စပါးစိုက်မြေတွင် ပဲပုပ်စိုက်ပျိုးလျှင်
လယ်မြေပေါ်တွင် စပါးရိတ်သိမ်းပြီးနောက် မတ်ပဲ၊ ကုလားပဲသီးနှံတို့ကဲ့သို့ ပဲပုပ်သီးနှံကို စိုက်ပျိုးနိုင်သည်။ ကောင်းမွန်စွာစိုက်ပျိုးပြုစုပါက အထွက်နှုန်းကောင်းပြီး ဝင်ငွေလည်း ကောင်း နိုင်ပါသည်။
အထွက်နှုန်းနှင့်အထွက်နှုန်းမိတ်ဖက်
ပဲပုပ်သီးနှံအထွက်နှုန်းနှင့်အထွက်မိတ်ဖက်များမှာ-
၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိအပင်ဦးရေ
၂။ တစ်ပင်ပါသီးတောင့်အရေအတွက်
၃။ တစ်တောင့်ပါအစေ့အရေအတွက်
၄။ အစေ့(၁၀၀)အလေးချိန်တို့ဖြစ်သည်။
အထွက်နှုန်းမိတ်ဖက်ကောင်းမှ အထွက်ကောင်းမည်ဖြစ်ရာ အထွက်နှုန်းမိတ်ဖက်(၄)ချက် လုံးကောင်းရေး ကြီးထွားမှုအဆင့်ဆင့်၌ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါ သည်။
ဆောင်ရွက်ရန်နည်းစနစ်များ
ပဲပုပ်သီးနှံစိုက်ပျိုးသူများ လိုက်နာဆောင်ရွက်သင့်သည့် အရေးကြီးသောအချက်များကို အသိပေးလိုပါသည်။
မြေဆီလွှာထက်သန်သောလယ်မြေတွင် စိုက်သင့်သည်။ အပင်ငယ်များလျင်မြန်စွာ ကြီးထွားနိုင်ရန်အတွက် အလွယ်တကူစားသုံးနိုင်သော သြဇာဓာတ်များကို လိုသည်။ မြေဆီ သြဇာညံ့ဖျင်းသောမြေတွင် စိုက်ပျိုးပါက လျင်မြန်စွာကြီးထွားနိုင်ရန် ဓာတ်မြေသြဇာထည့်ပေး ရန်လိုပါသည်။
ပဲပုပ်သည် ရေကောင်းစွာစစ်လွယ်၍ အစိုဓာတ်ကိုလည်း ကောင်းစွာထိန်းထားနိုင်သော မြေဆီမြေသားထူသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ ရေစစ်နှုန်းကောင်းသော စပါးစိုက် လယ်မြေများတွင် ပဲပုပ်စိုက်ပျိုးသင့်ပါသည်။
ချဉ်သောမြေတွင် ပဲပုပ်စိုက်ပျိုးရန် မသင့်တော်ပါ။ အချဉ်အငန်ဓာတ်အနေဖြင့် ပီအိပ်ချ် ၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်း ရှိသင့်သည်။ ချဉ်သောမြေတွင် ထုံးမှုန့်ထည့် မြေပြုပြင်ပေးနိုင်ပါ က ကောင်းမွန်လာပြီး ပဲပုပ်သီးနှံကို ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။
အပင်ပေါက်မှုနှင့် ကြီးထွားမှုညီညာရန် မြေဆီလွှာတွင် အစိုဓာတ်ရှိရန်လိုသည်။ ခြောက် သွေ့သောမြေတွင် အမြစ်ကြီးထွားမှု ညံ့ဖျင်းသည့်အပြင် အပင်အတွက် အာဟာရများကို စုပ်ယူ ခြင်းမပြုနိုင်ပါ။ အစိုဓာတ်များလွန်းသည့် မြေတွင်စိုက်ပျိုးပါကလည်း ကြီးထွားမှုဆုတ်ယုတ် သည့်အပြင် အပင်ငယ်များကို သေစေနိုင်ပါသည်။
ပဲပုပ်အထွက်နှုန်းသည် မျိုးနှင့် ကြီးထွားရန်အခြေအနေများအပေါ်မူတည်သည်။ ရနိုင် သည့် အစိုဓာတ်နှင့် သီးနှံစိုက်စနစ်အပေါ်မူတည်၍ အသုံးပြုမည့်မျိုးကို ရွေးချယ်ရန်ဖြစ်သည်။ ယေဘုယျအားဖြင့်တော့ သက်လျင်အထွက်ကောင်းမျိုးကို စိုက်ပျိုးရန် ဖြစ်ပါသည်။
ထို့ပြင် စိုက်ပျိုး မည့်ဒေသတွင် အများဆုံးဖျက်ဆီးတတ်သည့် ပိုးမွှားနှင့် ရောဂါများကို ခံနိုင်ရည်ရှိသည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။
ပဲပုပ်ပင်တွင်မြစ်ဖုများ ကပ်ရောက်ကြီးထွားစေရန် မှန်ကန်သော ဘက်တီးရီးယားမျိုး လိုအပ်သည်။ သို့ဖြစ်၍ ပဲပုပ်စေ့များကို မစိုက်ပျိုးမီ ပဲပုပ်သီးနှံအတွက် ထုတ်လုပ်ထားသော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်ပေးသင့်ပါသည်။
အပင်ငယ်များ လျင်မြန်စွာကြီးထွားရန်အတွက် နွေးသောရာသီတွင် စိုက်ပျိုးရန်လိုသည်။ သို့ရာတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်အောင် ပူနွေးလျင် ကြီးထွားမှုလျော့ နည်းသည့်အပြင် အပင်ငယ်များသေစေနိုင်ပါသည်။
စိုက်ပျိုးသင့်သည့် အပင်အတန်းအကွာအဝေး(သို့မဟုတ်) တစ်ပင်နှင့်တစ်ပင်ကို ဒေသ အလိုက် ဆုံးဖြတ်စိုက်ပျိုးရန် ဖြစ်သည်။ တစ်ပင်နှင့်တစ်ပင် အလွန်နီးကပ်စွာပေါက်ရောက်ပါက အပင်များသည် လှီပြီး ယိုင်လဲလွယ်သည်။ အလွန်ကျဲစွာ ပေါက်ရောက်ပါက ပေါင်းပင်အများ အပြားပေါက်ရောက်ပြီး ဖျက်ဆီးနိုင်သည်ကိုတော့ သတိပြုသင့်ပါသည်။
ပဲပုပ်သီးနှံကို ပေါင်းပင်များက ပဲပုပ်ပင်အတွက် သြဇာများကို လုယူနိုင်သလို ပိုးမွှား ကလည်း အရွက်နုများ၊ ပင်စည်များကိုစားသဖြင့် အပင်ငယ်များ သေစေနိုင်သည်။ ထို့ပြင် မြေ၌ ခိုအောင်းနေသော ရောဂါများကလည်း ပဲပုပ်ပင်ကြီးထွားမှုကို ရပ်တန့်စေသည်။ သေလည်း သေ စေနိုင်ပါသည်။
ပဲပုပ်ပင် အပင်ပေါက်ချိန်၊ အပင်ငယ်ကြီးထွားစအချိန်နှင့် အတောင့်စတင်ဖြစ်ပေါ်ချိန်မှ အစေ့များကြီးထွားချိန်အတွင်း အစိုဓာတ်လိုအပ်သည်။ အဆိုပါ အရေးကြီးသောအချိန်များတွင် အစိုဓာတ်လိုနေပါက ပဲပုပ်အထွက်နှုန်းများ လွန်မင်းစွာ ကျဆင်းသွားနိုင်ပါသည်။
သို့ဖြစ်၍ အစိုဓာတ်လိုအပ်ချိန်များတွင် ရေသွင်းပေးရန်လိုသည်။ ရေနည်းနည်းနှင့် အကြိမ်ကြိမ်သွင်းခြင်းထက် ရေများများနှင့် နှစ်ကြိမ်ကို မှန်ကန်သောအချိန်၌ ပေးသွင်းခြင်းက ပို၍ကောင်း သည်။ ရေဝပ်နေခြင်းမျိုးမဖြစ်ရန်သတိပြုသင့်သည်။ ရေဝပ်လျင် သီးနှံအထွက် မကောင်းနိုင်ပါ။
အပြင်လိုက်ရေသွင်းပါက ရေမြောင်း အနည်းငယ်သာ လိုမည်။ သို့ရာတွင် ရေရရှိမှု မညီညာ၊ အလေအလွင့်များနိုင်သည်။ ပေါင်လိုက်မြောင်းဖြင့် ရေသွင်းနည်းစနစ်သည် အစပိုင်း၌ စရိတ်ကုန်ကျမှုပိုသည်။ သို့ရာတွင် ရေရရှိမှုညီညာပြီး အလေအလွင့်မရှိနိုင်ကြောင်း ဖေါ်ပြလို ပါ သည်။
စပါး-ပဲပုပ်သီးနှံပုံစံစိုက်ပျိုးသူများကို တိုက်တွန်းလိုသည်မှာ စပါးသီးနှံမှအထွက်ရရှိပြီး ဝင်ငွေအကျိုးအမြတ်လည်းကောင်းပြီးဖြစ်ရာ သီးနှံပုံစံတစ်ခုလုံး၏ ဝင်ငွေအကျိုးအမြတ်ကောင် ရေးနှင့် တောင်သူအကျိုးပြုသီးနှံပုံစံဖြစ်ရေး ပဲပုပ်သီးနှံကိုအောင်မြင်အောင် စိုက်ပျိုးကြစေလိုပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပဲပုပ်စိုက်ပျိုးနည်း
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all