အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,476
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

ကျွန်တော် ပြောင်းပင်က ရက်ပေါင်း 40ရှိပါပြီး အပင်တွေက အပွင့်တွေ လိုက်နေတယ်။ ဘာကြောင့်လဲ မသိဘူးခင်ဗျ။ အခု ၁၅ပတ်...

ကျွန်တော် ပြောင်းပင်က ရက်ပေါင်း 40ရှိပါပြီး အပင်တွေက အပွင့်တွေ လိုက်နေတယ်။ ဘာကြောင့်လဲ မသိဘူးခင်ဗျ။ အခု ၁၅ပတ်လည်န့ဲ ပုလဲ မြေသြဇာကျွေးမလို့ အဆင်ပြေပါမလား။ ပထမ တစ်ခင်းစိုက်တုန်းက ရက် ၇၀မှ အဖူးအပွင့်လိုက်နေတယ်။ အခု က စောစောပေါ်နေလို့ တစ်ခုခုများ ဖြစ်နေမလားမသိဘူး။

စိုက်ပျိုးနည်း ပြောင်း ပြောင်းစိုက်ပျိုးနည်း
18

ဖြေကြားချက် ၁၈ ခု

4,476 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

111,296 လွန်ခဲ့သော ၆ နှစ် က

ပြောင်ဖူးနု အချိုးမစောဖို့လိုပါတယ်။အထူးသဖြင့် သန်မာတုတ်ခိုင်တဲ့အပင်တွေဆိုရင် ပိုသတိထားရပါတယ်။နောက်မှထွက်တဲ့အဖူးကို အချိုးစောရင် အဖူးလွတ်တဲ့ ဂေါင်ဖူးရဲ့အညာတံအားသန်အောင်လုပ်ပေးလိုက်သလိုဖြစ်စေပြီး အညှာတံအထဲမှာရှိနေတတ်တဲ့ အငုံဖူးပါအားသန်သွားစေပါတယ်။ ပြောင်းဖူးနုကို ပထမဖူးညှာတံနည်းနည်းရင့်တဲ့ အချိန်မှချိုးပေးခြင်းဖြင့် ပြောင်းဖူးနုလည်း အဖူးလှလှရရှိ‌စေပြီး။ ဂေါင်ဖူးတွင်လည်း အတက်များကြီးထွားလာခြင်းကို ထိန်းချုပ်ထားနိုင်တဲ့အတွက် အဖူးခူးရာတွင် အလောတကြီးမပြုလုပ်မိစေဖို့လိုပါတယ်။

4,476 လွန်ခဲ့သော ၆ နှစ် က

သန်တ့ဲ အပင်တွေမှာ တစ်ပင် ကို ၄ဖူး။ ၄ဖူးအပြင် တစ်ဖူးစီကလည်း အဖူးအပွားတွေ လည်းကျပါသေးတယ်။ အ့ဲဒီအဖူး​​တ​ေွက​ မကြီးတော့ ဘူးဗျ။ ကြီးအောင် ဘယ်လို့ လုပ်ရမလဲ ခင်ဗျ

4,476 လွန်ခဲ့သော ၆ နှစ် က

မှန်တယ်ဗျို့ ပိုးကတော့ တစ်ပတ်တစ်ခါ ဖျန်းပေးနေရတယ်

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

ယခုနောက်ပိုင်း အချို့ ပြောင်းမျိုးတွေမှာ ဘေး သားတတ် ထွက်တာ အဖူးပွားတွေထွက်တာ တွေရှိတတ်ပါတယ် ဒီအချက်တွေ့ကြောင့် အက်လို မျိုးတွေ့ရတာ ပါ အဲ့လို အဖူးပွားတွေ သားတတ်တွေ ထွက်ရင် ဘာမှလုပ်ပေးစရာမလိုပါဘူး ဒီအချက်တွေကို သတိပြုပါ ၁.ပုလဲ မြေသြဇာ အလွန်အကျွံ အသုံးပြုခြင်း ၂.ပင်ကြားတန်းကြားဝေးလွန်းခြင်း ၃.မိုးတွင်း တွင် မြေဆီထက်သန်သော မြေများ တွင် စိုက်ပျိုးခြင်း တို့ သည် အဆိုပါအကြောင်းအရာကိုဖြစ်ပေါ်စေပါတယ် စိတ်မပူပါနဲ့

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

702 ဆိုရင် ပိုးဂရုစိုက်ပါ Faw ဂရုစိုက်ပါ ပြောင်းက အမြစ်ပေါ်တာ ကိစ္စ မရှိပါဘူး အဓိက အပင်မလဲ ဖို့ဘဲ လို့တာပါ ပေါ်ပေါ်ပါ ဖုံးပေးးရာလည်းမလိုပါဘူး ဒါသဘာဝပါ

111,296 လွန်ခဲ့သော ၆ နှစ် က

ကျနော်က ပြောင်းကိုစိတ်ဝင်စားပါတယ်။ အကောင်ဆုံးစိုက်ပျိုးပုံတွေကို ပိုလေ့လာဖြစ်ပါတယ်။မိုးရာသီကို အဓိကထားစိုက်လေ့ရှိပါတယ်။သက်တန်းငယ်တဲ့မျိုးတွေက နှစ်လခွဲဆိုရင် အဖူးကိုခူးပါပြီ။

4,476 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ။ ပြောင်းန့ဲပက်သက်ရင် ဒီနှစ်မှ စစိုက်တာ

111,296 လွန်ခဲ့သော ၆ နှစ် က

သက်တန်းငယ်တဲ့ မျိုးဖြစ်မယ်ထင်ပါတယ်။အဲဒီတံဆိပ်ကို မစိုက်ကြည့်ဖူးသေးဘူး။အပင်အနေထားလည်းမဆိုးပါဘူး။ပန်းထွက်ရင်တော့ မြေဩဇာထည့်ရမှာပါ။ကျနော်ကတော့ ပြောင်းကို နွာချီး‌ထည့်သွင်းမြေအုပ်ကြွေးလေ့ရှိပါတယ်။အဖူးကျစာကို တီစူပါနှင့်ဆယ်ငါးပတ်လည်ကိုသုံးပါတယ်။ပုလဲကိုတော့ အပင်ငယ်စဉ်မှာပဲ သုံးပါတယ်။

4,476 လွန်ခဲ့သော ၆ နှစ် က

၁.၁.၂၀၂၀မှာ စိုက်ပြီး၄လပိုင်းမှာ ခူးဆွတ်ရတယ်။ အခုက ၈.၃.၂၀၂၀မှ စစိုက်တာပါ။ အရင်ကလည်း ဒီဂရိတ်၇၀၂ပဲ

4,476 လွန်ခဲ့သော ၆ နှစ် က
4,476 လွန်ခဲ့သော ၆ နှစ် က

ဟုတ်က့ဲ အဝါမျိုးပါ။

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

ပိုးတွေကျနေပါလား ဘာပြောင်းမျိုးလဲ ဗျ အဖြူ​ စေးလား အဝါလား နှစ်ရောင်စပ် လားဗျ

111,296 လွန်ခဲ့သော ၆ နှစ် က

ပြောင်းက မြေဩဇာပတ်လည်အောင်ထည့်သွင်းပေးရပါတယ်။တစ်ခါထည့်တိုင်း အမြစ်သစ်ထွက်ဖို့ အဆစ်တစ်ခုကို မြေလုံးပေးကြပါတယ်။ပြောင်းကို မြေဩဇာနှစ်ကြိမ်ထည့်သွင်းရတဲ့အတွက် နှစ်ခါကြွေး မြေဩဇာအပင်တစ်ပတ်လည်သွားသလို ပြောင်းပင်ရဲ့မူလအမြစ်အပြင် အဆစ်ကနေထွက်တဲ့ အမြစ်သစ်နှစ်ဆစ်သုံးဆစ်အမြစ်ထွက်အားပိုကောင်းလာပြီး၊ မြေဆီစားသောက်နိုင်တဲ့အတွက်၊ ဖူးကျကောင်းပြီး ကြီးထွားဖြစ်ထွန်းတဲ့အတွက် ၊ပြောင်းမြစ်တွေဟာ ပေါ်လေ့မရှိသလောက်ပါပဲ။

111,296 လွန်ခဲ့သော ၆ နှစ် က

ဘာမျိုးစေ့လဲ။

4,476 လွန်ခဲ့သော ၆ နှစ် က

အမြစ်တွေ ပေါ်ရင် အဖူးမအောင်ဘူးဆို

4,476 လွန်ခဲ့သော ၆ နှစ် က
4,476 လွန်ခဲ့သော ၆ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။