ဖြေကြားချက် ၂ ခု
မျိုးရွေးချယ်တဲ့နေရာမှာလည်း ဆားငန်ဒဏ်ခံနိုင်တဲ့မျိုးတွေကိုလည်း ရွေးချယ်ဖို့အရေးကြီးပါတယ်။ စိုက်မယ်ဆိုရင် မြေချဉ်ငံကိန်းကိုစစ်ဆေးပြီး သေချာမှစိုက်ပျိုးပါ။
လချေး၊ ဂျပ်ပဆမ်၊ ကျောက်မှုန့်တွေကိုမြေခံမှာထည့်သွင်းပေးပါ။ ဓာတုမြေသြဇာတွေနဲ့ ဆေးများအသုံးမပြုပါနဲ့။ အဏုဇီဝဖျော်ရည်၊ သစ်ရွက်စိမ်း၊ နွားချေး၊ ကျောက်မှုန့်တို့ကိုပဲများများထည့်ပေးပါ။ ရေချိုရေတွေသွင်းပေးပါ။ ထယ်ရေးနက်နက်မထိုးပဲ အပေါ်ယံ လျှပ်ထိုးစနစ်ကိုပဲအသုံးပြုပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နိုက်ထရိုဂျင်ကုန်ခမ်းနေတဲ့မြေ ပိုကောင်းအောင်ဘယ်လိုပြုပြင်ရမလဲ
ဖြေကြားချက် 1 ခု
မြေဆီလွှာအရမ်းညံ့တဲ့မြေကိုဘလိုနည်းနဲ့ထွန်ယက်စိုက်ပျိုးသင့်ပါလဲ
ဖြေကြားချက် 4 ခု
လယ်ယာစိုက်ပျိုးပြီးနောက်ဘယ်လိုပြုပြင်ပြောင်းလဲမူလုပ်ပေးရမလည်းဗျ
ဖြေကြားချက် 3 ခု
မြက်ခင်းပြင်ကိုEMဖြန်းပြီးသစ်စိမ်းမြေသြဇာအဖြစ်ပြုလုပ်လို့ရပါသလားဖြေပေးပါ
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်မျိုးစေ့ထုပ်ဝယ်ထားတာမစိုက်ဖြစ်လို့ ဆောင်းသီးနှံစိုက်ပြီးရင်သစ်စိမ်းမြေသြဇာအဖြစ်စိုက်လို့ရလား? အသီး...
ဖြေကြားချက် 2 ခု