အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,351
လွန်ခဲ့သော ၆ နှစ် က · နတ္တလင်း

ဖေါ်ပြပါ ဆေးနှစ်မျိုးအကြောင်းသိချင်ပါတယ် ခင်ဗျား မတ်ပဲ ပဲတီစိမ်း အပင်ကြိးမှသေသော မြစ်ချောက်ဆွေးရောဂါကိုကုသလို့...

ဖေါ်ပြပါ ဆေးနှစ်မျိုးအကြောင်းသိချင်ပါတယ် ခင်ဗျား မတ်ပဲ ပဲတီစိမ်း အပင်ကြိးမှသေသော မြစ်ချောက်ဆွေးရောဂါကိုကုသလို့ရနိုင်ပါသလားခင်ဗျား ကုသလို့ပြောက်ကင်းနိုင်တယ်ဆို ဆေးရနိုင်မဲ့လိပ်စာပြောပေးပါခင်ဗျား။

ပိုးမွှားရောဂါ ပဲတီစိမ်း ထရိုင်ကိုဒါးမား
Post image
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

2,621 လွန်ခဲ့သော ၆ နှစ် က

ဖော်ပြပါဆေးများ မသုံးစေချင်ပါ ဒက်ကိုနေး(သို့)thiophenate ဆင်နာဂျီ(သို့) ပရိုဝမ်း ဆေးများကို ၅ ရက်ခြား အလှည့်ကျဖျန်းစေချင်ပါတယ် လိုအပ်တာရှိရင် ဆက်သွယ် နိုင်ပါတယ် ၀၉. ၇၆၁၉၅၈၇၆၇

9,608 လွန်ခဲ့သော ၆ နှစ် က

မှတ်ပုံတင်ထားတဲ့နံပါတ်မပါတော့ ဆေးကကောင်းတယ်မကောင်းဘူးဆိုတာ မသေခြာဘူးဗျ။

1,351 လွန်ခဲ့သော ၆ နှစ် က

ဟုပ်ကဲ့ခင်ဗျား ရေဆင်းစိုက်ပျိုးရေးသုတေသနကထုပ်တဲ့ ထရိုင်ကိုဒါးမား နှင့်အာနိသင်တူပါသလားခင်ဗျား တူတယ်ဆိုရင် ရေဆင်းထရိုင်ကိုဒါးမားပဲ သုံးချင်ပါတယ်ခင်ဗျား ဖြေပေးပါခင်ဗျား "

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

ကျန်တဲ့တရုတ်စာနဲ့ဟာကတော့ လုံးဝမသုံးသင့်ပါ။

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

အကျိုးပြုမှိုဆေး(တရိုင်ဂိုဒါးမား)ပါ။ရောဂါဖြစ်စေတဲ့မှိုကိုဒီဆေးနဲ့နှိုမ်နင်းနိုင်ပါတယ်။မြေခံမှာထည့်သုံးလို့ရသလိုရွက်ဖျန်းအနေနဲ့လည်းသုံးနိုင်ပါတယ်။အိတ်မှာဆေးအမည်ကိုဖတ်လို့လွယ်ကူအောင်အမည်ပေးထားတာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။