ဖြေကြားချက် ၁ ခု
ကာကွယ်နှိမ်နင်းပုံ (၁) ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးကိုစိုက်ပျိုးခြင်းသည် အထိရောက်ဆုံး၊ အလွယ်ကူဆုံးနှင့် ကုန်ကျ စရိတ် အသက်သာဆုံးသော ကာကွယ်နှိမ်နင်းနည်းဖြစ်သည်။ အခြာသောနည်းလမ်းများတွင် --- (၂) ပျိုးခင်း ရေမလျှံစေရ။ (၃) အပင်အာဟာရဓါတ်များ (အထူးသဖြင့် နိုက်တြိုဂျင်) ကိုညီမျှစွာသုံးစွဲခြင်း (၄) စိုက်ခင်းနှင့်ပျိုးခင်းတို့တွင် ရေသွင်းရေထုတ်စံနစ် ကောင်းမွန်အောင်ဆောင်ရွက်ခြင်း (၅) စိုက်ခင်းကိုသန့်ရှင်းအောင်ထားခြင်း (၅) ပေါင်းပင်များကိုဖယ်ရှားပြီး ရိုးပြတ်၊ ကောက်ရိုး တိုကိုမီးရှို့ရမည်။ လမိုင်းအပင်များ၊ ယခင်နှစ်ကကျန်ရစ်ခဲ့ သောမျိုးစေ့များမှ ပေါက်လာသောအပင်ငယ်များ ကိုထယ်လှန်ထိုးပစ်ရမည်။ ၎င်းတို့သည်ဤ ဘက်တီးရီးယား၏ လက္ခံပင် များ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ (၆) စိုက်ခင်းကို မြေလှပ်ထားရမည်။ မြေကြီူခြောက်သွားပြီး အပင်အကြွင်းအကျန်အစိတ်အပိုင်းနှင့် မြေကြီးထဲရှိ ရောဂါဖြစ်ကြောင်းဘက်တီးရီးယားကို သေစေရန်ဖြစ်သည်။ REF: IRRI Rice Knowledge Bank
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့စပါးကိုBacteriaနဲ့ဖြုတ်ပိုးနဲ့ဘယ်လိုခွဲတယ်ဆိုတာလေးပြောပေးပါဆရာ
ဖြေကြားချက် 3 ခု
ဆရာတို့စပါးကိုbacteriaရောဂါမဝင်အောင်ဘယ်ကာကွယ်ရမလဲဆရာ
ဖြေကြားချက် 1 ခု
ဒါကပိုတက်ဆီယမ်ချို့တဲ့တာလား စပါးဘတ်တီးရီးယာယရောဂါလားခင်ဗျ
ဖြေကြားချက် 1 ခု
စပါးပင် 40ရက်သား ပုလဲ တစ်ဧက 15ပိသာကျွေးထား(လွန်ခဲ့သော ၇ရက်ခန့်က) ယခုလက်ရှိ အပင်ဖျားတွင် ပုံပါအတိုင်းဖြစ်နေ ရော...
ဖြေကြားချက် 2 ခု
Gw11 မိုးစပါး 50ရက်သားပါ အရွက်ဖျားတေ ပုံပါအတိုင်း ခြောက်နေလို့ ဘာကြောင့်လဲဗျ မှိုလားဗျ
ဖြေကြားချက် 1 ခု