အစိမ်းစားရင် အကျိုးပိုများတဲ့ ကြက်သွန်နီ
ကြက်သွန်နီဟာ ဟင်းချက်နည်းမျိုးစုံမှာ ပုံစံအမျိုးမျိုးထည့်သုံးကြတဲ့ အသီးအနှံတစ်ခု၊ မီးဖိုချောင်တိုင်းမှာဆောင်ထားတဲ့ အသီးအနှံတစ်ခုပေါ့။ မြန်မာလူမျိုးတွေကတော့ ဟင်းအနှစ်လုပ်ဖို့အတွက်ဆို ကြက်သွန်နီကို အဓိကသုံးကြတယ်လေ။ အသုပ်အမျိုးမျိုး သုပ်စားတဲ့အခါမှာလည်း ကြက်သွန်နီဆီချက်၊ ကြက်သွန်နီအစိမ်းတွေ ထည့်စားတတ်ကြပါတယ်။ တချို့ကတော့ ကြက်သွန်နီအစိမ်းကို အတို့အမြှုပ်အနေနဲ့ စားကြပါတယ်။ ကြက်သွန်နီက အသုံးပြုပုံတွေ၊ စားသုံးတဲ့နည်းတွေကွဲသလို အကျိုးအာနိသင်ရရှိပုံခြင်းလည်း မတူပြန်ပါဘူး။ ကြက်သွန်နီဟာ အရသာကောင်းမွန်သော စားသောက်ဖွယ်ရာဖြစ်ရုံသာမက နာမကျန်းဖျားနာတာတွေကို ကုသနိုင်တဲ့ ဆေးတစ်ပါးလည်းဖြစ်ပါတယ်။ ဟိုး…..ရာစုနှစ်များစွာကတည်းက ကြက်သွန်နီကို အပယိကဖျားနာတာတွေကို ကုသတဲ့နေရာမှာ သုံးခဲ့ကြပါတယ်။
ဗိုက်တာမင်၊ သတ္တုဓါတ်၊ အမျှဉ်ဓါတ်ပါဝင်မှုမြင့်မားပြီး ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်ခုပါပဲ။ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်တွေကြွယ်ဝတဲ့ အာဟာရအိုးကြီးပေါ့။
ကြက်သွန်နီထဲမှာပါတဲ့ အန်တီအောက်စီဒန့် (antioxidants) ဟာ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးခဲခြင်း၊ သွေးတိုးခြင်းကိုလည်း သက်သာစေတာဆိုတော့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေမဖြစ်အောင် စားသုံးသင့်ပါတယ်။ ကြက်သွန်နီအစိမ်း တစ်နေ့ ၄၀-၆၀ ဂရမ်(ကြက်သွန်နီဥ အလတ်ဆိုဒ် တစ်စိတ်ခန့်) စားပေးခြင်းဖြင့် ရှစ်ပတ်အကြာမှာ သွေးတိုးတာတွေ၊ ရောင်ရမ်းတာတွေသက်သာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို သိသိသာသာလျော့ကျစေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။
ကြက်သွန်နီ (အတွင်းသားတွေက ခရမ်းရောင်အကွင်းလိုက်ဖြစ်နေတဲ့ Red onion အမျိုးအစား) မှာ Anthocyanins ပါဝင်မှုမြင့်မားပြီး အဲဒီ Anthocyanins ဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါ (အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ) တချို့နဲ့ ဆီးချိုသွေးချိုရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ (သုတေသနမှတ်တမ်းများအရ ကြက်သွန်နီများများစားတဲ့သူတွေဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ၂၂ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာဖြစ်ပွားမှုကို ၁၅ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်ကြောင်း သိရှိရပါတယ်။)
ကြက်သွန်နီမှာတွေ့ရတဲ့ Quercetin နဲ့ sulfur ဓါတ်ပေါင်းတွေဟာ သွေးတွင်းသကြားပါဝင်မှုကို လျော့ကျစေပြီး ဆီးချိုသွေးချိုကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဆီးချိုသွေးချို (type-2) ဝေဒနာရှင်တွေဟာ ကြက်သွန်နီအစိမ်း ၁၀၀ ဂရမ် (ကြက်သွန်နီဥ အလတ်ဆိုဒ် တစ်ခြမ်းခန့်) စားပေးခြင်းဖြင့် စားပြီး လေးနာရီအကြာမှာ သွေးတွင်းသကြားပါဝင်မှု ကို 40mg/dl လျော့ကြစေကြောင်း သုတေသနလေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
ကြက်သွန်နီစားပေးခြင်းဟာ အရိုးတွေကိုလည်း သန်မာစေပါတယ်။ ကြက်သွန်နီကို မကြာခဏစားသုံးတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတွေမှာ တင်ပဆုံအရိုးအက်ခြင်း၊ ကျိုးခြင်းကို ၂၀ ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်။
ကြက်သွန်နီဟာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ဘတ်တီးရီးယားများ (E-coli နဲ့ S. aureus) ပေါက်ပွားကြီးထွားမှုကိုလည်း တားဆီးပေးပါတယ်။ အူလမ်းကြောင်းသန့်ရှင်းဖို့ ကျန်းမာဖို့ အမျှင်ဓါတ်များများစားဖို့ လိုအပ်ပါတယ်။ ကြက်သွန်နီထဲမှာ အဲ့အမျှင်ဓါတ်လည်း အများကြီးပါတယ်နော်။ အမျှဉ်ဓါတ်နဲ့ Prebiotics ပါဝင်မှုများတဲ့ကြက်သွန်နီဟာ အစာချေနှုန်းကို ကောင်းစေတယ်။ ကြက်သွန်နီအစိမ်းစားပေးခြင်းဖြင့် အကျိုးပြုဘတ်တီးရီးယားများ တိုးစေပြီး အူလမ်းကြောင်းကို ကျန်းမာစေတယ်။ အစာချေနိုင်စွမ်းကို ပိုအားကောာင်းစေတယ်။ ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။
ဒါ့ကြောင့် ကြက်သွန်နီဟာ စားသုံးရလွယ်ကူပြီး အံ့ဩရလောက်အောင် အာဟာရဓါတ်များ ပေါကြွယ်ဝရုံသာမက ရောဂါအချို့ကို ကာကွယ်နိုင်စွမ်းရှိသော ကျန်းမာရေးအတွက် အဖိုးထိုက်တန်သော အသီးအနှံတစ်မျိုးဖြစ်တာမို့ မိမိတို့ရဲ့ နေ့စဉ်အာဟာရထဲမှာ ကြက်သွန်နီအစိမ်းစားခြင်းကိုပါ ထည့်သွင်းတွက်ချက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
နန်းစုစံ (စိုက်ပျိုးရေး)
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nan Su San
See all
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022