ဒေသအလိုက်ကျယ်ပြန့်စွာစိုက်ပျိုးသည့်စပါးမျိုးများ၏ အရည်အသွေးလက္ခဏာများ
ဆန်စပါးသည် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုလျှံသည်ကို ပြည်ပသို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အလွန်အရေးကြီးသောသီးနှံဖြစ်သည်ဆိုတာ အများသိပြီးဖြစ်သည်။ နိုင်ငံတစ်နံတစ်လျား ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် ဆန်စပါးကို စိုက်ပျိုးသည်။ သို့သော် မြန်မာနိုင်ငံအတွင်း စပါးစိုက်ပျိုးရာ ရေမြေသဘာဝသည် တစ်မျိုးတစ်တန်းစားတည်း မဟုတ်ပါ။ ဒေသတစ်ခုနှင့်တစ်ခု ရေမြေသာမက မိုးရွာသွန်းမှုနှင့် ရာသီဥတုသဘာဝအခြေအနေတွေ ကွာခြားလျက်ရှိပါသည်။
စပါးမျိုးတစ်မျိုးကို နေရာဒေသတိုင်းတွင် စိုက်ပျိုးလို့တော့ ရနိုင်ပါသည်။ သို့သော် ဖြစ်ထွန်းမှု (တစ်နည်းအားဖြင့်) လယ်သမားတိုင်းလိုချင်သော တစ်ဧကစပါးအထွက်ပေး စွမ်းနိုင်မှုနှင့် ကြိုက်နှစ်သက်မှုမှာ ကွာခြားနိုင်ပါသည်။ သို့ဖြစ်၍ သင့်တော်ရာဒေသတွင် သင့်တော်သောစပါးမျိုးကို စိုက်ပျိုးလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။

ဆင်းသုခ
ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ကရင်ပြည်နယ်တို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသော မျိုးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ဧရိယာအများဆုံးစိုက်ပျိုးသောမျိုး ဖြစ်ပါသည်။
ဆင်းသုခစပါးမျိုးသည် လက်ရွေးစင်စပါးမျိုးအုပ်စုဝင်ဖြစ်သည်။ အသက်ရက် ၁၄၀ ဖြင့် ရိတ်သိမ်းနိုင်သည်။
ဆန်ရည်ဆန်သားကြည်လင်ပြီး စားသုံးမှုအဆင့်အတန်း သင့်တင့်သည်။ ဆန်ထွက်ရာခိုင်နှုန်းကောင်းသည်။
မနောသုခစပါးမျိုးတွင်ရှိသော အရည်အချင်းများနီးပါး ဆင်းသုခတွင် ရှိကြောင်း လေ့လာသိရှိရသည်။ မနောသုခစိုက်သောဒေသများတွင် စပါးရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရေးအတွက် မနောသုခကို အစားထိုးထုတ်ဝေထားသောမျိုး ဖြစ်ကြောင်း သိရပါသည်။
မနောသုခ
ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးရာသီ၌ ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသောမျိုး ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယစိုက်ဧရိယာအများဆုံးစိုက်သောမျိုး ဖြစ်ပါသည်။
မနောသုခစပါးမျိုးသည် လက်ရွေးစင်မျိုးအုပ်စုဝင်ဖြစ်ပြီး အသက် ၁၃၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။
ထူးခြားမှုမှာဆန်ထွက်ကောင်းသည်။ ဆန်ရည်ဆန်သားကြည်လင်ပြီး စားသုံးမှုအဆင့်အတန်း သင့်တင့်သည်။ ချက်ပြုတ်ရာတွင် ထမင်းအိုးတက်သည်ဟု ဆိုပါသည်။
ရွှေဝါထွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနသ်ာရီတိုင်းဒေသကြီးတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသောမျိုး ဖြစ်သည်။
ရွှေဝါထွန်းစပါးမျိုးသည် ဧည့်မထမျိုးအုပ်စုဝင် ဖြစ်သည်။ အသက်ရက် ၁၄၀ မှ ၁၄၅ ရက်နှင့် ရိတ်သိမ်းနိုင်သည်။ ဆန်ရည်ဆန်သား ကြည်လင်သည်။ စားသုံးမှု အဆင့်အတန်းအနေဖြင့် အနည်းငယ်မာသည်။
ရွှေဝါထွန်းစပါးမျိုးကို မျိုးထွန်းနည်းဖြင့် မွေးမြူရွေးချယ်သုတေသနပြုလုပ် ပြီး မိုးကောင်းသောက်ဒေသအတွက် သုတေသနပြုထုတ်ဝေခဲ့သောမျိုး ဖြစ်ကြောင်း သိရပါသည်။
ဆင်းဧကရီ-၃
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသောမျိုး ဖြစ်သည်။
ဆင်းဧကရီ-၃ စပါးမျိုးသည် ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်သည်။ အသက်ရက် ၁၂၅ မှ ၁၃၀ ဖြင့်ရိတ်သိမ်းနိုင်သည်။
ဆန်ရည်ဆန်သားကြည်လင်သည်။ စားသုံးမှုအဆင့်အတန်းမှာ ကောင်းမွန်၊ နူးညံ့၊ ပျော့ပျောင်းပါသည်။
ထူးခြားမှုမှာ အထွက်စွမ်းရည်(Yield Potential)မြင့်မားပြီး အထွက်တည်ငြိမ်သောမျိုး ဖြစ်ကြောင်း သိရပါသည်။
ဧရာမင်း
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသောမျိုး ဖြစ်သည်။
ဧရာမင်းစပါးမျိုးသည် ဧည့်မထမျိုးအုပ်စုဝင်စပါးမျိုးဖြစ်သည်။ အသက် ရက် ၁၅၅ မှ ၁၆၀ ဖြင့်ရိတ်သိမ်းနိုင်သည်။
ဆန်ရည်ဆန်သားမှာ ကြည်လင်သည်။ စားသုံးမှုအဆင့်အတန်းကောင်းပါသည်။
ထူးခြားမှုမှာ ဓါတ်မြေသြဇာစားသုံးမှုနည်းပြီး ဆန်ထွက်ရာခိုင်နှုန်း အသင့်အတင့်ကောင်းမွန်ခြင်း ဖြစ်ပါသည်။
ဆင်းသွယ်လတ်
ရခိုင်ပြည်နယ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးသောမျိုး ဖြစ်သည်။
ဆင်းသွယ်လတ်သည် ဧည့်မထမျိုးအုပ်စုတွင်ပါဝင်ပြီး အသက်ရက် ၁၃၅ ဖြင့် ရိတ်သိမ်းနိုင်သည်။
ဆန်ရည်ဆန်သား ကြည်လင်သည်။ စားသုံးမှုအဆင့်အတန်းကောင်းကာ နူးညံ့သည်။
ထူးခြားမှုမှာ ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်ရည် ရှိပါသည်။
ကျော်ဇေယျ
တနင်္သာရီတိုင်းဒေသကြီးတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျှက်ရှိသည်။
ကျော်ဇေယျစပါးမျိုးသည် ဧည့်မထမျိုးအုပ်စုဝင်ဖြစ်သည်။ အသက်ရက် ၁၃၅ မှ ၁၄၅ ရက်ရှိသည်။
ဆန်ရည်ဆန်သားအနေဖြင့် ဗိုက်ဖြူအနည်းငယ်ပါသည်။ စားသုံးမှု အဆင့်အတန်းသည် သင့်တင့်ပြီး မာပါသည် ။
ထူးခြားမှုမှာ ပင်စည်တောင့်တင်းသည်။ ရေနစ်ဒဏ်ခံနိုင်သည်။ မိုးကောင်းသောက်ဒေသများနှင့် အထူးသင့်တော်ပြီး ရေနက်ကွင်းဒေသများတွင်လည်း သင့်တော်ကြောင်း သိရပါသည်။
ပေါ်ဆန်းရင်
မွန်ပြည်နယ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးသည့်စပါးနှစ်မျိုးအနက် တစ်မျိုးဖြစ်သည်။မီးဒုံးမျိုးအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အောက်တိုဘာလတတိယပတ်တွင် ပန်းပွင့်သည့်မျိုး ဖြစ်သည်။ ဆန်ရည်ဆန်သားနောက်သည်။ စားသုံးမှုအဆင့်အတန်းကောင်းကာ နူးညံ့ပါသည်။
ပေါ်ဆန်းဘေးကြား
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျယ်ပြန့်စွာစိုက်ပျိုးလျက်ရှိသည်။
စပါးမျိုးအုပ်စုမှာ မီးဒုံးဖြစ်ပြီး နိုဝင်ဘာလတတိယပတ်တွင် ပန်းပွင့်သည့်မျိုး ဖြစ်သည်။ ဆန်ရည်ဆန်သား နောက်သည်။ စားသုံးမှုအဆင့်အတန်းကောင်းပြီး နူးညံ့ပါသည်။ ရွှေဘိုပေါ်ဆန်းအမည်တွင်လျက်ရှိပါသည်။
ပေါ်ဆန်းမွှေး
မွန်ပြည်နယ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးသည့်စပါးနှစ်မျိုးအနက် တစ်မျိုးဖြစ်သည်။
မီးဒုံးအုပ်စုဝင် စပါးမျိုး ဖြစ်သည်။ နိုဝင်ဘာလစတုတ္ထပတ်တွင် ပန်းပွင့်သည့် မျိုး ဖြစ်သည်။ ဆန်ရည်ဆန်သား နောက်သည်။ စားသုံးမှုအဆင့်အတန်းကောင်းပြီး နူးညံ့ပါသည်။
ဆင်းရွှေဝါ
ကယားပြည်နယ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးသည့်စပါးနှစ်မျိုးအနက် တစ်မျိုးဖြစ်သည်။ ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်သည်။ အသက်ရက် ၁၂၀ မှ ၁၂၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ ဆန်ရည်ဆန်သားနောက်သည်။ စားသုံးမှုအဆင့် အတန်းမှာ သင့်တင့်ပါသည်။
ရွှေရင်အေး
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ကျယ်ပြန့်စွာစိုက်ပျိုး လျက်ရှိသည့် စပါးမျိုး ဖြစ်သည်။
ဧည့်မထစပါးမျိုးအုပ်စုဝင်သော စပါးမျိုးဖြစ်သည်။ အသက်ရက် ၁၂၄ မှ ၁၃၃ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ ဆန်ရည်ဆန်သားကြည်လင်သည်။ စားသုံးမှုအဆင့် အတန်းမှာ ကောင်းပါသည်။
ရေဆင်း-၃
ရခိုင်ပြည်နယ်တွင် ကျယ်ပြန့်စွာစိုက်ပျိုးသည့်စပါးသုံးမျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။
ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၂၀ မှ ၁၂၅ ဖြင့် ရိတ်သိမ်းနိုင်သည်။ ဆန်ရည်ဆန်သားကြည်လင်ကာ စားသုံးရာတွင် နူးညံ့ပျော့ပြောင်းပါသည်။
ထူးခြားချက်မှာ ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံနိုင်ကြောင်း သိရပါသည်။
ယခုဖေါ်ပြပါစပါးမျိုးများသည် ကိန်းဂဏန်းများအရ ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီ၌ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအတွင်း စုစုပေါင်းစပါးစိုက်ဧရိယာအနက် စိုက်ဧရိယာဧက အများဆုံးစိုက်ပျိုးသောမျိုးများဖြစ်ကြောင်း သိရပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မျိုးစပါး
တွက်ပီ
2 years agoပေါ့ထွန်းစပါးအကြောင်းသွချင်ပါတယ်
San Htoo Aung
3 years agoဂျပန်ရွေဝါထွန်း သက်တန်းကဘယလောက်ဆိုရိုတ်သိမ်းလိုရလဲးဗျ
winzawphyo
3 years agoဆွေးနွေးခြင်းပါတယ်
ဒေါ်မွေးမွေး
3 years agoပိုးကျရင်ဘာဆေးသုံးရလဲမသိ
လင်းကိုကို
4 years agoဆွေးနွေချင်ပါတယ်ခဗျာ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....