အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · ထန်တလန်

ကျနော် ချင်းပြည်နယ် ထန်တလန်မြ ို့( Sea level 5000')မှာ နေပါတယ်။ မနှစ် တုန်းက ဝဥ စ စိုက်ပါတယ်။ တော်တော်များများ...

ကျနော် ချင်းပြည်နယ် ထန်တလန်မြ ို့( Sea level 5000')မှာ နေပါတယ်။ မနှစ် တုန်းက ဝဥ စ စိုက်ပါတယ်။ တော်တော်များများ ပိုးကျတယ်။ ရွက်/ပင်/မြစ် ပုပ် တယ်။ ဘာကြောင့် ဖြစ်ရတာလဲ?ဘာဆေး အသုံးပြု မလဲ? ဆေးကဘယ် မှာ ရနိုင်မလ?

ပိုးမွှားရောဂါ ဝဥ
2

ဖြေကြားချက် ၂ ခု

348 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်တယ်

79,208 လွန်ခဲ့သော ၆ နှစ် က

မိုးအရမ်းရွာပြီး လေထုစိုထိုင်းစများတဲ့အခါ မှိုရောဂါကျရောက်တတ်ပါတယ်။အပင်တွေရော အရွက်တွေရော ပုပ်တာဆိုတော့ မှိုရောဂါဖြစ်နိုင်ချေများတယ်ရှင့်။ ဆေးအနေနဲ့ကတော့ ဓာတုဆေးတွေကို သိပ်မသုံးစေချင်ပါဘူး ။ချင်းပြည်နယ်ရဲ့ ဝဥဈေးကွက်က ဓာတုလွတ်တာတွေကို တင်ပို့နေတာလို့ သိရလို့ပါ။ ဖြစ်နိုင်မယ်ဆို ဓာတုမသုံးဘဲ ကာကွယ်တဲ့နည်းမျိုးတွေကို လုပ်စေချင်ပါတယ်။ အမြစ်တွေရောဖြစ်တာမို့ မြေအောင်းမှိုကျတယ်လို့ ယူဆပါတယ်ရှင့် ။ ဇီဝမှိုသတ်ဆေးဖြစ်တဲ့ ထရိုင်ဂိုဒါးမားလိုမှိုတွေကို မြေပြင်ကတည်းက ထည့်လို့ရပါတယ်။ အရင်နှစ်က ပင်ကြွင်းပင်ကျန်တွေကို စိုက်ခင်းနားမှာ မထားပါနဲ့ရှင့်။ အခုနှစ်ကို ဝဥမစိုက်ဘဲ တခြားသီးနှံစိုက်ခြင်းဖြင့်လည်း မှိုရောဂါကို အမြစ်ပြတ်အောင် လုပ်လို့ရပါတယ်ရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။