Agroforestry (သစ်တောနှင့် စိုက်ပျိုးရေး တွဲဖက်လုပ်ဆောင်ခြင်း)
ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။
Agroforestryကို အချို့သောတောင်သူဦးကြီးတို့ ကြားဖူးသူများရှိသကဲ့သို့ မကြားဖူး သောသူများလည်း ရှိနေပါလိမ့်သည်။ ထို့ကြောင့် ဦးကြီးတို့ ဗဟုသုတလည်းရ၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းတက်စေရန် မျှဝေပေးလိုက်ရပါသည်။
Agroforestry ဆိုတာဘာလဲ?။
Agroforestry ဆိုသည်မှာ အရိုးရှင်းဆုံးပြောရရင် စိုက်ပျိုးရေးနှင့် သစ်တော ပေါင်းစပ်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ သစ်တောနှင့် စိုက်ပျိုးရေး ပေါင်းစပ်လုပ်ကိုင်သည်ဟု ဆိုရာတွင် သစ်တောသည် တောင်သူများအတွက် ဝင်ငွေရသော သစ်ပင်များစိုက်ပျိုးနိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် သစ်တောအတွက် နှစ်ရှည်ပင်သီးနှံများ (သို့မဟုတ်) ဝင်ငွေရသော သီးနှံများ အစားထိုးစိုက်ပျိုးခြင်းဖြစ်ပါသည်။ ထို့ကြောင့် Agroforestry ဆိုသည်မှာ တစ်နည်းအားဖြင့် နှစ်ရှည်သီးနှံပင်များနှင့် သက်တမ်းတိုရာသီသီးနှံများ ပေါင်းစပ်စိုက်ပျိုးခြင်း ဟုဆိုနိုင်ပါသည်။ ဥပမာ- သရက်ပင်များကို ပင်ကြားတန်းကြား ကျယ်ကျယ် စိုက်ပျိုး၍ ကြားထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြစ်ပါသည်။ ထို့အပြင် စားကျက်မြေများတွင်လည်း နှစ်ရှည်သီးနှံများနှင့် ရော၍ စိုက်ပျိုးခြင်းသည်လည်း Agroforestry ဖြစ်ပါသည်။ Agroforestryကို နိုင်ငံတော်တော်များများတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကျင့်သုံး၍ အသုံးပြုနေကြပါသည်။
Agroforestry ၏ ရည်ရွယ်ချက်
Agroforestry၏ အဓိကရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် သစ်တောပြုန်းတီးခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုများဖောက်ပြန်လာခြင်း စသည့်တို့အတွက် Agroforestry ကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။
Agroforestryကိုပြုလုပ်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ
Agroforestryကို ပြုလုပ်ခြင်းဖြင့် ပထမဦးဆုံးအနေနှင့် မိမိ၏ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစွာ မြင်ရပါလိမ့်မည်။ ထို့အပြင် တောာင်သူဦးကြီးတို့အတွက် နှစ်ရှည်သီးနှံများ နှင့် ရာသီသီးနှံများမှ ဝင်ငွေနှစ်မျိုးစလုံး ရရှိနိုင်ပါသည်။ ကျေးငှက်များ၊ တောရိုင်းတိရစ္ဆာန် များအတွက် ခိုအောင်းစရာနေရာရရှိခြင်း၊ နှစ်ရှည်သီးနှံပင်များမှကြွေကျသော အရွက်များမှ မြေသြဇာရရှိခြင်း၊ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ပိုမိုကောင်းမွန်စေခြင်း၊ ရေစိမ့်ဝင်မှုပိုမို ကောင်းမွန်စေခြင်း၊ သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားများကို ဖမ်းယူစားသောက် ပေးသော အကျိုးပြုပိုးများအတွက် ခိုးအောင်းစရာနေရာရရှိခြင်း၊ ရာသီဥတုများ ပြန်လည်ကောင်းမွန်လာစေခြင်း၊ မြေပြိုခြင်းများကို ကာကွယ်ပေးခြင်း၊ ရေးကြီးခြင်းကြောင့် တိုက်စားခြင်းကိုလည်း လျော့ချပေးခြင်း၊ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသော ဓာတ်ငွေ့များကို သစ်ပင်များမှ စုပ်ယူပေးခြင်း၊ မြေဆီလွှာ၏ ရေထိန်းစွမ်းအားကို ပိုမိုကောင်းမွန်စေခြင်း၊ မြေဆီလွှာထဲရှိ အာဟာရဓာတ်များကို ထိန်းသိမ်းခြင်း၊ စားကျက်မြေများနှင့် နှစ်ရှည်သီးနှံများ တွဲ၍ စိုက်ပျိုးသောအခါ တိရစ္ဆာန်များမှ ဝင်ငွေရရုံသာမက နှစ်ရှည်သီးနှံများမှပါ ဝင်ငွေရရှိ ခြင်း၊ သစ်တောပြုန်းတီးခြင်းကို လျော့ချပေးခြင်း၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ လိုအပ်မှုကို လျော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါသည်။
ထို့ကြောင့် ဦးကြီးတို့အနေနှင့် သဘာဝပတ်ဝန်းကျင်ကို တစ်ဦးတစ်ယောက်ချင်းမှ ထိန်းသိမ်းရန် Agroforestry ကိုစတင်လုပ်ဆောင်ရန် နှိုးဆော်လိုက်ပါသည်။ ဦးကြီးတို့၏ ယာခင်းဘေးရှိ နေရာအလွတ်ကလေး သေးသေးလေးတွင် သရက်ပင်လေးတစ်ပင်ဖြစ်စေ၊ ငှက်ပျောပင်လေးတစ်ပင်ဖြစ်စေ စိုက်ပျိုးပေးခြင်းသည်လည်း Agroforestry ကိုလုပ်ဆောင် ပေးခြင်းဖြစ်ပါသည်။ ထိုစိုက်ပျိုးလိုက်သော သရက်ပင်(သို့မဟုတ်) ငှက်ပျောပင်လေးမှ အနည်းဆုံး မိသားစုစားသုံးရန်အတွက် အသီးများထုတ်လုပ်ပေးပါမည်။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် Agroforestryကို စတင်လုပ်ဆောင်ကြပါစို့။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ကိုလင်း
2 years agook
Tun.Tun
5 years agoသဘောကြပါတယ်
Than Aye
5 years agoဒါကတော့ အကောင်း ဆုံး ဘဲ
ရဲဝင်း
5 years agoနှစ်ရည်ပင်အား
ရဲဝင်း
5 years agoရေပေးချင်ပါသည်
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မောင်ချမ်းသာဦး
See all
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....