သုံးစွဲခွင့်နှင့် သုံးစွဲခွင့်မပြုသော အရောင်ဆိုးဆေးများ
ဈေးကွက်တွင် လုပ်ငန်းအလိုက်သုံးစွဲမှုများသော ခွင့်မပြု “ဓာတုဆိုးဆေးများ”မှာ အောက်ပါ အတိုင်းဖြစ်သည်။
(က) အနီရောင် Rhodamine - ငါးဖယ်ချဉ်၊ ပုစွန်ချဉ်၊ ငါးပိ၊ ပုစွန်ခြောက်၊ မျှစ်နှင့် ငရုတ်သီး အမှုန့်များတွင် အများဆုံးအသုံးပြုသည်။
(ခ) လိမ္မော်ရောင် Orange II - အချိုရည်၊ အသားကင်၊ ပဲနီလေးနှင့် ပဲကြီးလှော်များတွင် အများဆုံးအသုံးပြုသည်။
(ဂ) အဝါရောင် Auramine O - လက်ဖက်နှင့်မျှစ်များတွင် အများဆုံးအသုံးပြုသည်။
ခွင့်ပြုဓာတုဆိုးဆေးများနှင့် နိုင်ငံတကာသတ်မှတ်ချက်
ခွင့်ပြုဆိုးဆေးအမျိုးအစားသတ်မှတ်ချက်နှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကွဲပြားခြားနားမှုရှိသည်။ တစ်ချို့နိုင်ငံမှခွင့်ပြုသောဆိုးဆေးများသည့် တစ်ချို့နိုင်ငံတွင် ပိတ်ပင်ထားသည်ကို တွေ့ရှိရသည်။
အစားအသောက်များတွင် သုံးစွဲရန်ခွင့်ပြုသော "ဓာတုဆိုးဆေးများ"
အစားအသောက်များထဲတွင် သုံးစွဲရန်ခွင့်မပြုသည့်ဆိုးဆေးများသည် စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေသဖြင့် အောက်ပါအစားအသောက်ခွင့်ပြုဆိုးဆေး Permitted Food Colour များဖြစ်သော အနီရောင်ဆိုးဆေး(Ponceau 4R, Erythrosine) လိမ္မော်ရောင်(Sunset Yellow FCF)နှင့် အဝါရောင်(Tartrazine)တို့အား အစားအသောက်အမျိုးအစားပေါ်မူတည်၍ ကိုဒတ်ကော်မရှင် (Codex Aliment-arious) မှသတ်မှတ်ထားသော စံနှုန်းများဖြင့် နှိုင်းယှဉ်သုံးစွဲခွင့်ပြုထားသည်။

ငါးပုစွန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းတွင် သုံးစွဲခွင့်ပြုသော ဓာတုပစ္စည်းများ
ငါး/ပုစွန်ထုတ်လုပ်မှုလုပ်ငန်း(Processing)တွင် လက်ရှိသုံးစွဲလျက်ရှိသော ခွင့်ပြုဓာတုပစ္စည်းများမှာ ဆိုဒီယမ်မက်တာဘိုင်ဆာလဖိုဒ်၊ ထရိုင်ပေါ်လီဖော့စဖိတ်၊ ဆား၊ ကလိုရင်းတို့ဖြစ်ပါသည်။
ငါးပုစွန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းတွင် သုံးစွဲခွင့်မပြုသော ဓာတုပစ္စည်းများ
ငါး/ပုစွန်ထုတ်လုပ်မှုလုပ်ငန်း(Processing)တွင် သုံးစွဲခွင့်မပြုသော ဓါတုပစ္စည်းများမှာ နိုက်ထရိုဖျူရမ်၊ ကလိုရမ်ဖင်နီကော၊ မာလခိုက်ဂရင်းတို့ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
Related questions
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • 0 answers
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • 1 answers
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • 14 answers
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • 1 answers
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • 4 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025