Green Way
လက်ရှိစိုက်ပျိုး စပါးသုံးမျိုး၏ အားသာ အားနည်းချက်များ

လက်ရှိစိုက်ပျိုး စပါးသုံးမျိုး၏ အားသာ အားနည်းချက်များ

ဆင်းသီဟ
ဆင်းသီဟ 26/10/2022

လက်ရှိစိုက်ပျိုးလျက်ရှိသောစပါးမျိုးများကိုလေ့လာလျှင် ရှေးယခင်ကတည်းက စိုက်ပျိုးလာသောစပါးမျိုးများနှင့် ၁၉၇၀ ခုနှစ်ဝန်းကျင်မှာမှ စတင်စိုက်ပျိုးလာသော စပါးမျိုးများဟူ၍ အုပ်စုနှစ်ခုတွေ့မြင်နိုင်မည် ဖြစ်ပါသည်။

ရှေးယခင်ကစပါးမျိုးတွေသည် ဒေသစပါးမျိုး(Local variety or Traditional variety)အုပ်စုထဲမှာ ပါဝင်ပါသည်။ မိုးရာသီတွင်သာ စိုက်ပျိုးကြသည်။ ယခုမိုးရော‌ နွေပါ စိုက်ပျိုးသည့် စပါးမျိုးများသည် အထွက်ကောင်းမျိုး(High Yielding Variety)အုပ်စုထဲမှာ ပါဝင်ပါသည်။

၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာတွင် သီးနှံမျိုးသစ်များနှင့် နည်းပညာသစ်များ တိုးတက်ပေါ်ထွက်လာသည့် မြစိမ်းရောင်တော်လှန်ရေး (Green revolution)၏ အသီးအပွင့်များတွင်  စပါးမျိုးသစ်များပေါ်ထွန်းလာမှု ပါဝင်သည်။ မြန်မာနိုင်ငံတွင်လည်း ဖိလစ်ပိုင်နိုင်ငံတွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန (International Rice Research Institute – IRRI) နှင့် ပူးပေါင်းကာ စပါးမျိုးသစ်များစွာကို သုတေသနပြုထုတ်လုပ်နိုင်ခဲ့သည်။ 

အဆိုပါစပါးမျိုးသစ်များသည် မူလဒေသစပါးမျိုးထက် တစ်ဧကအထွက် မြင့်မားသောကြောင့် (High Yielding Variety-HYV) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ 

ဒေသစပါးမျိုးအုပ်စု

မြန်မာနိုင်ငံတွင်သာမက အနောက်တောင်မုတ်သုံလေကြောင့် ရွာသွန်းသော မိုးရေကို အားကိုးစိုက်ပျိုးနေကြရသော တောင်အာရှနှင့် အရှေ့တောင်အာရှဒေသ အများစုမှာ ရှေးယခင်ရာစုနှစ်ပေါင်းများစွာကပင် ဒေသစပါးမျိုးများကိုသာ စိုက်ပျိုးခဲ့ကြပြီး ယခုလည်း စိုက်ပျိုးဆဲပင် ဖြစ်ပါသည်။

ဒေသစပါးမျိုးအုပ်စုတွင် ထူးခြားချက် (၄) ချက် ရှိသည်။ 

  • ပထမအချက်မှာ ဒေသစပါးမျိုးတွေသည် အလင်းရောင်တုန့်ပြန်မှု (Photoperiod sensitive) ရှိသည်။ မိုးရာသီတွင်သာ စိုက်ပျိုးလေ့ရှိသည်။ မျိုးအလိုက် သတ်မှတ်ရက် (Date-fixed)မှာ ပန်းပွင့်သည်။ ဥပမာ- နိုဝင်ဘာပထမပတ်တွင် ပန်းပွင့်လေ့ရှိသော အင်းမရဲဘော်စပါးမျိုးသည် နှစ်စဉ် စိုက်ချိန်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ထိုအချိန်မှာပဲ ပန်းပွင့်လေ့ရှိပါသည်။ 
  • ဒုတိယအချက်မှာ ဒေသစပါးမျိုးတွေသည်  စပါးအထွက်စွမ်းရည်နည်းသည်။(Low-yielding ability) သို့သော်ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုမလုပ်နိုင်၊ မြေသြဇာ မကျွေးနိုင်-စသည့် ပြုစုဂရုစိုက်မှုမလုပ်ကိုင်နိုင်ရင်တောင်မှ သင့်တင့်သော စပါးအထွက်ကိုတော့ ပေးစွမ်းနိုင်သေးသည်။ 
  • တတိယအချက်မှာ ဒေသစပါးမျိုးတွေသည် ဓာတ်မြေသြဇာကျွေးသော်လည်း  ကျွေးသလောက် တုန့်ပြန်အကျိုးပြုနိုင်စွမ်း မရှိနိုင်ပါ။ 
  • စတုတ္ထအချက်မှာ ဒေသစပါးမျိုးတွေသည် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။

အထွက်ကောင်းစပါးမျိုးအုပ်စု

ဒေသစပါးမျိုးများထက် တစ်ဧကအထွက်နှုန်းမြင့်မားခြင်း၊ နိုင်ငံအတွင်း သုတေသနပြုလုပ်ကာ စဉ်ဆက်မပြတ် မျိုးသစ်များပေါ်ထွက်လာခြင်းတို့ကြောင့် သင့်တော်ရာရေမြေ၌ သင့်တော်ရာအထွက်ကောင်းစပါးမျိုးများကို  စိုက်ပျိုးလျက်ရှိပါသည်။ 

အထွက်ကောင်းစပါးမျိုးအုပ်စုတွင်လည်း ထူးခြားချက်(၄)ချက်ရှိပါသည်။

  • ပထမအချက်မှာ အထွက်ကောင်းစပါးမျိုးတွေသည် အလင်းရောင်တုံ့ပြန်မှု (Photoperiod sensitive) မရှိသောမျိုးတွေဖြစ်သည်။ သက်တမ်းရက်တည်စပါးမျိုး (Day-fixed) လို့ခေါ်ဆိုနိုင်သည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းရာသီဥတုရှိသော ဒေသတွေမှာ မိုးရာသီသာမက အချိန်မရွေး စိုက်ပျိုးနိုင်သည်။ မျိုးအလိုက် သက်တမ်းရက်စေ့လျှင် ရင့်မှည့်ရိတ်သိမ်းနိုင်မည် ဖြစ်ပါသည်။
  • ဒုတိယအချက်မှာ အထွက်ကောင်းစပါးမျိုးတွေသည် စပါးအထွက်စွမ်းရည်မြင့်မားသော (High yielding ability) စပါးမျိုးတွေ ဖြစ်ပါသည်။ 
  • ဒေသစပါးမျိုးတွေက တစ်ဧက တင်း ၄၀၊ ၅၀ ခန့်သာထွက်သော်လည်း ဆင်းသုခ၊ မနောသုခ၊ သီးထပ်ရင်စသည့် အထွက်ကောင်းစပါးမျိုးတွေကမူ တစ်ဧက တင်း ၇၀၊ ၈၀ တစ်ခါတစ်ရံ တင်းရာကျော်ထွက်ပါသည်။
  • တတိယအချက်မှာ ဓာတ်မြေသြဇာအပေါ် တုံ့ပြန်အကျိုးသက်ရောက်မှု ကောင်းသည်။ ကျွေးပေးလိုက်သောဓာတ်မြေသြဇာကို အပင်က စားသုံးနိုင်သည်။ စပါးအထွက် မြင့်မားဖို့ဆိုလျင် ဓာတ်မြေသြဇာကျွေးပေးဖို့လိုပါသည်။
  • စတုတ္ထအချက်မှာ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်မရှိပါ။ အထွက်ကောင်း စပါးမျိုးတွေကို စိုက်ခြင်းဖြင့် မူလက ကျရောက်ခြင်းမရှိသော ပိုမွှားရောဂါတွေ ကျရောက်လာနိုင်ပါသည်။

စပ်မျိုးစပါးအုပ်စု

နိုင်ငံအတွင်း စိုက်ဧရိယာအားဖြင့် အလွန်နည်းပါးသေးသည့် စပ်မျိုးစပါးအကြောင်း ဆက်လက်ဖေါ်ပြလိုပါသည်။

စပ်မျိုးစပါးဆိုသည်မှာ မျိုးမတူသောစပါးနှစ်မျိုးကိုစပ်ထားသဖြင့် အလွန်သန်မာ ကြီးထွားပီး အထွက်အထူးကောင်းသော စပါးမျိုးများ ဖြစ်ပါသည်။

စပ်မျိုးစပါးသည် မျိုးခံစိုက်လို့မရတာကို ဦးစွာအသိပေးလိုပါသည်။ ပထမသားဆက်(F1)တွင်သာ အထွက်အထူးကောင်းခြင်းဖြစ်သည်။ နှစ်စဉ်စပ်မျိုးမျိုးစေ့ကို ဝယ်စိုက်ရမှ ာဖြစ်ပါသည်။

စပ်မျိုးစပါးတွင်လည်း ထူးခြားချက် (၄ )ချက်ရှိပါသည်။

  • ပထမအချက်မှာ အထွက်ကောင်းစပါးမျိုးလိုပဲ အလင်းရောင်တုံ့ပြန်မှု (Photoperiod Sensitive) မရှိပါ။ သက်တမ်းရက်တည်စပါးမျိုး(Day-fixed) ဖြစ်သည်။ ထို့ကြောင့် အထွက်ကောင်းစပါးမျိုးကဲ့သို့ အချိန်မရွေး စိုက်ပျိုးနိုင်ပါသည်။
  • ဒုတိယအချက်မှာ အထွက်ကောင်းစပါးမျိုးထက် တစ်ဧကအထွက် သာလွန်ကောင်းမွန်သော စွမ်းရည်ရှိသည်။ (၁၅) မှ (၂၀) ရာခိုင်နှုန်းအထွက်ပိုနိုင်သည်ဟု သိရပါသည်။ သို့ဖြစ်၍ အထူးအထွက်တိုးစပါးမျိုးဟု အချို့ကခေါ်ကြပါသည်။ 
  • တတိယအချက်မှာ ဓာတ်မြေသြဇာအပေါ်တုံ့ပြန်မှု အလွန်ကောင်းသည်။ ဓာတ်မြေသြဇာတိုးမြှင့်သုံးစွဲမှသာ မျှော်မှန်းသည့်စပါးအထွက်ကိုပေးစွမ်းနိုင်သည်။ စပ်မျိုးစပါးအတွက် အကောင်းမွန်ဆုံးအခြေအနေ (Favourable Environment)တွင်သာ စပ်မျိုးစပါးရှိ စပ်မျိုးစွမ်းအင်(Hybrid Vigor) ကို အပြည့်အဝရရှိစေနိုင်ကြောင်း သိရပါသည်။
  • စတုတ္ထအချက်မှာ စပ်မျိုးစပါးသည် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်မရှိပါ။ အပူပိုင်းဒေသရှိ အရှေ့တောင်အာရှနိုင်ငံများမှာ စိုက်ပျိုးလျက်ရှိသည့် စပ်မျိုးစပါးမျိုးအများစုသည် ရောဂါခံဒဏ်နိုင်ရည်ရှိမှု နည်းပါးသည်ဟု ဆိုပါသည်။

ရွေးချယ်စိုက်ပျိုးရန်

စပါးမျိုးအုပ်စုသုံးခုတွင် ဖေါ်ပြပါအတိုင်း မျိုးအလိုက်အားသာချက်၊ အားနည်းချက်တွေ ရှိသည်ကို သိထားသင့်ပါသည်။

ဒေသမျိုး၊ အထွက်ကောင်းမျိုး၊ စပ်မျိုး မည်သည့်စပါးမျိုးဖြစ်စေ စိုက်ပျိုးသည့် လယ်မြေ၏ မြေဆီလွှာအဆင့်အတန်း၊ သွင်းရေရရှိမှု၊ ရေနေရေထိုင်၊ စပါးမျိုး၏ အသက်ရက်၊ အထွက်စွမ်းရည်မြင့်မားမှု၊ ရောင်းချရန်‌စျေးကွက်ကောင်းမှု၊ စားသုံးရန်ဆန် အရည်အသွေးကောင်းမှု-စသည့် အခြေအနေအရပ်ရပ်အရ ကြိုက်နှစ်သက်ရာ စပါးမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ 

သို့သော် အရေးကြီးဆုံးအချက်မှာ မိမိလယ်မြေမှာ ဖြစ်ထွန်းပြီး စိုက်ပျိုးကုန်ကျစရိတ်မများဘဲ စီးပွားရေးတွက်ချေကိုက်သည့်စပါးမျိုးကို ရွေးချယ်စိုက်သင့်သည်ဟု မြင်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Continue reading related topics, questions and articles.

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....