လက်တကမ်းက သဘာဝပိုတက်စီယမ်ရင်းမြစ်များ
အပင်တွေ ကျန်းမာကြီးထွားစေဖို့အတွက် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖောရပ်စ် ဆိုတဲ့ အဓိကကျတဲ့ အာဟာရဓာတ် ၃ မျိုး မရှိမဖြစ် လိုအပ်ပါတယ်။
မြေဆီလွှာထဲကို ဖော့စဖောရပ်စ်ထည့်သွင်းဖို့ နည်းလမ်းများစွာရှိသလို နိုက်ထရိုဂျင်ဓာတ်ကို ထိရောက်စွာထည့်ပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အလားတူ ပိုတက်စီယမ်ဓာတ်တွေ ထည့်သွင်းပေးဖို့ဆိုရင်လည်း နည်းလမ်းတွေအများအပြား ရှိနေတာပါပဲ။
ပိုတက်စီယမ်ဓာတ်ဟာ မြေဆီလွှာအတွင်းမှာရှိတဲ့ ရေနဲ့ ဓာတ်ငွေ့ဖလှယ်မှုကို မျှတစေပြီး အမြစ်ဖိအားကို ထိန်းညှိပေးထားတာကြောင့် အရေးကြီးတဲ့အာဟာရဓာတ် ဖြစ်ပါတယ်။ အပင်ဆဲလ်တွေအတွင်းမှာ စုပုံစေပြီး ပတ်ဝန်းကျင်အပူချိန်ကျဆင်းတဲ့အခါ ဆဲလ်အရည်တွေကို အငန်ဓာတ်တိုးလာစေပြီး သဘာဝအလျောက် အေးခဲမှုတွေကို ဆန့်ကျင်ပေးနိုင်တာလည်း ဖြစ်ပါတယ်။
ပိုတက်စီယမ်ဓာတ်ဟာ အပင်စားသုံးနိုင်တဲ့ပရိုတင်းပုံစံဖန်တီးပြီး မြေဆီလွှာထဲက အာဟာရဓာတ်တွေကို စုပ်ယူရာမှာ ကူညီပေးတဲ့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်ဖြစ်နေတာပါ။ ဒါ့အပြင် အပင်တစ်သျှူးတွေကို တောင့်တင်းသန်မာစေပြီး အအေးဒဏ်၊ မိုးခေါင်ရေငတ်မှုဒဏ်၊ ရောဂါနဲ့ အဖျက်ပိုးမွှားများဒဏ်ကနေလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အပင်တွက် အရေးကြီးတဲ့ သကြားဓာတ်တွေကို ဖန်တီးပေးနိုင်ပြီး ၎င်းဓာတ်တွေကို အရွက်ကနေ အပင်ရဲ့အခြားသောအစိတ်အပိုင်းတွေဆီကို ပို့ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပိုတက်စီယမ်ဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ပါဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။ ဥပမာအားဖြင့် ခရမ်းချဉ်သီးနဲ့ အခြားအသီးအနှံတွေမှာ ပိုတက်စီယမ်ဓာတ်ချို့တဲ့ပါက အရသာမကောင်းတာမျိုး တွေ့ရတတ်တာဖြစ်ပါတယ်။
ယခုဆောင်းပါးမှာတော့ မြေဆီလွှာထဲကို ပိုတက်စီယမ်ဓာတ် ထည့်သွင်းပေးနိုင်မဲ့ သဘာဝ နည်းလမ်း ၆ မျိုးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကွန်ဖရေးပင် (Comfrey)

ကွန်ဖရေးပင်ဆိုတာ စိုစွတ်တဲ့အရိပ်မှာပေါက်ရောက်ပြီး ခေါင်းလောင်းပုံစံပန်းပွင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ ကွန်ဖရေးပင်ဟာဆိုရင် အလွန်ကောင်းမွန်တဲ့ ပိုတက်စီယမ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ကွန်ဖရေး ပိုတက်စီယမ်မြေသြဇာ ပြုလုပ်ဖို့ဆိုရင် ကွန်ဖရေးအရွက် ၂ - ၄ ပေါင်နဲ့ ရေ ၅ ဂါလံ လိုအပ်ပါတယ်။ အရွက်တွေနဲ့ ရေကို အရွယ်အစားကြီးတဲ့ ပုံးတစ်ခုထဲသို့ထည့်ကာ ကောင်းစွာရောမွှေပြီးနောက် ပူပြင်းတဲ့ရာသီဥတုမှာဆိုရင် ၂ ပတ်အကြာ (သို့မဟုတ်) အေးတဲ့ရာသီဥတုမှာဆိုရင် ၄ ပတ်ကြာအောင် ထားရမှာဖြစ်ပါတယ်။
၂ ပတ် သို့မဟုတ် ၄ ပတ်အကြာမှာ အရွက်တွေကို အရည်ညှစ်ထုတ်ယူပြီး ကျန်ရှိတဲ့အရွက်တွေကိုတော့ မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ကွန်ဖရေးမြေသြဇာကို အပင်တွေမှာ အသုံးမပြုမီ ကွန်ဖရေးအရည် ၁ လီတာကို ရေ ၅ ဂါလံနဲ့ ရောမွှေရမှာ ဖြစ်ပါတယ်။
၎င်းကို ရွက်ဖြန်းမြေသြဇာအနေနဲ့ အသုံးပြုနိုင်သလို ပိုတက်စီယမ်ပမာဏ တိုးလာစေဖို့အတွက် မြေဆီလွှာပေါ်ကိုလည်း လောင်းပေးနိုင်ပါတယ်။ Comfrey အရွက်တွေမှာ ပါဝင်နေတဲ့ ပိုတက်စီယမ်ဓာတ်ဟာ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်တွေထက် ၃ ဆ ပိုမိုပါဝင်နေတာ ဖြစ်ပါတယ်။
၂။ ဒုဓလီပင် (သို့မဟုတ်) ခြင်္သေ့သွားပင် (Dandelion)

ဒုဓလီပန်းဟာလည်း ပိုတက်စီယမ်ဓာတ်တွေပါဝင်နေတဲ့ အံ့မခန်းအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ပိုတက်စီယမ်မြေသြဇာပြုလုပ်ဖို့အတွက် dandelion ပန်းပွင့်၊အရွက် ၄ ပေါင်ခန့်နဲ့ ရေ ၅ ဂါလံခန့် လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကွန်ဖရေး (comfrey) ပြင်ဆင်မှုကဲ့သို့ပင် dandelion အရွက်တွေနဲ့ ပန်းပွင့်တွေကို အရွယ်အစားကြီးတဲ့ပုံးတစ်ခုထဲမှာ ၃ ပတ်ကနေ ၄ ပတ်ကြာတဲ့အထိ စိမ်ထားရမှာ ဖြစ်ပါတယ်။
ရေစိမ်ထားတဲ့ ရက်သတ္တပတ်တွေ ကုန်လွန်သွားတဲ့အခါ အပွင့်နဲ့ အရွက်တွေကို ရေညှစ်ထုတ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် dandelion ဖျော်ရည် ၁ လီတာကို ရေ ၅ ဂါလံနဲ့ ရောမွှေပြီး အပင်နဲ့ မြေဆီလွှာပေါ်မှာ ပက်ဖျန်းအသုံးပြုနိုင်ပါတယ်။
၃။ ငါးရိုးပင်၊ ငှက်သိုက်ပင် (Fern)

အိမ်တွင်းအလှစိုက်ပန်းပင်တွေကို စိုက်ပျိုးရတာဝါသနာပါတဲ့သူဆိုရင် ဒီအပင်ကို ကောင်းကောင်း ရင်းနှီးပါလိမ့်မယ်။ Fern လို့ခေါ်တဲ့ ငါးရိုးပင် (Pteridium aquilinum) တွေဟာလည်း ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့အပင်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းအပင်ကနေရရှိတဲ့ ပြာ (ash) တွေကိုလည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။
နွေရာသီအစောပိုင်းမှာဆိုရင် ငါးရိုးပင်ရဲ့အမြစ်တွေမှာ ပိုတက်ဆီယမ် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေတာဖြစ်ပါတယ်။ မြေဆီလွှာရဲ့ ပိုတက်စီယမ်ပမာဏကို မြှင့်တင်ဖို့အတွက် ငါးရိုးပင်ပြုတ်ရည်ပြုလုပ်ပြီးလည်း အပင်နဲ့စိုက်ခင်းတွေမှာ အသုံးပြုနိုင်ပါတယ်။
ငါးရိုးပင် ပြုတ်ရည်ပြုလုပ်ဖို့အတွက် ငါးရိုးပင်အစို ၁၀ ပေါင် (သို့မဟုတ်) အခြောက် ၂ ပေါင်နဲ့ ရေ ၂.၅ ဂါလံခန့် လိုအပ်မှာ ဖြစ်ပါတယ်။ ငါးရိုးပင်တွေကို ရေစိမ်ထားပြီးနောက် ရေနွေးနဲ့ထပ်ရောမွှေကာ နာရီဝက်ခန့် ပြုတ်ရမှာဖြစ်ပါတယ်။ အဆိုပါ ပြုတ်ရည်ဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး ပျပိုးကဲ့သို့ အဖျက်ပိုးမွှားတွေကို နှိမ်နင်းရာမှာလည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
၄။ ကော်ဖီအမှုန့် (Coffee Grounds)
သောက်ပြီးကျန်ရှိတဲ့ ကော်ဖီအမှုန့်တွေကို မြေဆီလွှာထဲကို ထည့်ပေးလိုက်ခြင်းဖြင့် ကောင်းကျိုးရရှိစေမှာ ဖြစ်ပါတယ်။ စွန့်ပစ်ကော်ဖီအမှုန့်မှာဆိုရင် နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ်အပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကော့ပါးဓာတ်တွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ ပိုတက်စီယမ်ပါဝင်မှုကို မြှင့်တင်ဖို့အတွက် စွန့်ပစ်ကော်ဖီမှုန့် အသုံးပြုနိုင်မဲ့ နည်းလမ်း ၃ မျိုးရှိပါတယ်။
- ပထမနည်းကတော့ စွန့်ပစ်ကော်ဖီအမှုန့်တွေကို မြေဆွေးပုံထဲထည့်သွင်းပြီး ကောင်းစွာဆွေးမြေ့တဲ့အခါ အပင်နဲ့စိုက်ခင်းတွေမှာ အသုံးပြုတာ ဖြစ်ပါတယ်
- ဒုတိယနည်းကတော့ ကော်ဖီအမှုန့်တွေကို အပင်ခြေရင်းမှာ မြေဖုံးပစ္စည်းအနေနဲ့ တိုက်ရိုက်ထည့်သွင်း (ပုံ) ပေးတာဖြစ်ပါတယ်။ ကော်ဖီမှုန့်ပုံတဲ့အခါ ၁ လက်မခွဲထက် မပိုစေဘဲ မြေဆီလွှာရဲ့ အပေါ်ယံ ၂ လက်မကနေ ၃ လက်မအတွင်းမှာ ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
- တတိယနည်းကတော့ စွန့်ပစ်ကော်ဖီမှုန့် လက်ဖက်ရည်ပန်းကန်လုံး ၂ ခွက်ကို ရေ ၅ ဂါလံနဲ့ရောပြီး ၁ ညထားရှိရမှာဖြစ်ပါတယ်။ ၁ ညထားပြီး နောက်တစ်ရက်ရောက်ရင်တော့ အပင်တွေမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ကော်ဖီအမှုန့်ဟာ ချဉ်/ငန် ဓာတ်အားဖြင့် ၆.၅ ကနေ ၆.၈ အတွင်းရှိပြီး အက်စစ်ဆန်တာကြောင့် အလွန်အကျွံမသုံးမိဖို့တော့ သတိပြုသင့်ပါတယ်။
၅။ ငှက်ပျောခွံ (Banana peel)
ငှက်ပျောသီးမှည့်တစ်လုံးမှာ ပိုတက်စီယမ်ဓာတ် ၄၅၀ မီလီဂရမ် ပါဝင်ပါတယ်။ ငှက်ပျောသီးဟာ လူတွေအတွက်သာမက အပင်တွေအတွက်လည်း ပိုတက်စီယမ်ဓာတ်ကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ အပင်တွေအတွက် အသုံးပြုမယ်ဆိုရင်တော့ ငှက်ပျောခွံတွေဟာ မြေဆီလွှာထဲမှာ လျင်မြန်စွာ ဆွေးမြေ့ဖို့လိုအပ်ပါတယ်။ လျင်မြန်စွာ ပြိုကွဲဆွေးမြေ့စေဖို့အတွက်ဆိုရင် ငှက်ပျောခွံတွေကို သေးငယ်တဲ့ အပိုင်းလေးတွေလှီးဖြတ်ပြီး မြေပေါ်မှာ ၂ လက်မကနေ ၃ လက်မအထူ ပုံပေးနိုင်ပါတယ်။
ငှက်ပျောအခွံတွေကို အတုံးသေးသေးလေးတွေလှီးပြီး ရေထဲမှာ ၂ ရက်ကနေ ၃ ရက်ခန့် စိမ်ထားခြင်းဖြင့် ငှက်ပျောခွံအရည်ကို ပြုလုပ်နိုင်ပါတယ်။ ၎င်းအရည်ကို ငှက်ပျောခွံ ၁ ဆ ရေ ၄ ဆနှုန်းထားနဲ့ ပြုလုပ်နိုင်ပါတယ်။
၆။ သစ်သားပြာ (Wood ash)
ထင်း သစ်သားစတာတွေကို လောင်စာအနေနဲ့ အသုံးပြုနေသေးတယ်ဆိုရင်တော့ ရရှိလာတဲ့ပြာတွေကို စွန့်ပစ်မဲ့အစား မြေသြဇာအနေနဲ့ အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ အသုံးပြုမဲ့ပြာဟာ ဓာတုပစ္စည်းကင်းစင်ပြီး အပင်တွေကို ထိခိုက်မှုမဖြစ်စေဖို့တော့ လိုအပ်ပါတယ်။
သစ်သားပြာမှာ ဖော့စဖောရပ်စ်၊ မဂ္ဂနီစီယမ်နဲ့ ဆိုဒီယမ်အပြင် သစ်သားပြာမှာ ပိုတက်စီယမ်ဓာတ် ၄ ရာခိုင်နှုန်းနီးပါး ပါဝင်နေတာ ဖြစ်ပါတယ်။ သစ်သားပြာဟာ ထုံးဓာတ်တစ်ခုဖြစ်ပြီး မြေဆီလွှာရဲ့ ချဉ်/ ငန် ဓာတ်ကို တိုးစေနိုင်ပါတယ်။ သစ်သားပြာကို မကိုင်တွယ်မီ အကာအကွယ်ကိရိယာတွေ၊ မျက်နှာဖုံးနဲ့ လက်အိတ်တွေကို ဝတ်ဆင်ပြီးမှ အသုံးပြုသင့်ပါတယ်။
သစ်သားပြာကို ဟင်းသီးဟင်းရွက်စိုက်ခင်းတွေထဲ တိုက်ရိုက်ထည့်ပေးနိုင်ပါတယ်။ သို့ပေမဲ့ နှစ်စဉ် မြေဧရိယာ စတုရန်းပေ ၁၀၀၀ လျှင် သစ်ပြာ ၁၅ ပေါင်မှ ပေါင် ၂၀ ထက် ပိုမထည့်မိစေဖို့တော့ သတိပြုရမှာ ဖြစ်ပါတယ်။
လေတိုက်တဲ့ အချိန်မှာတော့ ပြာတွေအသုံးပြုဖို့ အဆင်မပြေနိုင်ပါဘူး။ ထိုကဲ့သို့ အခြေအနေမျိုးမှာ သစ်သားပြာတွေကို သွင်းရေနဲ့အတူ ထည့်ပေးလိုက်ခြင်းဖြင့် ပိုတက်စီယမ်ပမာဏကို မြှင့်တင်နိုင်ပါတယ်။ အအေးခံထားတဲ့ သစ်သားပြာတွေကို တိုက်ရိုက်မသုံးချင်ဘူးဆိုရင် မြေဆွေးပုံမှာ ထည့်ပေးလို့ရပါတယ်။ သစ်သားပြာကို မြေဆွေးပုံမှာထည့်တဲ့အခါ အသင့်တော်ဆုံးပမာဏက မြေဆွေးပုံတစ်ခုလုံးရဲ့ ငါးရာခိုင်နှုန်းပဲ ရှိသင့်တာ ဖြစ်ပါတယ်။
သစ်သားပြာကို အပင်တွေမှာမထည့်မီ မြေဆီလွှာရဲ့ ချဉ်/ ငန်ဓာတ် pH ကို စမ်းသပ်ဖို့ အရေးကြီးပါတယ်။
Ref: https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပိုတက်စီယမ်
pyaephyo
3 years agoငှက်ပျောခွံကိုအတုံးလေးတွေလှီးပြီးရေဘယ်လောက်နဲ့စိမ်ရမလဲ ငှက်ပျောခွံကဘယ်လောက်လဲ ရေကဘယ်လောက်လဲ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026