Green Way
ငါးပူတင်းကြောင့်ဖြစ်ရတဲ့ PFP အဆိပ်

ငါးပူတင်းကြောင့်ဖြစ်ရတဲ့ PFP အဆိပ်

PFP အဆိပ်သင့်မှုသည် ငါးပူတင်းငါးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ Tetraodontidae Family အုပ်စုပါ ငါးပူတင်းငါးများမှ Tetrodotoxin ကိုထုတ်သဖြင့် စားသုံးမိသူများအတွက် ထိခိုက်မှုအန္တရာယ်ကြီးမားသည်။ ပင်လယ်ရေငန်တွင်သာ ရှင်သန်ပွားများနိုင်သည့် ဘက်တီးရီးယား တစ်မျိုးဖြစ်သည့် Marine Vibrios များသည် အဆိပ်( Toxin) တစ်မျိုးကိုထုတ်ပေးသည်။ အဆိုပါ ဘက်တီးရီးယားများသည် ပင်လယ်ရေထဲရှိ Microflora များတွင်ရှိနေပြီး ယင်းတို့ကို ငါးပူတင်းငါးများစားသုံးမှုကြောင့် ကြာလာသည်နှင့်အမျှ အဆိပ်များသည် ငါးပူတင်းငါးများတွင် စုပုံများပြား လာပါသည်။

အဆိပ်ပါဝင်မှု ပြင်းအားသတ်မှတ်ချက်

Tetrodotoxin အဆိပ်၏ လူကိုသေစေနိုင်သည့်ပြင်းအား (Lethal dose for human) ပါဝင်မှုအားမှာ ၁-၄ ပီပီအမ် (mg/kg) ဖြစ်သည်။ စားသုံးမိသူများအပေါ် အဆိပ်သက်ရောက်မှု ပြင်းထန်ပြီး လူကိုသေစေလောက်သည်အထိ အန္တရာယ်ပေးနိုင်ပါသည်။ ငါးပူတင်းအဆိပ်သည် ဆိုင်ယာနိုက် (Cyanide)ထက်အဆပေါင်း (၁၂၀၀) အဆိပ်ဖြစ်နိုင်စွမ်းရှိသည်။ ငါးပူတင်းငါးကို ကိုင်တွယ်ထိမိခြင်းဖြင့်လည်း အဆိပ်သင့်စေနိုင်ပါသည်။ စားသုံးမိသူ ၆၀% အထက်သေဆုံးမှုရှိကြောင်း အထောက်အထားများအရ သိရှိရသည်။ 

ဂျပန်နိုင်ငံနှင့် ယင်း၏ရိုးရာ Fugu Suchi

ဂျပန်နိုင်ငံသားများသည် ငါးပူတင်းငါးကို ယင်းတို့၏ဂျပန်ရိုးရာစားသောက်ဖွယ်ရာ(Fugu Suchi) တစ်ခုအဖြစ် တန်ဖိုးထား၍စားသောက်ကြပါသည်။ စားကောင်းသောက်ဖွယ် ရသာမွန် စားသောက်ဖွယ်ရာအဖြစ် ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် မည်သည့်ငါးနှင့်မျှမတူသော အရသာကိုခံစား၍ စားသောက်ကြသည်။ သို့ရာတွင်စားဖိုမှူးတိုင်း ငါးပူတင်းငါးအားကိုင်တွယ်လုပ်ကိုင်ခွင့်မရှိပါ။ ငါးပူတင်းငါးခန္ဓာကိုယ်မှအဆိပ်ရှိသည့်အစိတ်အပိုင်းများ (ဥပမာ-အသဲ၊ သားအိမ်စသည့်) ဖယ်ထုတ်ခြင်းကို သေချာစွာလေ့လာသင်ယူသင်တန်းတက်၍Certificateရယူထားသည့် ကျွမ်းကျင်စားဖိုမှူးအနည်းငယ်သာ ကိုင်တွယ်ဆောင်ရွက်ခွင့်ရှိပါသည်။ စားသုံးသူများမစားသုံးခင်လည်း စားဖိုမှူးမှ ဦးစွာစားသုံးရပြီး ဘေးကင်းသည့်စာသောက်ဖွယ်ရာ(Safe Food) အဖြစ်သေချာမှ စားသုံးသူများကို စားသုံးစေပါသည်။

ငါးပူတင်းအဆိပ်ဖြစ်ပေါ်မှုအပေါ်ထိန်းချုပ်မှု

ငါးပူတင်းငါးသည် ဖမ်းဆီးရာတွင် အဓိက Target ထားသည့် ငါးမျိုးစိတ်မဟုတ်ဘဲ bycatch အဖြစ် ရောနှောပါလာသည့်ငါးဖြစ်သည်။ ဖမ်းမိသည့်အရေအတွက်လည်း နည်းပါးသည်။  ဖမ်းဆီးပြီးနောက်ပိုင်းအပူချိန်နှင့် အခြားပြုပြင်ထုတ်လုပ်သည့်နည်းလမ်းများသည် အဆိပ်ကို မဖယ်ထုတ်နိုင်ပါ။ထို့အပြင်ချက်ပြုတ်ခြင်းဖြင့်လည်းအဆိပ်များကိုမဖယ်ထုတ်နိုင်ပါ။ စားသုံးမိမှသာအဆိပ်သင့်မှုဖြစ်ပေါ်စေခြင်းဖြစ်သည်။ ငါးပူတင်းငါးစားသုံးသူမှာလွန်စွာနည်းပါး၍ ဒေသခံ တံငါများသာ စားသုံးလေ့ရှိကြပါသည်။

အကောင်းဆုံးနည်းလမ်းမှာကျေးလက်ရေလုပ်သားများမှအစပြု၍ စားသုံးသူများအားလုံး အထိ ငါးပူတင်းငါး၏အဆိပ်သင့်နိုင်မှု၊ အဆိပ်အတောက်များကို စနစ်တကျ ဖယ်ရှားခြင်းမပြုပါက အဆိပ်သင့်နိုင်မှု ပြင်းထန်စွာဖြစ်ပေါ်၍ စားသုံးမိသူသေဆုံးနိုင်ကြောင်း အသိပညာပေးခြင်း၊ ဆိုင်းဘုတ်ကြော်ငြာဗီနိုင်းများထောင်၍ အသိပေးဆောင်ရွက်ရန် လိုမည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

Related articles

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....