အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
467
လွန်ခဲ့သော ၆ နှစ် က · စစ်ကိုင်း

ကန်စွန်းဥစိုက်ပျိုးနည်းအကြောင်းသိချင်လို့ပါ

စိုက်ပျိုးနည်း ကန်စွန်းဥ
Post image
2

ဖြေကြားချက် ၂ ခု

119 လွန်ခဲ့သော ၆ နှစ် က

ဘယ်မိုးစေ့ကပိုကောင်လဲ

80,032 လွန်ခဲ့သော ၆ နှစ် က

ကန်စွန်းဥစိုက်ပျိုးနည်း မြန်မာအမည် - ကန်စွန်းဥ အင်္ဂလိပ်အမည် - Sweet Potato ရုက္ခဗေဒအမည် - Ipomoea batatas မျိုးရင်းအမည် - Convolvulaceae ၁။ မူရင်းဒေသ အမေရိကတိုက်၏ အရှေ့ပိုင်းဒေသသည် မူရင်းဒေသဖြစ်သည်။ ၂။ စိုက်ပျိုးသည့်ဒေသ ကန်စွန်းဥကို မြန်မာပြည်၌ ဒေသအနှံ့အပြားတွင် စိုက်ပျိုးသည်။ ၃။ အမျိုးအစား ကန်စွန်းဥမှာမျိုးပေါင်းမြောက်များစွာရှိသည်။ အသားမာမျိုးနှင့် အသားပျော့မျိုးဟူ၍ ခွားခြားနိုင် သည်။ အချိူ့က အပင်ပေါက်ပုံ အလေ့အထပေါ်မူတည်၍ ခွဲကြသည်။ အလွယ်ဆုံးမှာ ကန်စွန်း၏ အရောင်ပေါ်တည်၍ အမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ၄။ ရေမြေရာသီဥတု သဲမြေ၊သဲနုန်းနှင့် နုန်းမြေတို့တွင် ကန်စွန်းဥကို ကောင်းမွန်စွာစိုက်ပျိုးနိုင်သည်။ သို့သော် အောက်ခံမြေသည်နုန်းစနယ်ဖြစ်ရန် လိုသည်။ မြေသည် ဖွယ်နေရမည်။ ရေဝပ်ဒဏ်ကို မခံနိုင်ကြချေ။ အလွန်စေးသောမြေတွင် ကန်စွန်းဥသည် အသားကြမ်းပြီး ပုံသဏ္ဍာန်မမှန်တော့ပေ။ မြေ၏ အသင့်တော်ဆုံး အပူချိန်မှာ (၂၀-၃၀) ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။ ကန်စွန်းဥသည် အတော်အသင့် ချဉ်သောမြေတွင် စိုက်ပျိုးရသည်။ pH(၅.၈ - ၆.၇) အတွင်းရှိ မြေသည် အကောင်းဆုံးဖြစ်သည်။ အနည်းဆုံး ပူနွေးသောရာသီ (၄) လရှိရန်လိုသည်။ မိုးအသင့်တင့်ရွာသော ဒေသဖြစ်ရမည် အပြင် အလင်းရောင် ကောင်းမွန်စွာ ရရှိရမည်။ ၅။ ပျိုးထောင်ခြင်း ကန်စွန်းဥကို စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ရသည်။ ဥကောင်များကိုရွေးချယ်ပြီး ပျိုးထောင်၍ ရရှိသော အညွန့်များကို စိုက်ပျိုးပါက ပို၍သေချာပြီး အထွက်လည်းကောင်းပေမည်။ (၅-၆) ပေကျယ်၍ သင့်လျော်မည့်အရှည်ကို ပျိုးဘောင်ပြုလုပ်ပေးပါ။ အလွန်ဖွယ်သောမြေ၊ သို့မဟုတ် သဲဆန်သောမြေတွင် ပြုလုပ်ပါ။ ရွေးချယ်ထားသောဥများကို မာကျူရစ်ကလိုရိုဒ် တစ်ဆ၊ ရေအဆ (၁၀၀၀) ဆပ်ထားသော အရည်တွင် (၁၀)မိနစ်စိမ်ပြီး စိုက်ပါ။ အာရီတန်ဆေးကိုလည်း အသုံးပြုနိုင်သည်။ ပျိုးဘောင်ပေါ်တွင် (၁၁/၂ )ပေခြား အတန်းများပြုလုပ်ပေး၍ ၎င်းအတန်းတွင် တစ်ပေလျှင် တစ်ဥချ၍ မြေနှင့်ဖုန်းအုပ်စိုက်ပါ။ အပင်များမြေပေါ်သို့ ထွက်လာသောအခါ အပင်ခြေ တွင်မြေဖို့ပေးပါ။ ဤသို့ဖို့ပေးခြင်းဖြင့် ပင်စည်အရင်းအပိုင်း (၃-၄) လက်မအထိ မြေနှင့် ထိတွေ့ နေရာတွင် အမြစ်များထွက်လာပေလိမ့်မည်။ ပျိုးပင်များ အတောအတန်ရှည်လာ၍ မိမိလိုအပ် သော ကိုင်းအရေအတွက် ရနိုင်လောက်မည်အရွယ်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ ၆။ မျိုးစေ့နှုန်းထား တစ်ကအတွက် ပင်စည်ဖြတ်ပိုင်း (၂၀၀၀၀) ခန့်လိုသည်။ ၇။ မြေသြဇာနှုန်းထား တစ်ဧကတွင်- နွားခြေး - ၁၀ တန် ယူရီးယား - ၂၂၄ ပေါင် တီစူပါ - ၁၁၂ ပေါင် ပိုတက်ရှ် - ၂၂၄ ပေါင် ယူရီးယားကို (၂) ကြိမ်ထည့်သွင်းရာ၌ ဒုတိယအကြိမ်တွင် လျှော့၍ထည့်ရမည်။ နိုက်ထရိုဂျင်များပါက ပင်ပိုင်းကြီးထွားမှုများပြီး သေး၍ရှည်သော ဥများကိုသာ ရရှိပေမည်။ နွာချေးမြေဆွေး ကို ကန်စွန်းဥစိုက်ရန်အတွက် ထည့်ခြင်းထက် ကန်စွန်းဥမစိုက်မီ အစောပိုင်းစိုက်ပျိုး သည့် သီးနှံတွင် ထည့်ပေးသင့်သည်။ ၈။ မြေပြုပြင်ခြင်း ကန်စွန်းဥပုံသဏ္ဍာန်သည် သေး၍ ရှည်နေခြင်းထက် အလုံးတုတ်ပြီး အသင့်အတင့်ရှည်ခြင်းကို ပိုမိုကြိုက်နှစ်သက်ကြသည်။ မြေပြုပြင်ရာ၌ ထယ်ရေး(၆-၈) လက်မအနက်အတွင်းသာရှိသင့်သည်။ များသောအားဖြင့် ဘောင်တင်စိုက်ပျိုးကြသည်များသည်။ ဘောင်မှာအကျယ် (၄-၆)ပေနှင့် ဘောင်အရှည်မြေအနေ အထားပေါ်မှုတည်၍ သင့်တော်သလို ဖော်ပေးရမည်။ အမြင့်မှာ (၈-၉) လက်မသာ ပြုလုပ်ပါ။ အကယ်၍ စိုက်ကွက်တွင် ရေဝပ်တက်ပါက ၎င်းထက်ပိုမြင့်ရန်လိုပေမည်။ ၉။ စိုက်ပျိုးခြင်း အနည်းဆုံးအဆစ် (၄)ဆစ်ပါသော အကိုင်းများကို ဖြတ်စိုက်ရသည်။ အလယ် (၂)ဆစ်ကို မြေတွင်ထည့်စိုက်၍ ဘေးအစွန်း (၂)ဆစ်ကို မြေပေါ်တွင် ရှိနေစေပါ။ အပင်၏ အဖျားပိုင်း အညွန့်ကို စိုက်ပျိုးပါက ဥအထွက်ပိုကောင်းစေသည်။ တစ်တန်းနှင့်တစ်တန်း (၂)ပေကွာစိုက်တန်း၌တစ်ပင်နှင့် တစ်ပင် တစ်ပေခြားစိုက်ပါ။ အပင်အကွာအဝေးကျယ်လျှင် အထွက်လျော့စေသည်။ ကန်စွန်းဥကို မိုးတွင်း မေလ၊ ဇွန်လလောက်တွင် စတင်စိုက်ပျိုးသည်။ ရေရရှိသောဒေသ တို့တွင်၎င်းထက်စောပြီး ရေသွင်းစိုက်ပျိုးသည်။ စိုက်ချိန်စော၍ အထွက်ပိုများသည်။ ၁၀။ အပင်ပြုစုခြင်း စိုက်ပြီးအစောပိုင်းတွင် ပေါင်းလိုက်မြက်ရှင်းခြင်းကို မကြာခဏပြုလုပ်ပေးရမည်။ အပင်များ တစ်ပင်နှင့် တစ်ပင်ရောယှက်၍ မြေကိုဖုံးသွားပါက ပေါင်းလိုက်ရန်မလိုတော့ခြေ။ စိုက်ပြီး (၂ ၁/၂)လ အကြာတွင် အပင်ခြေရင်း၌ မြေတင်ပေးရမည်။ ၁၁။ ရေသွင်းခြင်း ကန်စွန်းဥသည် မိုးတွင်းစိုက်ပြီးသော သီးနှံဖြစ်၍ ရေသွင်းရန်မလိုခြေ။ ဆောင်းနှင့်နွေရာသီ တွင် စိုက်လျှင် (၄) ရက် နှင့် (၉)ရက် အကြာတွင် ရေတစ်ကြိမ်စီသွင်းပေးရမည်။ ထို့နောက်ရာသီဥတု နှင့် မြေအခြေအနေပေါ်မှုတည်၍ (၁၀) ရက်တစ်ကြိမ်ခန့်သွင်းပေးရမည်။ ၁၂။ ရိတ်သိမ်းခြင်းနှင့် အထွက် ကန်စွန်းဥစျေးကောင်းက မရင့်မီ အရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။အကောင်း ဆုံးမှာ ဥများရင့်သော အချိန်တွင် တူးဖော်ခြင်းဖြစ်သည်။ ကန်စွန်းဥကို မရင့်မီရတ်သိမ်းက အလေးချိန် အလွယ်တကူ လျော့သွားသည်။ ဥများရင့်ပြီးနောက် မြေတွင် (၅-၆) ပတ်အထိ မရိတ်သိမ်းပဲ ထားနိုင်သည်။ သို့သော် (၈-၉) ပတ်အထိထားက အထွက်များစွာ လျော့သွားပေမည်။ တစ်ဟကလျှင် ပိဿချိန် (၃၀၀၀-၅၀၀၀) ကျော်ထိ ထွက်ရှိသည်။ Source: စိုက်ပျိုးရေးနှင့် ဗဟုသုတ Facebook Page

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။