အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,508
လွန်ခဲ့သော ၆ နှစ် က · ကျောက်မဲ

ကျွန်တော်က သျှမ်းပြည်မြှောက်ပိုင်းပါ အလုပ်အကိုင် ပြောင်းဖူးပါ မနစ်ကနဲ့စပြီး ပြောင်းစေ့အထုတ်သေးလေးက ၄၅၀၀၀ ဈေး...

ကျွန်တော်က သျှမ်းပြည်မြှောက်ပိုင်းပါ အလုပ်အကိုင် ပြောင်းဖူးပါ မနစ်ကနဲ့စပြီး ပြောင်းစေ့အထုတ်သေးလေးက ၄၅၀၀၀ ဈေးတက်လာပြီ စိုက်တဲ့ခါတိုင်း အများအား အရင်းကုန်ခဲ့ရတယ် တခါတလေ ငွေအတိုးတောင် ပြန်မပေးနိုင်ဘူး ဗျ ပညာရှင်တို့ ခဗျ ကျွန်တော်ကိုယ့်ကို ကိုပြောင်းစေ့စပ်နည်း ရချင်တယ်ခဗျ / ဘာပိုးသတ်ဆေး / ဘာမိုသတ်ဆေး /ဘာကော်ရည်နဲ့ / အနီဆုံးအရောင်နဲ့ ဘာအရာင်လဲ့ခဗျ /ပြီးတော့ (အမြစ် / အပင်/အဖူး သီး)အားဆေး မပါဘူးလားဗျ သိတဲ့ ပညာရှင်ရှိရင် နည်းလမ်းမစပေးပါအုံး ခဗျ???

ခေတ်သစ်စိုက်ပျိုးရေး ပြောင်း ပြောင်းစိုက်ပျိုးနည်း မျိုးစေ့လူးနယ်ဆေး
5

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

ပြောင်းစေ့ တစ်စေ့ တန်ဖိုး မျိုစေ့ တစ်စေ့ တန်ဖိုး က ကျပ် ဆယ်ဂဏန်းတောင်မရှိတာကို အထူသတိပြုစေချင်ပါတယ်

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

မျိုစေ့ ဈေးနနူ်းမှာ ပြန်တွက်ကြည့်ရင် ဥပမာပေါ့ ၄၅၀၀၀ တန် ပြောင်းမျိုးစေ့ တစ်ထုတ်ကို အကို အစေ့ ၁၅၀၀၀ ပါတယ်ထား တစ်စေ့မှာ ၃ ကျပ် ဘဲ ကျသင့်မှပါ ဒါက ပြောင်းတစ်ပင်လုံးရဲ့ အခြား သွင်းအားစုတွေနဲ့ ယှဉ်ရင် အနဲဆုံးပါ အကယ်၍ မျိုးစေ့ဖို့ နှမြော ပြီး ကိုယ့်ပိုင် မျိုးထုတ်တာဘဲ ဖြစ်ဖြစ် လုပ်မယ် အခြား ဒီထက်သက်သာတဲ့ နည်းလမ်းကို ရှာပြီး မျိုးထုတ်မယ်ဆိုရင် မျိုးမမှန်တဲ့ ပြသနာတွေရင်ဆိုင်ရရင် မျိုးစေ့ ဖို့ များလို့ နှမြော လို့ထက် ဆုံရူံးမူပိုကြီး နိုင်ပါတယ်

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

seed cotating စနစ်မှာတော့ အမြစ် အပင် အဖူး အသီး အားဆေး မပါပါဘူး

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

မျိုးစေ့တွေမှာ အရောင်ထည့်ထားတာက အဓိက ရည်ရွယ်ချက်ကတော့ မြေကြီးမှာ စိုက်ရင် မြေကြီးအရောင်နဲ့ ကွဲ ပြာ ခြားနားပြီး မျိုးစေ့ ထည့်ပြီးမပြီး အလွယ်တကူ မြင်နိင်အောင်လို့ မျိုးစေ့တွေမှာ အရောင်လေးတွေနဲ့ ခွဲ ထားတာပါ ဥပမာ ငရုပ်ဆို အဝါရောင် ခရမ်းဆို ခရမ်ရောင် စသဖြင့်ပေါ့ နောက်တစ်ခု ပြောင်းက အရောင်ကတော့ အများအားဖြင့် Metalaxyl ဖြစ်ဖို့များပါတယ်

အတည်ပြုပြီး 185,016 လွန်ခဲ့သော ၆ နှစ် က

မင်္ဂလာပါ အကို မျိုးစေ့ကတော့ ကိုယ့်ဟာကို ထုတ်ဖို့ ဆိုရင် အဖိုလိုင်း အမလိုင်း ရှိဖို့ လိုသလို ကုန်ကျစရိတ် လဲ များနိုင်တာ မို့ လုံး၀ ကို မလွယ်တဲ့ ကိစ္စပါ ဒါပထမ တစ်ချက်ပါ ဒုတိယ တစ်ချက်က မျိုးစေ့ကို မိူသတ်ဆေး ပိုးသတ်ဆေး နဲ့ ကော်ရည်အသုံးပြုပြီး seed code လုပ်ပေး ထားတာပါ ( မိူသတ်ဆေး ကတော့ အများအားဖြင့် Thiram, Metalaxyl, carbenderzin etc....စတာတွေကို အများ အားဖြင့် ကုမ္ပဏီ ပေါ်မူတည်ပြီး အသုံးပြုကြမှာပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။