Green Way
ငါးနှင့် သဘာဝအဆိပ်သင့်ခြင်းများ- ၁(စီဂွာတရာ ငါးအဆိပ်)

ငါးနှင့် သဘာဝအဆိပ်သင့်ခြင်းများ- ၁(စီဂွာတရာ ငါးအဆိပ်)

အမျိုးမျိုးသောအစားအစာအန္တရာယ်များ 

လူတို့သည် အသက်ရှင်၊ ကြီးထွား၊ ခွန်အားများရရှိစေရေးအတွက် နေ့စဉ်အစားအစာများကို အာဟာရအဖြစ် သုံးစွဲကြရသည်။ အစားအစာများဆိုရာတွင် စိုက်ပျိုးရေးထွက်ကုန်များ၊ သားငါးများကို နေ့စဉ်နှင့်ရက်ခြားဆိုသလို စားသုံးလျက်ရှိကြပါသည်။ ယင်းတို့အနက် ငါးရိက္ခာသည် အခြေခံလူတန်းစားများအထိ စားသုံးနေကြပြီး တစ်နိုင်ငံလုံး ရေချို ၊ ရေငန်ငါးမျိုးစုံကို တွင်ကျယ်စွာ စားသုံးကြပါသည်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေငန်ငါးမျိုးစုံအား အာဟာရပြည့်ဝစွာဖြင့် ပိုမိုနှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါသည်။

ရေငန်ငါးအများစုသည် အရသာရှိပြီး အာဟာရပေါကြွယ်ဝသလောက် အချို့ငါးမျိုးစိတ်များတွင် သဘာဝအားဖြင့် အဆိပ်အတောက်များပါလာတတ်ကာ စားသုံးမိသူကို အဆိပ်သင့်စေခြင်း (Food Poisoning ဖြစ်စေခြင်း) ဖြင့် အန္တရာယ်ပေးနိုင်ပါသည်။

အစားအစာများတွင် လူတို့စားသုံးမိခြင်းဖြင့် ပေးနိုင်သောအန္တရာယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • (၁) ဇီဝဗေဒဆိုင်ရာ အန္တရာယ်များ (Biological Hazards)
  • (၂) ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards)
  • (၃) ရူပဗေဒဆိုင်ရာ အန္တရာယ်များ (Physical Hazards)

အဆိုပါအန္တရာယ်များအား သင့်လျော်သော ထိန်းချုပ်သည့်စနစ်မရှိပါက စားသုံးမိသူတွင် ဖျားနာခြင်း၊ ထိခိုက်ခြင်းကို ဖြစ်စေပါသည်။ သဘာဝအဆိပ်အတောက်များ (Natural Toxins) သည်  ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards) တွင် ပါဝင်ပြီး တစ်နည်းအားဖြင့် ဇီဝအဆိပ်အတောက်များ (Biotoxins) ဟုလည်းခေါ်ပါသည်။

သဘာဝအဆိပ်အတောက်များ (Natural Toxins)ဆိုတာ ဘာလဲ?

ငါးနှင့်ပတ်သက်သည့် သဘာဝအဆိပ်အတောက်များတွင် အောက်ပါတို့ပါဝင်ပါသည်။

  • (က) စီဂွာတရာ ငါးအဆိပ်ဖြစ်ခြင်း (Ciguatera Fish Poisoning – CFP)
  • (ခ) ဟစ်တမင်း (သို့) စကွန်ဗိုရို အဆိပ်ဖြစ်ခြင်း (Histamine Poisoning (or) Scombroid           Poisoning)
  • (ဂ) ငါးပူတင်း (သို့) တက်ထရိုဒို အဆိပ်ဖြစ်ခြင်း (Puffer Fish Poisoning – PFP (or) Tetrodotoxin)
  • (ဃ) အခွံမာရေသတ္တဝါအဆိပ်ဖြစ်ခြင်း (Shell Fish Poisoning (or) Biotoxin)

(က) စီဂွာတရာ ငါးအဆိပ်ဖြစ်ခြင်း (Ciguatera Fish Poisoning – CFP)

ငါးများအတွင်းသို့ CFP အဆိပ်ရောက်ရှိလာပုံ

အပူပိုင်းဇုန်နှင့်သမပိုင်းဇုန်ရှိ ငါးများသည် သဘာဝအလျောက် အဆိပ်များပါရှိသည့် ပင်လယ်သန္တာကျောက်တန်း(Coral reef) များရှိ ရေညှိ (Algae) များကို စားသုံးခြင်းဖြင့် ယင်းတို့၏ ကိုယ်ခန္ဓာတွင် အဆိပ်များစုပုံလာပါသည်။ ယင်းအဆိပ်ရှိရေညှိများကို စားသုံးထားသည့် ငါးသေးများကိုအခြားငါးကြီးများကစားသုံးခြင်းဖြင့်လည်း ငါးကြီးများတွင် ယင်းအဆိပ်စုပုံလာစေပါသည်။

အဆိုပါငါးများကိုစားသုံးမိပါက လူများဖျားနာခြင်း၊ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ CFP အဆိပ်မှာ များစွာသောရေညှိအမျိုးအစား (Microscopic dinoflagellate algae) များကြောင့် ဖြစ်နိုင်ပြီး အဓိကမျိုးရင်းမှာ Gambierdisuss toxicus ကြောင့် ဖြစ်သည်။

အထူးသဖြင့် ပင်လယ်ပြင်ညစ်ညမ်းမှု[ဒေသအခေါ် ပင်လယ်သွေးအန်ခြင်း (Red Tide)] ဖြစ်ပေါ်သည့်နေရာများတွင် ယင်း Algae များ တွေ့ရသည်။

Coral Reef Fish များဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးပါးနီ၊ ကျောက်ငါး၊ ပင်လယ်ငါးမြွေထိုး၊ ငါးလက်ဝါး၊ ငါးဝက်စပ်၊ ငါးထောပတ်၊ ဇာကြမ်း စသည့်ငါးများတွင် ယင်းအဆိပ်ပါဝင်တတ်သည်။

CFP အဆိပ်သင့်ခြင်းလက္ခဏာများ 

အဆိပ်ပါဝင်သောငါးကိုစားပြီး(၆)နာရီအတွင်း လက္ခဏာပြပါသည်။ လက္ခဏာအများစုမှာ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ယားယံခြင်း တို့ဖြစ်စေပါသည်။ တစ်ခါတရံ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

CFP အဆိပ်ပါဝင်မှုကို နိုင်ငံတကာသတ်မှတ်ချက်

အဆိပ်သင့်မှုဖြစ်ပေါ်သည့်နိုင်ငံတကာတွေ့ရှိမှု အချက်အလက်များအရ အဆိပ်သင့်မှုသည် (1 mg / kg body weight) ဖြစ်ကြောင်းသိရသည်။

 CFP အဆိပ်ဖြစ်ပေါ်မှုအပေါ် ထိန်းချုပ်ကာကွယ်မှုများ

အဆိပ်ကိုစမ်းသပ်ရန် တိကျလျင်မြန်သော နည်းလမ်းမရှိပါ။ အပူချိန်နှင့် အခြားပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများသည် အဆိပ်ကိုမဖယ်ထုတ်နိုင်ပါ။ သက်ဆိုင်ရာတာဝန်ရှိဌာနမှ သဘာဝ ပင်လယ်ပြင်တွင်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်၍ အချက်အလက်များကောက်ယူခြင်း၊ ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်နေသောနေရာများတွင် အဆိပ်ရှိငါးများရှိနိုင်၍ အဆိုပါဒေသတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန်တားမြစ်ခြင်းစသည့် ထိန်းချုပ်မှုဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

Related articles

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....