စပါးစိုက်ခင်းရှိ မြက်အမျိုးအစားပေါင်းကို ထိရောက်စွာကာကွယ်နှိမ်နင်းနည်း
စပါးစိုက်ခင်းများတွင် ပေါင်းပင်များသည် အဓိကပြဿနာတစ်ခုဖြစ်ပြီး အထွက်နှုန်းကို များစွာထိခိုက်စေနိုင်ပါသည်။ မြက်၊ မုံညှင်း၊ ရွက်ပြန့်ဟူ၍ ပေါင်းအမျိုးအစားအုပ်စုသုံးခုရှိသည့်အနက် မြက်အမျိုးအစားသည် ပို၍ကာကွယ်နှိမ်နင်းရန် ခက်ခဲကြောင်း သိရှိရပါသည်။
အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် တိုက်ရိုက်ကာကွယ်နှိမ်နင်းနည်းတစ်မျိုးဖြစ်သော ပေါင်းသတ်ဆေးအသုံးပြုနှိမ်နင်းခြင်းသည် အရေးပါသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
ပေါင်းသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မှန်ကန်သော ဆေးအမျိုးအစားရွေးချယ်မှုနှင့် အသုံးပြုခြင်းဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြလိုပါသည်။
မြက်အမျိုးအစားပေါင်းအတွက် အကောင်းဆုံးပေါင်းသတ်ဆေးများ
- Butachlor (ဘူတာကလို)- နှစ်စဉ်ပေါက်ရောက်သော မြက်များနှင့် အချို့သော ရွက်ပြန့်ပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်သော အပင်မပေါက်မီ အသုံးပြုရသည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။
- Pretilachlor (ပရက်တီလာကလို)- ဤပေါင်းသတ်ဆေးသည်လည်း အပင်မပေါက်မီ အသုံးပြုရသော ဆေးအမျိုးအစားဖြစ်ပြီး ပိုမိုထိရောက်မှုရှိစေရန် Fenclorim (ဖန်ကလိုရင်း) နှင့် ရောစပ်အသုံးပြုလေ့ရှိပါသည်။
- Fenoxaprop-P-ethyl (ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း)- မြက်အမျိုးအစားပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်သော အပင်ပေါက်ပြီးမှ အသုံးပြုရသည့် ပေါင်းသတ်ဆေး ဖြစ်ပါသည်။
- Sethoxydim (စက်သိုဇီဒင်)- ဤဆေးသည် သီးနှံမျိုးစုံတွင် ပေါက်ရောက်သော မြက်အမျိုးအစားပေါင်းများကို နှိမ်နင်းရန်အတွက် ရွေးချယ်အသုံးပြုနိုင်သော ပေါင်းသတ်ဆေးဖြစ်ပါသည်။
- Cyhalofop-butyl (ဆိုင်ဟာလိုဖော့ပ်-ဘူတိုင်း)- မြက်အမျိုးအစားပေါင်းများကို နှိမ်နင်းရန်အတွက် အပင်ပေါက်ပြီးမှ အသုံးပြုရသည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။
ယခုဖော်ပြသော ပေါင်းသတ်ဆေးအမည်များသည် မူရင်းဓာတုပစ္စည်းအမည်များသာ ဖြစ်ပါသည်။ ဈေးကွက်ထဲတွင် ကုန်သွယ်မှုအမည်များဖြင့် ထုတ်လုပ်ရောင်းချနိုင်သည် ဖြစ်သည့်အတွက် ပါဝင်သည့်ဓာတုပစ္စည်းအမည်များကို ကြည့်ရှုဝယ်ယူသုံးစွဲရမည်။

ပေါင်းသတ်ဆေးအသုံးပြုနည်းများ
- အပင်မပေါက်မီ အသုံးပြုခြင်း (Pre-emergence Application)- Butachlor (ဘူတာကလို) သို့မဟုတ် Pretilachlor (ပရက်တီလာကလို) ကဲ့သို့သော ပေါင်းသတ်ဆေးများကို ပုံမှန်အားဖြင့် မျိုးစေ့ချပြီးနောက် ၁ - ၃ ရက်အတွင်း မြက်ပင်များ မပေါက်မီ အသုံးပြုပါ။
- အပင်ပေါက်ပြီးမှ အသုံးပြုခြင်း (Post-emergence Application)- Fenoxaprop-P-ethyl (ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း) သို့မဟုတ် Cyhalofop-butyl (ဆိုင်ဟာလိုဖော့ပ်-ဘူတိုင်း) ကဲ့သို့သော ပေါင်းသတ်ဆေးများကို မြက်ပင်များ ၃ - ၄ ရွက်အရွယ်သို့ ရောက်ရှိချိန်တွင် အသုံးပြုပါ။
- စိုက်ခင်းရေထိန်းသိမ်းမှု(Water Management)- ပေါင်းသတ်ဆေးများ၏ အာနိသင်ကို ပိုမိုကောင်းမွန်စေရန်အတွက် စပါးစိုက်ခင်းကို ရေအလွှာ ၂ - ၃ လက်မဖြင့် ဖုံးအုပ် ထားပါ။
- ကြိုတင်ပက်ဖျန်းတွက်ချက်ခြင်း (Calibration)- ပေါင်းသတ်ဆေးကို စိုက်ခင်းထဲ ကျရောက်စေလိုသောပမာဏကိုက်ညီစေရန်နှင့် ပြန့်နှံ့စွာ ပက်ဖျန်းနိုင်ရန်အတွက် ဆေးဖျန်းပုံး(သို့မဟုတ်) ဆေးဖျန်းစက်ကို ဆေးမပါသေးဘဲ အစမ်းပက်ဖျန်း တွက်ချက်စနစ်တကျ ချိန်ညှိပါ။
- သန့်ရှင်းသောရေ အသုံးပြုခြင်း (Clean Water)- ပေါင်းသတ်ဆေး၏ အာနိသင်မကျဆင်းစေရန်အတွက် ဆေးဖျော်ရာတွင် သန့်ရှင်းသောရေကိုသာ အသုံးပြုပါ။
- ဆေးဖျန်းခြင်း(Spraying)-ဆေးဖျန်းခေါင်းသည် ဆေးထွက်အားညီညာရန်လိုပြီး စိုက်ခင်းအထက် လက်မ ၂၀ အမြင့်မှထားရှိ၍ လမ်းလျှောက်နှုန်းမှန်မှန်နှင့် စိုက်ခင်းအနှံ့ တစ်ပြေးညီပြန့်နှံ့အောင် ဖျန်းပါ။
- အကာကွယ်အသုံးပြုရေး(Protective Equipment)- ပေါင်းသတ်ဆေးဖျန်းသည့် အခါတိုင်း လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်နှင့် ကိုယ်ခန္ဓာကို ဖုံးအုပ်နိုင်သော အဝတ်အစားများကို အမြဲဝတ်ဆင်ပါ။
ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် တောင်သူများအားလုံး စပါးစိုက်ခင်းရှိ မြက်အမျိုးအစားပေါင်းများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်ဓာက်ရှင်
10 months agoကြဲစပါးခင်းပါပေါင်သက်ဆေးဖြန်းတယ်နစ်ကြိမ်ရှိပီ ၃ကြိမ်ထိဖြန်းလို့ရပါသလားအကိုတိုရေ
Win Ko Thu
10 months agoကျေးဇူးပါ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all