အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၅ ခု

1,510 လွန်ခဲ့သော ၆ နှစ် က

ဆရာခင်ဗျာ ပုလဲ-လက်ချား တစ်ဧက သုံးကြိမ်နှုန်းဖြန်းမယ်ဆိုရင် မြေဆီဖြူပုလဲ ထပ်ကွေးဖို့လိုဦးမလား အခုမှ ရေသွင်း ထားလို့ပါ။ မနက်ဖြန် ဖြန်းမလို့။

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

ရေမရခဲ့တဲ့အတွက်အပင်ကြီးထွားမှုအားနည်းမယ်ထင်တယ်။အပင်ကြီးထွားမှုအားနည်းတော့ပွင့်သီးမှုလည်းနည်းမှာပါ။နှမ်းကရေဝပ်တာမကြိုက်ပေမဲ့အစိုဓာတ်လုံလောက်အောင်ရဖို့တော့လိုအပ်ပါတယ်။အခုအချိန်မှာ ပုလဲ+လက်ချား ရွက်ဖျန်းအားဆေးဖျန်းနိုင်ပါတယ်။ဆေးဖျန်ပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း နဲ့ လက်ချား ၄ဇွန်းရောပြီးပက်ဖျန်းပေးပါ။တစ်ဧက ၅ပုံးခန့် ရွှဲရွှဲဖျန်းပေးပါ။လက်ချားအမှုန့်က ပရ(ဘယ)ဆေးဆိုင်မှာဝယ်ယူရရှိနိုင်ပါတယ်။ ၇ရက်ကိုတစ်ကြိမ်နှုန်းနဲ့ ၃ကြိမ်ခန့်ဖျန်းပေးနိုင်မယ်ဆိုရင်အဆင်ပြေလာနိုင်ပါတယ်။

357 လွန်ခဲ့သော ၆ နှစ် က

အကိုရေအခုချိန်ရေသွင်ရင်ယေားအဆင်ပြေနိုင်သေးလားဗျ

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

နွေနှမ်း/ ရေသွင်းနှမ်းက မိုးရေကိုမျှော်လင့်လို့မရပါ။ရေသွင်းနိုင်မှသာလျှင်စိုက်သင့်ပါတယ်။နွေရာသီနေကပူပြင်း ရေအစိုဓာတ်ကမရှိဆိုရင် သီးတော့ ၂လုံးပြွတ်..ရိတ်တော့ဖင်တရွတ် ဖြစ်တတ်ပါတယ်။အခုလည်းအပင်ငုတ်တုတ်နဲ့ပွင့်နေပြီမဟုတ်လား။ဒါကြောင့်နှမ်းသီးနှံကို လောင်းကစားသီးနှံလို့ခေါ်ကြတာပေါ့။

349 လွန်ခဲ့သော ၆ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။