အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (အဏုဇီ၀ဆိုင်ရာအန္တရာယ်)
စိတ်မချရသောအစားအစာများသည် ယင်းတို့တွင်ပါဝင်နေသည့် အဏုဇီဝပိုးမွှားများနှင့် ထွက်ရှိသော ဓါတုအဆိပ်အတောက် များက လူများကို ရောဂါများနှင့် နာမကျန်းမှုများဖြစ်စေပါသည်။ သို့ဖြစ်၍ အစားအစာများတွင် စားသုံးသူကို ဘေးဥပါဒ်ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသောအရာများ ရောနှောပါဝင်နေနိုင်သည်ကို ခွဲခြားသိရှိနိုင်ရန် အလွန်အရေးကြီးသည် သာမက၊ ယင်းတို့ကို စံနစ်ကျသည့်ကာကွယ်ရေးနည်းလမ်းတို့ဖြင့် ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ပါသည်။
အစားအစာဆိုင်ရာ ဘေးအန္တရာယ်အုပ်စု (၄)ခုမှာ-
၁။အဏုဇီ၀ဆိုင်ရာ အန္တရာယ် (Biological hazard)
၂။ ဓာတု အန္တရာယ် (Chemical hazard)
၃။ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် (Physical hazard)
၄။ ဓာတ်မတည့်မှု အန္တရာယ် (Allergen)

အဏုဇီ၀ဆိုင်ရာ အန္တရာယ် (Biological hazard)
၁။ အဏုဇီ၀ဆိုင်ရာ အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းများ၊ ဇစ်မြစ်များ
အဏုဇီ၀ဆိုင်ရာ အန္တရာယ်များသည် လူ့ကျန်းမာရေးကို ထိခိုက်မှုအကြီးမားဆုံးသော အန္တရာယ်များ ဖြစ်ပါသည်။ အန္တရာယ်ရှိသော သို့မဟုတ် ရောဂါပိုးဖြစ်စေသော ဇီ၀သက်ရှိများ အစားအစာသို့ ဝင်ရောက်သောအခါတွင် ဇီဝဆိုင်ရာအန္တရာယ်များ ဖြစ်ပေါ်လာပြီး စားသုံးသူများအတွက် အစားအစာဘေးကင်းရေးဆိုင်ရာ အန္တရာယ်ရှိလာပါသည်။ ဇီဝဆိုင်ရာအန္တရာယ်များသည် ပတ်ဝန်းကျင် (ဥပမာ- မြေဆီလွှာဘက်တီးရီးယားများ၊ စိုက်ပျိုးရေးထွက်ကုန်များ) သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် သိုလှောင်စဥ်အတွင်း ညစ်ညမ်းမှုများမှကူးစက်ခြင်း (တနည်း - အစားအသောက် သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်များ ညံ့ဖျင်းခြင်း) တို့မှ ဖြစ်ပေါ်နိုင်သည်။
အဏုဇီ၀ပိုးမွှားများမှာ-
၁) အစားအစာ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ပိုးမွှားများ (ဥပမာ - ဘီယာဖောက်ရာတွင် သုံးသည့် တဆေး ခေါ် yeast)
၂)အစားအစာပုပ်သိုးခြင်းကိုဖြစ်စေသောပိုးမွှားများ(ဥပမာ-နွားနို့များကို အချဉ်ဖောက်ရာတွင် သုံးသော Streptococcus spp.)
၃)စားသုံးသူကို ရောဂါအပြင်းအထန်ဖြစ်စေနိုင်သော အန္တရာယ်ရှိရောဂါပိုးများ (ဥပမာ- ဥများတွင် အများဆုံးတွေ့နိုင်သော Salmonella)
ဇီ၀ဆိုင်ရာအန္တရာယ်ရှိပိုးမွှားများနှင့် တွေ့ရများသော အစားအစာ ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ဘက်တီးရီးယား
o ဆာမိုနဲလား (Salmonella) - ကြက်ဥ ၊ မသန့်ရှင်းသောရေ ၊ မကျက်တကျက်အသားများ
o စတပ်အောရီးရပ်စ်(Staphylococcus aureus)- အသားများ၊ မသန့်ရှင်းသော အစားအစာကိုင်တွယ်မှုအလေ့အထများ၊ ပူတင်း၊ ခရင်မ်ပါသောမုန့်များ
o အီးကိုလိုင် (E. coli) - မသန့်သောရေ၊ အစားအစာ ကိုစံနစ်မကျကိုင်တွယ်သူများ၊ မသန့်ရှင်းသော မြေကြီးမှ ထွက်ကုန်များ၊ နွားနို့
o လစ်စရီးယား(Listeria) - နို့နှင့် နို့ထွက်ကုန်များ၊ အသီးများ၊ မကျက်တကျက်ကင်ထားသော အသားနှင့် ငါးများ
o ကလော့စရီးရီးရမ်းဘော်ကျူလီနမ် (Clostridium botulinum)- စည်သွတ်ဘူး၊ လက်လုပ်ချဥ်ဖတ်များ
(ခ) ဗိုင်းရပ်စ်
o အသည်းရောင်အသားဝါ အေနှင့် အီး ရောဂါရှိသူ၏ မစင်၊ တံတွေး တို့မှတစ်ဆင့် ရောဂါဖြစ်စေနိုင်သော ပိုးမွှားပါသော ရေနှင့် အစားအစာများ
(ဂ) ကပ်ပါးကောင်များ
o တေးနီးယားဆိုလီယမ်(Taenia solium) - ကောင်းစွာ မချက်ပြုတ်သော ၀က်သား
o တေးနီးယားဆာဂျင်နေတာ (Taenia saginata) - ကောင်းစွာ မချက်ပြုတ်သော အမဲသား
(ဃ) မှိုများ
o အယ်ဖလာတောက်ဇင် (Aflatoxin)- စိုစွတ်သော အခြေအနေများ၊ မသန့်ရှင်းသော ပတ်၀န်းကျင်
၂။ အဏုဇီ၀ အန္တရာယ် ကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
o အန္တရာယ်ပေးနိုင်သော အဏုဇီ၀ ပိုးမွှားများ၊ အရင်းအမြစ်များကို စာရင်းပြုစု မှတ်တမ်းတင်ထားခြင်း
o ကောင်းမွန်သော ထုတ်လုပ်မှုလုပ်ငန်းစဉ်များကိုလိုက်နာခြင်း (တစ်ကိုယ်ရေးသန့်ရှင်းရေး၊ ပတ်၀န်းကျင် သန့်ရှင်းရေး၊ အသုံးအဆောင်များ သန့်ရှင်းရေး)
o မှန်ကန်သော ထုတ်လုပ်မှုအဆင့်များကို လိုက်နာခြင်း (သတ်မှတ်ထားသော အပူချိန်တွင် သတ်မှတ်ထားသော ကြာချိန်အတိုင်း ချက်ပြုတ်ခြင်း၊ အဆင့်တိုင်းကို စနစ်တကျ မှန်ကန်စွာ လိုက်နာခြင်း)
o စနစ်တကျ ခွဲခြားသတ်မှတ်ခြင်း (ကုန်ကြမ်းနှင့် ကုန်ချောများ ခွဲခြားထားခြင်း၊ အသုံးပြုသည့် အသုံးအဆောင်များ ခွဲခြားထားခြင်း၊ ထုတ်လုပ်မှုဇုံများ ခွဲခြားထားခြင်း)
o ပြင်ပမှ လေနဲ့အတူ ၀င်ရောက်နိုင်သော ပိုးမွှားများ၊ အညစ်အကြေးများကို စနစ်တကျ ထိန်းချုပ်ခြင်း
o ကြိုတင်ပြင်ဆင်ခြင်း (လိုအပ်ပါက ထုတ်ကုန်ကို ပြန်လည်သိမ်းယူခြင်း (product recall) - အတွက်မှန်ကန်သော စနစ်ကျသော လုပ်ငန်းစဉ်တစ်ခု ပြင်ဆင်ထားရှိခြင်း)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးထွန်းမြင့်
3 years agoမကွေးတိုင်းဆင်ပေါင်ဝဲဘက်ကောမိုးများနိုင်လားဆရာ
ကျော်လင်းသူ
3 years agoမကွေးတိုင်း အောင်လံဘက်ရော မိုးရွာနိုင်လားဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....