိုက်လျောညီထွေသော စိုက်ပျိုးရေး( Ecological Farming ) ဆိုတာဘယ်လိုမျိုးလဲ။
အဖြေတစ်ခုအနေနဲ့ဆိုတော့ အော်ဂဲနစ်စိုက်ပျိုးရေးသည်လည်း အဓိက အချက်တစ်ချက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။
အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာဟာ ဓာတုကင်းလွှတ်ဆိုတာထက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးနဲ့ ရေရှည်တည်တံ့အောင် စိုက်ပျိုးခြင်းပဲဖြစ်ပါတယ်။
ဂေဟဗေဒစနစ်နဲ့ လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးဆိုတာကလဲ ရေရှည်တည်တံ့ရမယ်၊ သဘာဝမြေကြီးနဲ့ ရေအသုံးချမှုကို ဂရုစိုက်ရမယ်၊ ဇီဝမျိုးကွဲများကို ထိန်းသိမ်းရမယ်ဆိုတာပါပဲ။ နောက်ထပ်ကတော့ စားနပ်ရိက္ခာဖူလုံအောင် ရေရှည်စီမံကိန်းလဲ ပါဝင်ရမှာပဲဖြစ်ပါတယ်။
ဘယ်လိုမျိုး ဖန်တီးကြမလဲ။
စိုက်ပျိုးရေးလုပ်ငန်းဟာ လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းလောက်ကတည်းက စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စားဖို့ လုပ်ကိုင်လာကြတာပဲဖြစ်ပါတယ်။ မရှေးမနှောင်းသော နှစ်၂၀၀ခန့်ကပင် စိုက်ပျိုးရေးအတွက်မြေသီးသန့်ထားစိုက်ခြင်း၊ ရေ၊ ရာသီဥတု နဲ့ မြေအခြေအနေတို့ကို သမာရိုးကျနည်းအားဖြင့် လေ့လာလိုက်စားနေကြပီပဲဖြစ်ပါတယ်။
စိုက်ပျိုးရေးနဲ့ မွေးမြူရေးက ဆက်စပ်နေသလို ဂေဟဗေဒစနစ်နဲ့ကိုက်ညီသောစိုက်ပျိုးရေးမှာ ဘယ်လိုအချက်တွေ ပါဝင်နေလဲဆိုရင်တော့
၁။ မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ခြင်း
မွေးမြူရေးမှာလဲ လူတို့အတွက် အစာထောက်ပံ့သလို သူတို့ရဲ့ အညစ်အကြေးမှ သဘာဝမြေသြဇာတွေ ရရှိစေပါတယ်။ ဥပမာ - ကြက်၊ ဘဲ၊ ဆိတ် မွေးမြူခြင်းဖြင့် ကြက်များမှ လွှတ်ကြောင်းထားခြင်းဖြင့် သူတို့ရဲ့အညစ်အကြေးမှတစ်ဆင့် မြေဆီလွှာအတွက်ကောင်းသော မြေသြဇာများရရှိစေပါတယ်။
၂။ ရရှိလာသော တိရိစ္ဆာန်အညစ်အကြေးများကို မြေဆွေး (Compost) လုပ်ဖို့မမေ့ပါနဲ့။
မြေဆွေးတွေဟာ မြေအတွက်ကောင်းမွန်သော အာဟာရဓာတ်များအတွက် အထောက်အပံ့တစ်ခုဖြစ်စေရုံသာမက မြေရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုပါ ကောင်းမွန်စေပါတယ်။ Compost မှ ရရှိလာသော Humus (ဆွေးမြေ့နေသော မြေဆွေးဓာတ်) ကဆိုလျှင် အစေ့အညှောင့်ပေါက်ခြင်းကို အားပေးသလို အပင်ကြီးထွားမှုအတွက်များစွာ ကောင်းမွန်စေပါတယ်။
မြေဆွေးပုံ (Compost) ဘယ်လိုပုံရမလဲ။
ပထမဆုံးအောက်ဆုံးကနေ တော်ရုံဆွေးမလွယ်သော တုတ်ချောင်း၊ ကိုင်းများ တစ်ထပ်ပုံပါမယ်၊ အဲ့ဒီအပေါ်မှ မြက်နဲ့အရွက်များတစ်လွှာ၊ နွားချေးတစ်လွှာ၊ နှမ်းဖတ် မြေပဲဖတ် တစ်လွှာ၊ ဟင်းသီးဟင်းရွက်အမှိုက်များနဲ့ အပေါ်ဆုံးမှ နွားချေးနဲ့ ဖွဲပြာကို တစ်လွှာစီထည့်ပြီး ပုံနိုင်ပါတယ်။ ဆွေးမြေ့ကြေပျက်မှုပေါ်မူတည်ပြီး လိုအပ်သလို အသုံးပြုဆောင်ရွက်နိုင်ပါသေးတယ်။
ဖွဲပြာကို ထည့်သွင်းအသုံးပြုခြင်းသည် မြေရဲ့ လေဝင်လေထွက် နဲ့ မြေသားအနုအကြမ်းကို ကောင်းမွန်စေတဲ့အပြင် Mycorrhiza မှို အရေအတွက်ကိုတိုးစေပြီး အာဟာရဓာတ်တွေကို တစ်ဖြည်းဖြည်းနဲ့ အပင်က ရရှိအောင်ဆောင်ရွက်ပေးနိုင်ပါတယ်။
ကိုယ်အသုံးပြုလိုက်တဲ့ သဘာဝမြေသြဇာတွေကို ဆွေးမြေ့ပြီးဆိုတဲ့ သင်္ကေတကတော့ နွားချေးဆိုပါကလဲ မှိုပွင့်လေးတွေ ပွင့်လာပြီး သူတို့ဆိုင်ရာ ဆိုင်ရာ လက္ခဏာအနေနဲ့ မှိုမျှင် မှိုပွင့်လေးတွေ တွေ့လာရပါလိမ့်မယ်။
၃။ အဏုဇီဝသက်ရှိတွေ ပြည့်ဝနေသော အကျိုးပြုအဏုဇီဝပိုးများ EM (Effective Microorganisms) ကို အသုံးပြုပါ။
EM မှာပါဝင်သော အကျိုးပြုတဲ့ဘက်တီးရီးယားများ (photosynthetic bacteria, Lactic acid bacteria), တစေး တို့မှတစ်ဆင့် အော်ဂဲနစ်မြေဆွေးတွေကို အင်ဇိုင်းများနဲ့ မြန်ဆန်စွာဖြိုခွဲပြီး အပင်မှ စုပ်ယူနိုင်သော အာဟာရဓာတ်များကို ရရှိစေပါတယ်။ EM ကို compost များတွင် အသုံးပြုခြင်းဖြင့် မြေဆွေးရန် ကြာသောအချိန် ၆-၈လမှ အချိန် ၂လ သာကြာစေပါသည်။
အသုံးပြုရန်
သကြားခဲ သို့ ကြံသကာ ၂ကီလိုဂရမ်
EM ၁၀၀မီလီမီတာ
ရေသန့် ၁၀လီတာ တို့ကို ရောပြီး
မှောင်ရဲ့နွေးသောနေရာတွင် ၄-၆ရက်ထားပြီး သစ်သီးနံ့ထွက်လာမယ်၊ pH ၂-၄ ထိကျသွားမယ်၊ အရည်ပျစ်လာပြီဆိုရင် နောက် ၅-၇ရက်အတွင်း အသုံးပြုနိုင်ပါပြီ။
Compost ပုံအတွက် အသူံးပြုမယ်ဆိုပါက
ဆေးရည် တစ်ဆ ၊ ရေ အဆ ၂၀၀ရောပြီး ဖျန်းပါ။
ဆေးရည် တစ်ဆ ၊ ရေ အဆ ၁၀၀၀ ရောပြီး အပင်ကြီးထွားကျန်းမာဖို့ အသုံးပြုနိုင်ပါတယ်။
၄။ ဇီဝမျိုးကွဲများကို ထိန်းသိမ်းပါ။
- ငှက် များမှတစ်ဆင့် မလိုအပ်သော အင်းဆက်လေးတွေကိုစားပြီး သားလောင်းအဆင့် ပိုးကောင်လေးတွေကို ရှင်းလင်းဖို့ ကူညီပါလိမ့်မယ်။
- ပုရွက်ဆိတ်တွေဟာ သဘာဝ၏အမှိုက်ရှင်းလင်းသူများ (Nature' scavengers) လို့ ဆိုတဲ့အတိုင်း အဆွေးစားသတ္တဝါဖြစ်လို့ မကောင်းတဲ့ အရာတွေကို သုတ်သင်ဖယ်ရှားပေးနိုင်ပါတယ်။
- ဓားခုတ်ကောင်နဲ့ ကင်းမြီးကောက်တို့ဟာလဲ ပုရစ်၊ ဖလံ၊ ယင်ကောင် နဲ့ ခူကောင်တွေကို သုတ်သင်ရာမှာ အသုံးဝင်စေပါတယ်။
- ဖား လေးတွေဟာလဲ မြေဆီလွှာကျန်းမာမှုကို ပြပေးတဲ့ သင်္ကေတပဲဖြစ်ပါတယ်။ သူတို့က အင်းဆက် လေးတွေကို ဖမ်းယူ စားသောက်ခြင်းဖြင့် ကူညီကြပါတယ်။
၅။ အော်ဂဲနစ်ပိုးသတ်ဆေးများပြုလုပ်အသုံးပြုခြင်း
- တမာ၊ စိန်နားပန်အပွင့်နဲ့အသီး၊ ဆေးရွက်ကြီး (သိပ်မသုံးသင့်)စတဲ့ အရာများမှ ကိုယ်ကြိုက်သလိုသုံးနိုင်ပါတယ်။
၆။ အဏုဇီဝသက်ရှိများတိုးပွားအောင်ပြုလုပ်ခြင်း
ဥပမာ - ထရိုင်ဂိုဒါးမား မှိုများတိုးပွားအောင် အသုံးပြုခြင်း
အထက်ပါအချက်များ အသုံးပြုခြင်းသည် ဂေဟဗေဒစနစ်ကို မထိခိုက်စေတဲ့အပြင် ရေရှည်တည်တံ့သော စိုက်ပျိုးရေး စနစ် နဲ့ ဘေးကင်းလုံခြုံစိတ်ချရသော သီးနှံများအဖြစ် ရရှိအသုံးချနိုင်မှာပဲဖြစ်ပါတယ်။
Reference
A Manual For Ecological Farming (2017)
book by SUJATA GOEL (India)
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မြတ်စုဝေ
See all