ဆောင်းပိုးနွေမြက် ပိုးဆေးနွယ်ပင် ရှီးပဒီး
ရှီးပဒီးဆိုသည်မှာ အပင်နှင့်သတ္တဝါပေါင်းစပ်ထားသော ဆေးဖက်ဝင်ရတနာတစ်ပါးဖြစ်ပါသည်။ ဆောင်းတွင်းဘက်တွင် ပိုးကောင်လေးအဖြစ်ရှိနေတတ်ပြီး နွေရာသီတွင် အပင်လေးအဖြစ်ရှိနေတတ်သောကြောင့် ဆောင်းပိုးနွေမြက်ဟု တင်စားခေါ်ဝေါ်ကြသည်ဟု မှတ်သားဖူးပါသည်။ ရှီးပဒီးများသည် အမြင့်ပေ တစ်သောင်းကျော်ခန့်တွင် ပေါက်ရောက်လေ့ရှိပါသည်။ ရှီးပဒီး၏ သိပ္ပံအမည်မှာ Cordyceps sinesis ဖြစ်ပါသည်။ ရှီးပဒီးးများကို ဟိမဝန္တာတောင်တန်းဒေသများဖြစ်သော တရုတ်၊ တိဗက်၊ နီပေါ၊ ဘူတန်နှင့် မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်ဒေသများတွင် တွေ့မြင်ရပါသည်။
ရှီးပဒီးဖြစ်ပေါ်လာပုံ
အမြင့်ပေတစ်သောင်းကျော်ခန့်တွင် ရှင်သန်ကြသောဖလံများသည် မြေကြီးထဲတွင် ဥများကိုဥချခဲ့ပါသည်။ အကောင်ပေါက်လာသော ပိုးလုံးတုံးလေးများသည် ဖလံအဆင့်မရောက်ခင် မြေထဲတွင် နေထိုင်ကျက်စားကြပါသည်။ ထို့နောက် မိုးအကုန် ဆောင်းအကူးတွင် မှိုရောဂါတစ်မျိုးကူးစက်ခံရပြီးနောက် မြေကြီးထဲသို့ တိုးဝင်ကာ သေဆုံးသွားကြပါသည်။ သို့သော်လည်း မှို၏အာနိသင်ကြောင့် မပုပ်ဘဲ ခြောက်သွားကာ နွေရာသီတွင် မှိုမှအညှောင့်ထွက်လာပြီး မြေပေါ်ရောက်ကာ ရှီးပဒီးအဖြစ်သို့ ရောက်ရှိလာရပါသည်။ 
ဆေးဖက်ဝင်ပုံ
- ရှီးပဒီးတွင် ပရိုတင်း၊ ကာဘိုဟိုက်ဒြိတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပါသည်။
- ရှီးပဒီးသည် အဓိကအားဖြင့် သက်လုံအားကောင်းစေပါသည်။
- ပန်းနာရင်ကြပ်လူနာများအတွက် အထူးပင်သင့်လျော်ပါသည်။
- ထို့ပြင် ရှီးပဒီးစားသုံးထားသူများသည် ပုံမှန်လူများထက် အောက်စီဂျင်ရယူမှု လျော့နည်းသွားစေပါသည်။ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းများအတွက် အထူးပင်ကောင်းမွန်စေပါသည်။ ထို့ပြင် anti oxidants များပါဝင်သဖြင့် အရွယ်တင်နုပျိုစေပြီး အိုမင်းရင့်ရော်ခြင်းများကိုလည်း တားဆီးစေနိုင်ပါသည်။
- သွေးတွင်းအဆီများကိုလည်း လျော့ကျစေနိုင်ပါသည်။
- ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကိုလည်း ကောင်းမွန်စေပြီး ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်ပါသည်။
- နှလုံးနှင့် သွေးကြောရောဂါများအတွက်လည်း ရှီးပဒီးကို မှီဝဲနိုင်ပါသည်။
- ဆီးချို သွေးချိုရောဂါများကိုလည်း သက်သာစေနိုင်ပါသည်။
- ထို့ပြင် သွေးဖြူဥကိုလည်း တိုးစေနိုင်ပါသည်။ ကင်ဆာရောဂါသည်များအတွက်လည်း ဖြည့်စွက်စာအဖြစ် မှီဝဲနိုင်ပါသည်။
- ဖိုမကျန်းမာရေးပြသနာများအတွက် အထောက်အကူပြုကာ အိမ်ထောင်ရေးသုခကိုလည်း ပြည့်စုံစေပါသည်။
အသုံးပြုပုံ
ရှီးပဒီးကောင်လေးများကို ရေနွေးပူပူဖြင့်စိမ်၍ သောက်သုံးနိုင်ပါသည်။ အရက်နှင့်စိမ်၍လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသည်။ ပျားရည်နှင့်စိမ်၍လည်း သောက်သုံးနိုင်ပါသည်။ ထို့ပြင်ဟင်းလျာထဲများတွင်လည်း ထည့်၍ချက်ပြုတ်နိုင်ပါသည်။ ကြက်ပေါင်းထဲတွင် ထည့်၍ သောက်သုံးခြင်းဖြင့်လည်း နာလန်ထူစလူနာများကိုလည်းကိုယ်ခံအားကောင်းမွန်စေပါသည်။
kothanhtay
5 years agoဘယ်မှာဝယ်လို့ရလဲ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nyan Thant Zin
See all
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021