ငါး/ပုစွန်များ ဗိုင်းရပ်စ်ရောဂါပိုးများ မဝင်ရောက်ရန် ကာကွယ်ရမည့်နည်းလမ်းများ
ပုစွန်ကျားမွေးမြူထုတ်လုပ်သည့် လုပ်ငန်းများတွင် White Spot Syndrome Virus (WSSV) ဝင်ရောက်ကူးစက်ပျံ့နှံ့မှုတို့ကြောင့် ထုတ်လုပ်မှုလုပ်ငန်းတွင် ကြီးမားသည့် အဟန့်အတားဖြစ်ခဲ့သည့် သာဓကများ ရှိခဲ့သည်။ ထို့အပြင် ယခုအခါ ပုစွန်ဖြူမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ မွေးမြူ လျက်ရှိပါသည်။ ဒေသတွင်း အခြားနိုင်ငံများတွင် ပုစွန်ဖြူ မွေးမြူရေးလုပ်ငန်းသည် -
- White Spot Syndrome Virus (WSSV)
- Taura Syndrome Virus (TSV)
- Yellow Head Virus (YHV)
- Gill Associated Virus (GAV)
- Infectious Myonecrosis Virus (IMNV)
- Infectious Hypodermal and Hematopoietic Necrosis Virus (IHHNV) တို့၏ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း အထက်ပါ ဖော်ပြပါ virus များအနက် WSSV, TSV ဗိုင်းရပ်စ်ပိုးတို့ ကူးစက်မှု ဖြစ်ပွားခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။ ဖြစ်ပေါ်လာပါက ထိရောက်သည့် ကုသနည်း မတွေ့ရှိသေးသဖြင့် မဖြစ်ပွားအောင် ကာကွယ်သည့် နည်းက အကောင်းဆုံးဖြစ်ပါသည်။
ဗိုင်းရပ်စ်ရောပိုးတွေ ဝင်ရောက်ကူးစက်မှု မဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ?
မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်တွင်းသို့ ပုစွန်ဖြူတင်သွင်းခွင့် ကန့်သတ်ထားမှုကို 2006 ခုနှစ်မှ စတင်ရုပ်သိမ်း၍ ရောဂါကင်းစင်သည့် SPF မျိုး ပုစွန်ကြီးများ Specific Pathogen Free သားပေါက်များ တင်သွင်းမွေးမြူခွင့် ပြုထားခဲ့ပြီး ဖြစ်ပါသည်။
SPF မျိုး ပုစွန် (သို့) ပုစွန်သားပေါက်များမှာ ပြည်တွင်းသို့ တင်သွင်းပြီးနောက် ယင်းတို့ကို နောက်ထပ်သားဖောက်ခြင်း ပြုလုပ်ပါက ၎င်းတို့၏ SPF အရည်အသွေး ပျောက်ပျက်သွားမည် ဖြစ် သည်။ အထူးသတိပြုရန်အချက်မှာ ပုစွန်ကျားဖြစ်စေ၊ ပုစွန်ဖြူဖြစ်စေ “Penaeid” အုပ်စုဝင် ပုစွန် အမျိုးအစားဖြစ်သဖြင့် ပုစွန်တစ်မျိုးကို ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်များသည် အခြား “Penaeid” အုပ်စုနှင့် ပုစွန်များကိုလည်း ကူးစက်ပျံ့ပွားနိုင်စေပါသည်။

ပြည်တွင်းသို့ Import တင်သွင်းလာသည့်အပေါ် ရောဂါထိန်းချုပ် ဟန့်တားမှုစနစ် (Quarantine System)
Live Animals (ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ရေနေသတ္တဝါများ) နှင့် Plants (အပင်များ) စသည်တို့အား တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သယ်ယူပို့ဆောင်ကုန်သွယ်ခြင်း ပြုလုပ်ရာတွင် မိမိနိုင်ငံတွင်း သို့ အန္တရာယ်ရှိသော ရောဂါ သို့မဟုတ် ပိုးမွှားများ ဝင်ရောက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် စီမံဆောင် ရွက်ထားသော အထူးသဖြင့် လေဆိပ် (Air Port)၊ နယ်စပ်ဝင်ပေါက် (Border Inspection Port) များတွင် သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ ကျွမ်းကျင်သူများ စောင့်ကြည့်စစ်ဆေးသည့်စနစ်ဖြစ် ပြီး ယင်းသို့ ဆောင်ရွက်သည့်နေရာကို Quarantine Station ဟု ခေါ်သည်။
သက်ဆိုင်ရာ Quarantine စစ်ဆေးရေးစခန်းတွင် ပြည်ပမှ တင်သွင်းလာသည့် သားပေါက်/ မျိုးငါးပုစွန်များအား ပြည်တွင်းသို့ တင်သွင်းခွင့်မပြုမီ ရောဂါ/ပိုးမွှားဆိုင်ရာ လိုအပ်သည့် စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ရသည်။ ထိုသို့ စောင့်ကြည့်စစ်ဆေးရန် ထားရှိရသည့် Quarantine Period ကြာချိန်သည် အတိအကျ သတ်မှတ်ထား၍ မရပါ။ တိရစ္ဆာန်အမျိုးအစားပေါ် မူတည်၍ ကွာခြားမှု ရှိသည်။ စောင့်ကြည့်လေ့လာခြင်းနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှု၏ ရလဒ်များအပေါ် မူတည်ပါသည်။ ယေဘုယျအားဖြင့် Quarantine Period အား ပျမ်းမျှ (၁၀) ရက်မှ (၁၄) ရက်အတွင်း ထားရှိပြီး ဦးစွာ မျင်မြင် (Visual) အားဖြင့် စောင့်ကြည့်စစ်ဆေးပြီး မသင်္ကာစရာတွေ ရှိရသည့် သားပေါက်/မျိုးငါးပုစွန် ကို ရောဂါစစ်ဆေးသည့် ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးအတည်ပြုခြင်း (Confirmation Test) ဆောင်ရွက်ပါသည်။ ထွက်ရှိလာသည့် ဓါတ်ခွဲခန်းအဖြေပေါ် မူတည်၍ ရောဂါပိုးမတွေ့ရှိပါက ပြည်တွင်းသို့ တင်သွင်းခွင့်ပြု၍ ရောဂါတွေ့ရှိပါက ပြည်တွင်းသို့ တင်သွင်းခွင့် မပြုဘဲ ဖျက်ဆီးပြစ်ခြင်း ပြုလုပ်ပါသည်။
တာဝန်ရှိဌာနများ၏ Quarantine Station မှ Passed ဖြစ်သည့် Live Aquatic Animals များကို Quarantine Certificate ထုတ်ပေးပါသည်။ ယင်းသည် ဇီဝလုံခြုံရေး (Biosecurity) ကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် Border Inspection Port များတွင် Quarantine System အား ပြီပြင်စွာ ဆောင်ရွက်နိုင်မှု Facilities အားနည်းသေးသော်လည်း တင်သွင်း လာမည့် Live Aquatic Animals များအတွက် “Import Recommendation (IR) for Live Aquatic Animals Procedure” ထုတ်ပြန်ထားရှိ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Myanmar National Trade Portal တွင်လည်း ဖော်ပြထားပါသည်။
ဗိုင်းရပ်စ်ရောဂါပိုးများ မဝင်ရောက်နိုင်စေရန် ကာကွယ်နည်းဖြင့် ဆောင်ရွက်ရန်များ
- ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူနည်းကျင့်စဉ် (GAqP) နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှု ကျင့်စဉ် (GMP) စနစ်ကို အပြည့်အဝ လိုက်နာကျင့်သုံးပါ။
- ဇီဝလုံခြုံမှုစနစ် ထားရှိခြင်းဖြင့် အကာအကွယ်ပြုလုပ်ထားပါ။
- ရောဂါစစ်ဆေးသည့် လုပ်ငန်းကို virus စစ်ဆေးနိုင်သည့် PCR ဓါတ်ခွဲခန်းတွင် တစ်လတစ် ကြိမ် (သို့) လိုအပ်သလို စစ်ဆေးပေးပါ။
မွေးမြူရေးလုပ်ငန်း စတင်သည်မှ မွေးမြူရေးကာလတစ်လျှောက် GAqP/GMP ကျင့်စဉ်ပါ အောက်ပါအခြေခံလုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် လိုသည်။
(က) စုစုပေါင်းမွေးမြူရေး ကန်ဧရိယာအတွက် လုံလောက်သော ပမာဏရှိသည့် ရေလှောင်ကန် (Semi-intensive မွေးမြူစနစ်တွင် စုစုပေါင်းမွေးကန်ရေဧရိယာ၏ 50% ခန့်) ထားရှိရမည်။
(ခ) မွေးကန်အတွင်း ရေသွင်းရာတွင် ရေစစ်သွင်းခြင်း ဆောင်ရွက်ရမည်။ ရေစစ်ဇကာ အစကို လှောင်ကန်ချုပ်၍ ရေစစ်သွင်းခြင်း ဆောင်ရွက်နိုင်ပါသည်။
(ဂ) ရောဂါကင်းပြီး ကျန်းမာသန်စွမ်းသည့် သားပေါက်များ (SPF သားပေါက်) ကိုသာ ထည့်သွင်း မွေးမြူသင့်သည်။
(ဃ) အရည်အသွေးကောင်းမွန်သည့် အစာတောင့်ကို ကျွေးရမည်။
(င) ကန်ရေ အရည်အသွေးကို ပုံမှန်စစ်ဆေးပြီး မှတ်တမ်းထားရှိရမည်။
(စ) ပုစွန်များ ကျန်းမာမှုနှင့် ရောဂါကင်းရှင်းမှုကို ပုံမှန်စစ်ဆေးရမည်။ ဗိုင်းရပ်စ်ရောဂါ ကင်းရှင်းကြောင်း PCR စစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်ပါသည်။
(ဆ) စွန့်ပစ်ရေကို အနည်ချကန် (ဥပမာ စုစုပေါင်း ကန်ရေဧရိယာ၏ (၃၀%) ထား၍ Treatment စနစ်ထားရှိရပါမည်။ Treatment စနစ်တွင် Physical/Biological Treatment ဖြင့် ဆောင်ရွက်နိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
Related questions
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • 0 answers
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • 1 answers
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • 14 answers
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • 1 answers
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • 4 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....