Green Way
ရေထွက် စားသောက်ကုန်ပစ္စည်းများနှင့် ဆိုးဆေးအန္တရာယ်

ရေထွက် စားသောက်ကုန်ပစ္စည်းများနှင့် ဆိုးဆေးအန္တရာယ်

အရောင်ဆိုးဆေးဆိုသည်မှာ - 

အစားအသောက်ထပ်ဖြည့်ပစ္စည်း (Food Additives) တစ်မျိုးဖြစ်သည်။ အရောင်ဆိုးဆေးများနှင့်ပတ်သက်၍ နိုင်ငံတကာရှိစားသောက်ကုန်လုပ်ငန်းများတွင် ယခုထက်တိုင် ကျယ်ပြန့်စွာ သုံးစွဲလျက်ရှိပါသည်။

အရောင်ဆိုးဆေးအမျိုးအစား

အရောင်ဆိုးဆေးအမျိုးအစားမှာ အဓိကအားဖြင့်(၂)မျိုးရှိသည်။

ယင်းတို့မှာ-

(က) သစ်ပင်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များမှရသည့် သဘာဝဆိုးဆေး “Natural Colour” 

(ခ) ဓာတုပစ္စည်းများဖြင့် စီမံထုတ်လုပ်ထားသည့် ဓာတုဆိုးဆေး “Synthetic Colour” တို့ဖြစ်ပါသည်။

ဓာတုဆိုးဆေးအမျိုးအစား

ဓာတုဆိုးဆေး(Synthetic Colour)ကို အမျိုးအစားထပ်မံခွဲခြားပါက သုံးစွဲခွင့်ပြုထားသည့်  Permitted Food Colour နှင့် သုံးစွဲခွင့်မပြုထားသော Non-Permitted Food Colour တို့ဖြစ်ပါသည်။

အရောင်ဆိုးဆေးသုံးစွဲရခြင်းအကြောင်းအရင်း

အဓိကမှာ စားသုံးသူတို့ကြိုက်နှစ်သက်အောင် အရောင်(Colour)စွဲဆောင်မှုအနေဖြင့်အစားအသောက်တွင် ထည့်သွင်းအသုံးပြုကြခြင်းဖြစ်သည်။

အရောင်ဆိုးဆေးအား အစားအသောက်များတွင်ထည့်သွင်းအသုံးပြုရာ၌ နိုင်ငံတကာမှ ခွင့်ပြုလက်ခံသည့် အစားအသောက်အရောင်ဆိုးဆေး (Food Colour Dye) များသာသုံးစွဲ ခွင့်ပြုထားသည်။ အခြားအန္တရယ်ရှိသော အထည်အလိပ်လုပ်ငန်းသုံးဆိုးဆေး(Textile Dye) များအား သုံးစွဲ ခွင့်မပြုပါ။

အရောင်ဆိုးဆေးများသုံးစွဲမှုအခြေအနေ

ဓာတုဆိုးဆေးအရောင်သည် သဘာဝဆိုးဆေးအရောင်ထက် အရောင်ပိုလှပြီးတာရှည်ခံသည့်အတွက် သုံးစွဲမှုများသည်။ ဓာတုဆိုးဆေးအရောင်များထဲမှ သုံးစွဲခွင့်ပြုထားသည့် (Permitted Food Colour) အရောင်များသည့် ဈေးကြီးပြီး အရောင်တောက်ပမှုသိပ်မရှိသဖြင့် သုံးစွဲသူများကြိုက် နှစ်သက်မှုမရှိချေ။

ခွင့်မပြုဓါတုဆိုးဆေးသုံးစွဲမှုများလာရခြင်းသည် - အစားအသောက်တွင် သုံးစွဲခွင့်မပြုသော Non Permitted Food Colour တစ်မျိုးဖြစ်သည့် ချည်ဆိုးဆေး(Rhodamine B) မှာအနည်းငယ်သုံးရုံမျှဖြင့် အရောင်တောင်ပသည့်အပြင် ဈေးနှုန်းသက်သာပြီး ဈေးကွက်တွင် အလွယ်တကူဝယ်ယူရရှိနိုင်သဖြင့် သုံးစွဲမှုများလာခြင်း ဖြစ်သည်။

နောက်အပိုင်းများတွင် ခွင့်ပြုသောဆိုးဆေးနှင့် ခွင့်မပြုသော ဆိုးဆေးများအကြောင်းကို နောက်အပိုင်းတွေမှာ ဖော်ပြပေးသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

Related articles

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....