စိုက်ပျိုးသုတ ဒီဇင်ဘာလ
စိုက်ပျိုးခြင်း မပြုရသေးသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်စသည့် ဆောင်းသီး နှံများကို လျင်မြန်စွာစိုက်ပျိုးရေး၊ စိုက်ပြီးဆောင်းသီးနှံများကို ပြုစုထိန်းသိမ်း စောင့်ရှောက်ရေးနှင့် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်ရေးတို့ကို ယခုလတွင် နှိုးဆော်အသိပေးလိုပါသည်။
၁။ ဆောင်းသီးနှံများအတွက်
ပဲတီစိမ်းနှင့် မတ်ပဲသီးနှံ
စိုက်ခင်းကို မျက်ချေမပြတ်ကြည့်ရှုဖို့လိုပါသည်။ အရွက်အနုပေါ်မှာ အဝါရောင် အစက်အပြောက်တွေပေါနေခြင်း၊ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန် ကွက်ကြားတွေဖြစ်ပေါ်လာခြင်း၊ အပင်တွေကြီးထွားမှုနှေးလာခြင်း စသည့်လက္ခဏာ တစ်ရပ်ရပ်ပေါ်နေပါက အောက်ပါတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ ထို့ကြောင့်
• ရောဂါကျရောက်နေသော အပင်များကို ချက်ချင်းနှုတ်ယူမီးရှို့ပစ်ပါ။
• ရောဂါဖြစ်စေသော အဝါရောင်မိုစေ့ဗိုင်းရပ်စ်သည် ယင်ဖြူ (White Fly) မှတစ်ဆင့် ကူးစက်ပြန့်နှံ့ခြင်းမဖြစ်စေရန်ချက်ချင်းပိုးသတ်ဆေးဖျန်းပါ။
ကုလားပဲသီးနှံ
စိုက်ပျိုးချိန်တွင် မြေတွင်းအစိုဓာတ်လုံလောက်စေဖို့နှင့် အပင်ဖြစ်ထွန်းစဥ် အပူဒဏ်ကင်းလွတ်ဖို့အရေးကြီးပါသည်။ သို့ဖြစ်၍ အောက်ပါအတိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်။
• နိုဝင်ဘာလအတွင်း မစိုက်ပျိုးရသေးလျှင် ဒီဇင်ဘာပထမပတ်အတွင်းအပြီး စိုက်ပါ။
• မြေကြပ်ပါက ကြီးထွားမှုနှောင့်နှေးနိုင်သဖြင့် လေဝင်လေထွက်ကောင်းရန် ထွန်ရေး နက်နက်နှင့် ညက်ညက် ထွန်ယက်စိုက်ပျိုးပါ။
ပဲပုပ်သီးနှံ
စိုက်ချိန်တွင် မြေ၌အစိုဓာတ်ပြည့်ဝစွာရှိနေရန်လိုအပ်ပါသည်။ စိုက်ချိန်နောက်ကျ ပါက အပင်ကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်၍ အောက်ပါ အတိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်။
• ဒီဇင်ဘာလအတွင်း အလျှင်အမြန်စိုက်ပျိုးပါ။
ပဲမျိုးစုံသီးနှံများနှင့် မြေပဲသီးနှံတို့အတွက်
အဓိကဆောင်ရွက်ရန်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
• စိုက်ချိန်တွင် မျိုးစေ့ကို သက်ဆိုင်ရာပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးပါ။
• အပင်ငယ်စဉ်တွင် ကျရောက်တတ်သည့်မှိုရောဂါ၊ အပင်ပေါက်ပြီး တစ်ပတ်သား တွင် ကျရောက်တတ်သည့် ပင်စည်ထိုးပိုး (Stem Fly)တို့အတွက် ကြိုတင် ကာကွယ်ပါ။
နေကြာသီးနှံ
စိုက်ပျိုးထားသည့်နေကြာသီးနှံများအတွက် အောက်ပါတို့ကိုဆောင်ရွက်ရန် ဖြစ်ပါ သည်။
• အပင်ယိုင်လဲမှုမဖြစ်စေရန် အဖူးဝင်ချိန်တွင် ပေါင်တင်ပေးပါ။
• ရေလိုအပ်ပါက အဖူး ၇၅ ရာခိုင်နှုန်းဝင်ချိန်နှင့် ပန်း ၇၅ ရာခိုင်နှုန်း ပွင့်ချိန်တွင် ရေတစ်ကြိမ်စီသွင်းပေးပါ။

၂။ နွေစပါးသီးနှံအတွက်
နိုင်ငံနှင့်အဝှန်း ကျယ်ပြန့်စွာစိုက်ပျိုးလျက်ရှိသော နွေစပါးမျိုးများမှာ သက်လျင် စပါးမျိုးများဖြစ်သော သီးထပ်ရင်၊ ရက်-၉၀၊ ရွှေသွယ်ရင်၊ ရတနာတိုး၊ ထိုင်းနှံကောက်နှင့် သက်လတ်စပါးမျိုးများဖြစ်သော မနောသုခနှင့် ဆင်းသုခ တို့ ဖြစ်ကြောင်း သိရသည်။
စပါးမျိုးသစ်များကို စဉ်ဆက်မပြတ် သုတေသနပြုဖေါ်ထုတ်လျက်ရှိရာ ယခုအခါ သက်လျင်အထွက်ကောင်းစပါးမျိုးသစ်များ တစ်မျိုးပြီးတစ်မျိုးပေါ်ထွန်းလာ လျက်ရှိ သည်။ လက်ရှိစိုက်ပျိုးနေကြစပါးမျိုးများနေရာတွင် ပို၍ပို၍ကောင်းမွန်သည့်အရည်အချင်းများနှင့် ပြည့်စုံသောမျိုးများကို ပြောင်းလဲစိုက်ပျိုးရန် လိုပါသည်။
ရွေးချယ်စိုက်ပျိုးသောမျိုးသစ်သည် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားရန် စျေးကွက်ဝင်သော ဆန်အရည်အသွေးရှိခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဒဏ်ကိုခံနိုင်ခြင်း၊ အပင်ယိုင်လဲလွယ်မှုမရှိခြင်း၊ လေလွင့်ဆုံးရှုံးမှုနည်းပါးခြင်း စသည့် မျိုးကောင်းအင်္ဂါရပ်များနှင့် ကိုက်ညီပါက လယ်သမားများ လက်မလွတ်တမ်း စိုက်ပျိုးသင့်သည့်မျိုးဟု ဆိုနိုင်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ယခုလအတွင်း နွေစပါးကို စတင်စိုက်ပျိုးကြောင်း သိရပါသည်။ သို့ဖြစ်၍ နွေစပါးစိုက်ပျိုးရာတွင် အောက်ပါ အချက် များကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
1. ဒေသရေမြေနှင့်ကိုက်ညီသော စပါးမျိုးကိုစိုက်ပျိုးပါ။
2. စိုက်ပျိုးရေကိုချွေတာရာရောက်ပြီး ကုန်ကျစရိတ်သက်သာကာ ဆောင်ရွက်ရန် လွယ်ကူသော စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပါ။
3. အစိုတမန်းပြင်တွင် ကြဲပက်ခြင်းကဲ့သို့ တိုက်ရိုက်မျိုးစေ့ချနည်းစနစ် တစ်မျိုးမျိုး ဖြင့် ဆောင်ရွက်ပါက ပေါင်းမြက်ကာကွယ်နှိမ်းနင်းမှုလုပ်ငန်းများကို အလေးထား လုပ်ကိုင်ပါ။
4. ကျရောက်နိုင်သည့်ပေါင်းမြက်များကို၊ ထွန်ရေးတမန်းကောင်းခြင်းဖြင့် ကာကွယ် ခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲခြင်း(Pre-emergence Herbicides(သို့မဟုတ်) Post-emergence Herbicides) တို့ဖြင့် နည်းစနစ်မှန်စွာ သုံးစွဲကာကွယ်ခြင်း၊ ရေထိန်းသိမ်းမှုဖြင့် ကာကွယ်ခြင်းစသည့် နည်းမျိုးစုံဖြင့် ပေါင်းမြက်ကို ကာကွယ် နှိမ်နင်းပါ။
ပုံမှန်ဆို ယခုအချိန်တွင် မုတ်သုန်မိုးဆုတ်ခွာတာကြာခဲ့ပြီ။ မြေတွင်းအစိုဓာတ်တစ်ဖြည်းဖြည်း ဆုတ်ယုတ်နေပါသည်။
သို့သော် နိုင်ငံအတွင်း ဒေသအချို့တွင် ပင်လယ်ပြင်များတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းများကြောင့် မိုးရွာသွန်းမှုများရှိခဲ့ရာ ဆောင်းသီးနှံ များအတွက် မြေတွင်းအစိုဓာတ်ပိုမိုမှုများလည်း ရှိနိုင်ပါသည်။ သို့ဖြစ်၍ သီးနှံအလိုက် သင့်တော်သော မြေတွင်းအစိုဓာတ်အခြေအနေရှိချိန်တွင် စိုက်ပျိုးခြင်းဖြင့် ဆောင်းသီး နှံများကို အောင်မြင်အောင် စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးစိုက်ပျိုးနည်း
Topic 2
စပါးစိုက်မြေယာပြုပြင်ခြင်း
Applicable farm inputs (Ad)
ဦးဟန်
3 years agoရေနပ်အောင်ဖျန်းလို့ရပါတယ်။ဆယ်တောင်ခန့်ကြက်သွန်ရေတိုက်မျိုးပေါ့။
NayHtet
3 years agoကုလားပဲခင်းကိုရေပေးလို့ရလားဗျ
zawmyoaung
3 years agoနေပြည်တော်ဇမ္ဗူသီရိမှာနွေစပါးစိုက်ရမှာလား
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all