ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုကိုလျှော့ချရန်စီးပွားရေးအရ တိုက်တွန်းမှုများ
ပြောင်းဖူးဖက်များ အဝါရောင်သမ်းစပြုပြီး ပြောင်းဖူးအညှာကိုလက်သည်းဖြင့် ခြစ်ကြည့်ပါက အမည်းရောင်အမှတ် (Black Layer) တွေ့ရှိချိန် (သို့မဟုတ်) ပြောင်းရွက်များ (၈၀-၉၀)% ခြောက်သွေ့ချိန် ရိတ်သိမ်းသင့်
ပြောင်းဖူး ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း သိုလှောင်ခြင်း
ပြောင်းဖူးကို မပျက်မစီးပဲ ပြုပြင်စီရီခြင်းမရှိဘဲ အချိန်အတိုင်းအတာတစ်ခုထိ သိုလှောင်နိုင်သည်။ သိုလှောင်နိုင် သည့် သက်တမ်းသည် ပတ်ဝန်ကျင်ရှိ အပူချိန်၊ စိုထိုင်းဆနှင့် ရှိရင်းစွဲ အစို၊ ဖျက်ပိုးနှင့် ရောဂါကဲ့သို့သော အချက်များပေါ်တွင် များစွာမူတည်သည်။ ထို့ကြောင့် အရည်အသွေးကောင်းမွန်သော ပြောင်းစေ့များ ရရှိရန် ထောက်ခံထားသော ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ခြင်းနှင့် စီမံခြင်း လုပ်ငန်းများတွင် အထက်ဖော်ပြပါအ ချက်များကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန် ထည့်သွင်းဖော်ပြထားသည်။ အရည်အသွေး ထိန်းချုပ်ခြင်းသည် ရိတ်သိမ်းခြင်းကစတင်သည်။ ရိတ်သိမ်းခြင်းသည် ပြောင်းဖူးများကို စိုက်ပျိုးထားသော နေရာ(စိုက်ခင်း)မှ ခွဲခြား ရန်ရည်ရွယ်၍ ဆောင်ရွက်သော ရိုးရှင်းသည့် လုပ်ဆောင်ချက်ဖြစ်သည်။ ပြောင်းကို ရိတ်သိမ်းရန် သင့်တော် သော အချိန်သည် ရိုးတံများခြောက်ပြီး အစေ့စိုထိုင်းဆ ၂၀-၁၇% ခန့် ရှိချိန်ဖြစ်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Related topics