ရှာလကာရည်ကို ပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုခြင်း
အော်ဂဲနစ်နည်းနဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါ ရှာလကာရည်ကို သဘာဝပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုလို့ ရပါတယ်။ ရှာလကာရည်မှာပါဝင်တဲ့ အက်စစ်ဂုဏ်သတ္တိဟာ (acetic acid) ပေါင်းပင်တွေကို ကာကွယ်နှိမ်နင်းပေးနိုင်တဲ့ အစွမ်းရှိတာကြောင့်ဖြစ်ပါတယ်။ အက်စစ်ဂုဏ်သတ္တိပိုများလေ ပေါင်းပင်တွေကို နှိမ်နင်းနိုင်လေ ဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်တွေမှာ ချက်ပြုတ်စားသောက်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ ရှာလကာရည်တွေကတော့ အက်စစ်ဂုဏ်သတ္တိနည်းပါတယ်။ အများအားဖြင့် အက်စစ်ဂုဏ်သတ္တိ ၅ ရာခိုင်နှုန်းနဲ့ ရေ ၉၅ ရာခိုင်နှုန်း ပါဝင်တာဖြစ်ပါတယ်။ ဒီလို အက်စစ်ဂုဏ်သတ္တိနည်းတဲ့ ရှာလကာရည်တွေကိုတော့ တနိုင်တပိုင် စိုက်ခင်းငယ်လေးတွေမှာ ပေါင်းနှိမ်နင်းတဲ့အခါ အသုံးပြုလို့ရပါတယ်။
သို့ပေမဲ့ သီးနှံစိုက်ခင်းကြီးတွေမှာ နှစ်ရှည်ပေါင်းပင်တွေကို နှိမ်နင်းဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ အက်စစ်ဂုဏ်သတ္တိပမာဏ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းရှိတဲ့ ရှာလကာရည်တွေကို ရွေးချယ်သင့်ပါတယ်။
အက်စစ်ဓာတ်ပါဝင်မှုများတဲ့ ရှာလကာရည်တွေကို အသုံးပြုမယ်ဆိုရင်တော့ စနစ်တကျသေချာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အရေပြားနဲ့ မျက်နှာအစိတ်အပိုင်းတွေကို တိုက်ရိုက်ထိတွေ့တာမျိုး မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။
တစ်ရာသီခံပေါင်းတွေကို နှိမ်နင်းရာမှာ မိမိစိုက်ခင်းမှာ နှစ်စဉ်ပေါက်ရောက်လေ့ရှိတဲ့ ပေါင်းအမျိုးအစား၊ ၎င်းတို့ရဲ့ မျိုးစေ့ချတဲ့အချိန် စတာတွေကို သိထားမယ်ဆိုရင်တော့ အလွယ်တကူ ကာကွယ်နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။
နှစ်ရှည်ပေါက်ရောက်တဲ့ ပေါင်းတွေကို ကာကွယ်နှိမ်နင်းနိုင်ဖို့ကတော့ မလွယ်ကူလှပါဘူး။ နှစ်ရှည်ပေါင်းတွေကို မျိုးစေ့မပေါက်အောင် တားဆီးခြင်းဟာလည်း ထိရောက်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ကို နှိမ်နင်းလိုက်လို့ သေဆုံးသွားပေမယ့်လည်း အမြစ်ကနေတဆင့် ပြန်လည်ရှင်သန်လာနိုင်တာကြောင့် ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာတော့ ရှာလကာရည်ကို မကြာခဏအသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ဖို့ လိုအပ်ပါတယ်။ မကြာခဏ အသုံးပြုခြင်းဖြင့် ပေါင်းပင်တွေအားနည်းလာပြီး တဖြည်းဖြည်း သေဆုံးသွားမှာလည်း ဖြစ်ပါတယ်။
ပြုလုပ်နည်း
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပန်းကန်ဆေးဆပ်ပြာအရည်၊ အိမ်သုံးဆား၊ ရှာလကာရည်နဲ့ ဆေးဖျန်းမယ့် စပရေးဗူး (Spray bottle) တို့ပဲ ဖြစ်ပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အက်စစ်ဓာတ်ဟာဆိုရင် ပေါင်းပင်မှာရှိတဲ့ ရေကိုစုပ်ယူပြီးတော့ အပင်တွေကိုခြောက်သွေ့ သေဆုံးသွားစေတာ ဖြစ်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာအရည်ဟာ ပေါင်းပင်တွေရဲ့ အပြင်ဘက်အလွှာ သို့မဟုတ် ဖယောင်းအလွှာ (Cuticle layer) ကို ချေဖျက်ပေးပြီး ရှာလကာရည်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။
ယခုဖော်ပြမယ့် နှုန်းထားက မိမိနေအိမ် ခြံဝန်းအတွင်း တနိုင်တပိုင် ပေါင်းနှိမ်နင်းရာမှာ အသုံးပြုရမယ့် နှုန်းထားဖြစ်ပါတယ်။
ထည့်သွင်းရမယ့်နှုန်းထားကတော့...
- ရှာလကာရည် ၁ ဂါလံ (အက်စစ်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း)
- အိမ်သုံးဆား ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး သို့မဟုတ် သောက်ရေခွက်)
- ဆပ်ပြာအရည် ထမင်းစားဇွန်း ၁ ဇွန်း
၎င်းတို့ကို ရောစပ်ကာ အပြည့်အဝ ပျော်ဝင်သည်အထိ သေချာစွာမွှေပေးရမှာ ဖြစ်ပါတယ်။ ကောင်းစွာ ပျော်ဝင်ပြီဆိုရင်တော့ သဘာဝပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဒီနည်းလမ်း ပြုလုပ်တဲ့အခါ ရှာလကာရည်ချည်း သပ်သပ်ပဲ အသုံးပြုရင်လည်း ရပါတယ်။ သို့ပေမယ့် ရှာလကာရည် တစ်မျိုးတည်းကိုပဲ အသုံးပြုမယ်ဆိုရင် ၎င်းမှာပါဝင်တဲ့ အက်စစ်ဂုဏ်တ္တိဟာ ရွက်ပြန့်ပေါင်းပင် အများစုကို သေစေနိုင်ပေမယ့် ပေါင်းပင်တွေရဲ့ အမြစ်စနစ်ဆီကို အာနိသင်မရောက်နိုင်တဲ့အတွက် ပေါင်းပင်တွေ ပြန်လည်ရှင်သန်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ပိုပြီးထိရောက်အောင် ဆားကိုပါ ထပ်ထည့်ပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ ဆားထည့်ပေးခြင်းဖြင့် ပေါင်းပင်တွေရဲ့ အမြစ်စနစ်ကို ခြောက်သွေ့စေပြီး ထိရောက်စွာ နှိမ်နင်းနိုင်မှာဖြစ်ပါတယ်။
ဒီသဘာဝပေါင်းသတ်ဆေးကို အသုံးမပြုခင် သိထားရမယ့် အချက်အလက်တချို့ရှိပါသေးတယ်။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။
- ရှာလကာရည် ပေါင်းသတ်ဆေးဟာ ဓာတုဆေးတွေလို ရွေးချယ်ပေါင်းသတ်ပေးတဲ့ အာနိသင်မရှိတာကြောင့် ပေါင်းအမျိုးအစားအားလုံးကိုတော့ နှိမ်နင်းပေးနိုင်မှာ မဟုတ်ပါဘူး။
- အသုံးပြုရာမှာ မိမိစိုက်ပျိုးထားတဲ့အပင်တွေကို မထိခိုက်စေဖို့အတွက် သီးသန့်သတ်မှတ်ထားတဲ့ နေရာမှာ ကြိုတင်စမ်းသပ်ပြီးမှ အသုံးပြုသင့်ပါတယ်။
- လေမတိုက်ဘဲ နေသာတဲ့အချိန်မျိုးတွေမှာ ဆေးဖျန်းသင့်ပါတယ်။ နေရောင်ဟာ ရှာလကာရည်ကြောင့် ပေါင်းပင်တွေ ခြောက်သွေ့သွားအောင် ကူညီပေးနိုင်ပါတယ်။ လေတိုက်နေရင် မလိုတဲ့နေရာကို ဆေးတွေရောက်သွားနိုင်တာကြောင့် သတိပြုသင့်ပါတယ်။
- ရှာလကာရည် ပေါင်းသတ်ဆေးဟာ ပေါင်းပင်တွေရဲ့ အမြစ်ကိုတိုက်ရိုက်မထိတွေ့ပဲ အပေါ်ဘက် အစိတ်အပိုင်းတွေကိုသာ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ကြီးမားတဲ့ပေါင်းပင်တွေကို နှိမ်နင်းမယ်ဆိုရင်တော့ အခြားနည်းလမ်းတွေကိုပါ အသုံးပြုသင့်ပါတယ်။
- တစ်ရာသီခံပေါင်းပင်တွေကိုတော့ အလွယ်တကူနှိမ်နင်းနိုင်ပေမယ့် နှစ်ရှည်ပေါင်းတွေကို နှိမ်နင်းရာမှာတော့ ခက်ခဲနိုင်တာကြောင့် စနစ်တကျနဲ့ အကြိမ်ကြိမ်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.homeguides.sfgate.com/
https://www.birdsandblooms.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေး
Anonymous
3 years agoဆေးဖြန်းပုံး တပုံးကို ဖျော်ပြီးသားဆေးရေ ဘယ်လောက်ထည့်မလဲခင်ဗျာ
ကိုသန်းလိူင်
3 years agoဆေးဖြန်းပုံး တစ်ပုံး( သို့မဟုတ်) ၁၆. လီတာ ဖြန်းပုံး ကို ရှာလကာရည်က. ဘယ်လောက် းးး ဆားဘယ်လောက် းးးး ဆပ်ပြာအရည်ဘယ်လောက် း တိတိကျကျ ရှင်းပြပေးပါ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026