Green Way
သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်

သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်

HanPhyoAung
HanPhyoAung 15/01/2018

ကျနော်တို့ မြန်မာမှာ သီးနှံပင်တွေ၊ စိုက်ပျိုးနည်း စနစ်တွေနဲ့ ပတ်သက်လို့ ဘိုးစဉ်ဘောင်ဆက် တောင်သူဦးကြီးတွေကနေ လက်ဆင့်ကမ်းခဲ့ကြတဲ့ လိုက်နာကျင့်သုံးစရာ စကားတွေ၊ ဆိုရိုးစကားတွေ၊ စကားပုံတွေ အများပြားရှိနေတာကို သတိထား လေ့လာမှတ်သားမိပါတယ်။ စိုက်ပျိုးရေးနဲ့ နှီးနွယ်ပတ်သက်နေတဲ့ လက်ဆင့်ကမ်း စကားအမွေတွေဟာ မိရိုးဖလာသဘောတရား၊ နည်းစနစ်တွေဖြစ်ပေမယ့်  ယနေ့သိပ္ပံနည်းကျ စနစ်တွေနဲ့ နှိုင်းယှဉ် ချဉ်းကပ်သုံးသပ်ကြည့်သည့်တိုင်အောင် လက်တွေ့ကျမှန်ကန်ပြီး အသုံးတည့်နေတာကို တွေ့ရပါတယ်။

“သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်” ဆိုတဲ့ စကားလေးဟာလည်း ငှက်ပျောစိုက်တောင်သူတွေဆီက ဆင်းသက်လာတဲ့၊ ငှက်ပျောစိုက်ပျိုးရာမှာ ကျင့်သုံးဆောင်ရွက်လေ့ရှိတဲ့ ဆိုရိုး စကားလေးဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီစကားလေး ဘယ်လိုဆင်းသက်လာသလဲ ဘယ်ကို ရည်ညွှန်းသလဲ ဘယ်လိုအကျိုးကျေးဇူးတွေရသလဲဆိုတာ သုံးသပ်ကြည့်ပါမယ်။

ယနေ့တိုင်အောင် မြန်မာအပါအဝင် ကမ္ဘာနဲ့အဝှမ်း ငှက်ပျောစိုက်ပျိုးရေးမှာ အပင်များမျိုးပွားဖို့အတွက် အများဆုံး အသုံးပြုနေရတာက ငှက်ပျောပင်ကြီးရဲ့ ပင်ပွားများ/တနည်းအားဖြင့် သားတက်များ (Suckers) ဖြစ်ပါတယ်။ အများဆုံးအသုံးပြုစိုက်ပျိုးကြတဲ့ သားတက်က ဆင်မြီးစို့/လှံစို့သားတက်/ငှက်တော်မြီးစို့ (Sword sucker) ဖြစ်ပါတယ်။ မျိုးပွားစိုက်ပျိုးဖို့အတွက် ငှက်ပျောရုံတွေကနေ သားတက်ကို ခွဲယူ/တူးယူရပါတယ်။ ၎င်းသားတက်နဲ့အတူ အမြစ်တွေလည်း အတူပါလာပါတယ်။ တူးယူလာတဲ့ သားတက်ကို ဒီအတိုင်းပဲ စိုက်ကျင်းအသစ်မှာ စိုက်ပျိုးလေ့ မရှိပါဘူး။ သားတက်နဲ့အတူ ပါလာတဲ့  ငှက်ပျောခေါင်း (Rhizome/ corm) က အမြစ်ဆွေး၊ အမြစ်ဟောင်းတွေကို ဓားနဲ့ လှီးပြီး ဖယ်ရှားပစ်ရပါတယ်။ အဲဒါကိုပဲ “ခေါင်းရိတ်တယ်/ကတုံး တုံးတယ်” လို့ သုံးနည်းရာကနေ ဒီ “သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်” ဆိုတဲ့ ဆိုရိုးစကားလေး ပေါ်ပေါက်ခဲ့တယ်လို့ သုံးသပ်ရပါတယ်။

ငှက်ပျောခေါင်းမှာရှိတဲ့ အမြစ်ဟောင်းအမြစ်ဆွေးတွေကို မစိုက်ပျိုးမီ ဖယ်ရှားပစ်တဲ့လုပ်ငန်းကို မြန်မာမှာသာမက ကမ္ဘာ့ငှက်ပျောစိုက်ပျိုးရာဒေသအားလုံးလိုလိုမှာ ကျင့်သုံးဆောင်ရွက်ကြတာကို စာပေတွေ ကနေတဆင့် တွေ့ရပါတယ်။ ငှက်ပျောခေါင်းကို ကတုံး မတုံးဘဲ စိုက်ရင်မရဘူးလားဆိုတော့- ရနိုင်ပါတယ်။ ဒါပေမယ့် အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ နှေးကွေးပြီး ငှက်ပျောခိုင် အောင်မြင်ဖြစ်ထွန်းဖို့ မသေချာပါဘူး။ အပင်မဖြစ်ထွန်းရင် အသီးခိုင်ဖြစ်မလာနိုင်တော့ပါဘူး။ ငှက်ပျောခေါင်းကို ကတုံးတုံးပေးပြီးမှ စိုက်ပျိုးခြင်းမှာ အမြစ်ဟောင်းတွေ ဖယ်လိုက်တော့ အမြစ်သစ်တွေထွက်ဖို့ အားပေးရာ ရောက်သွားပါတယ်။ ဒါ့အပြင် အမြစ်မှာ နီမတုတ် (Burrowing Nematode) ကျရောက်နေတဲ့ အမြစ်တွေ၊ နှာတံရှည်ကျိုင်းလောက်ကောင် (Rhizome Weevil) ကျနေတဲ့ အပိုင်းတွေကိုလည်း တခါတည်း ဖယ်ရှားနှိမ်နင်းပြီးသား ဖြစ်သွားပါတယ်။

ဒါကြောင့် ငှက်ပျောစိုက်ရာမှာ စိုက်လိုက်တဲ့ ငှက်ပျောသားတက် ကြီးထွားအောင်မြင်ဖြစ်ထွန်းပြီး သီးခိုင်ရဖို့ အပင်မစိုက်မီ ငှက်ပျောခေါင်းကို ကတုံးတုံးပေးခြင်း/ခေါင်းရိတ်ပေးခြင်းကနေ ပေါ်ပေါက်လာတဲ့ “သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်” ဆိုတဲ့ ဆိုရိုးစကားလေးဟာ အကျိုးရှိ လိုက်နာကျင့်သုံးဆောင်ရွက်သင့်တဲ့ နည်းစနစ်တစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

 

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....