လာမယ့် ၄ ရက် (ဇွန်လ ၂၀ -၂၃ ရက်အထိ) ပဲခူးတိုင်းအရှေ့ခြမ်းရှိ မိုးစပါးစိုက်တောင်သူများ ဂရုပြုရမည့် ပိုးများ
လာမယ့် ၄ ရက်အတွင်း အနိမ့်ဆုံး အပူချိန် ၂၄ မှ အမြင့်ဆုံး ၃၀ ဒီဂရီစင်တီဂရိတ်ရှိပြီး စိုထိုင်းစ ၉၀ % အထက်မှာရှိနေနိုင်မှာမို့ ပဲခူးတိုင်းအရှေ့ခြမ်းရှိ မိုးစပါးစိုက်တောင်သူများ စပါးရွက်လိပ်အိမ်ပိုး၊ စပါးကျောက်ဆူးပိုး/ လောင်မီးပိုးနဲ့ စပါးကြက်သွန်မြိတ်ပိုးတို့ကို သတိထားကြဖို့အတွက် အစိမ်းရောင်လမ်းကနေ သတိပေးလိုက်ရပါတယ်ရှင်။
စပါးကြက်သွန်မြိတ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
အာရှကြက်သွန်မြိတ်ပိုးရဲ့ အကောင်ဦးရေ သိပ်သည်းဆကို မိုးအုံ့တဲ့ ဒါမှမဟုတ် မိုးရွာတဲ့ ရာသီဥတု၊ ပင်ပွားများတဲ့စပါးမျိုးကို စိုက်ပျိုးတာ၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာနဲ့ ကပ်ပါးပြုမှုနည်းတာတွေက အခွင့်အလမ်းပေးပါတယ်။
အထွက်နှုန်းထိခိုက်စေတဲ့ စပါးကြက်သွန်မြိတ်ပိုး
မိုးအံ့၍ တိမ်ထူထပ်သော ရာသီဥတုမျိုးတွင်ကျရောက်မှုများနိုင်သည်။ ယခင်နှစ်က ကြက်သွန်မြိတ်ပိုးကျရောက်ခဲ့သောပျိုးခင်း၊ စိုက်ခင်းများတွင် ယခုနှစ်တွင် ပြန်၍ကျရောက်နိုင်သည်။ ဒေသမျိုးအောက် အထွက်တိုးမျိုးများသည် ခံနိုင်ရည် နည်းပါးသည်။ ဆောင်းသီးနှံစိုက်ပျိုး ပြီးသောအကွက်တွင် စပါးပြန်စိုက်ပါက အထူးဂရုစိုက်ရမည်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Related topics