ဖြေကြားချက် ၂ ခု
ပိုးသတ်ဆေးနှင့် အပင်အားဆေး ရောစပ် ဖျန်းသင့် / မဖျန်းသင့်…… လင့်ကို နှိပ်ပီး အပြည့်အစုံ လေ့လာနိုင်ပါတယ်
အပင်အားဆေး နဲ့ ပိုးသတ်ဆေး,မှိုသတ်ဆေး(ရောဂါသတ်ဆေး) ရောသုံးလို့ရပါသလားဆိုတဲ့မေးခွန်းက တောင်သူတွေနဲ့တွေ့ဆုံတိုင်းအမေးခံရတဲ့မေးခွန်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆေးဖြန်းခလည်းသက်သာ /အလုပ်လည်းပိုမိုပြီးချင်တဲ့ဆန္ဒကြောင့်ပေါ့။အသုံးပြုမှုပိုမိုထိရောက်ချင်တယ်ဆိုရင်တော့ ရောမဖျန်းပါနဲ့။ သီးခြားစီ ဖျန်းတာကအလုပ်သမားခ ပိုကုန်တယ်ဆိုပေမဲ့ ထိရောက်မှုက ရောဖျန်းတာထက် များစွာသာလွန်ပါတယ်။ရောဖျန်းရင် အားဆေးမှာပါတဲ့ဓါတ်တွေနဲ့ပိုးသတ်ဆေးမှာပါတဲ့ဓါတ်တွေ ရောနှောကုန်ပြီး ဓာတ်ပြုမှုတွေဖြစ်,အာနိသင်တွေ ပြောင်းလဲ/ လျော့နည်းမှုတွေ ဖြစ်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရောစပ် ဖျန်းသင့်သောဆေးနှင့်ရောစပ်မဖျန်းသင်သောဆေးဆိုပြီးအောက်ပါဇယားနဲ့ပြထားပေမဲ့ ဖတ်မရလို့ ဖတ်၍ရသော ဇယားလေးများ...
ဖြေကြားချက် 7 ခု
စိုက်ပျိုးရေးဆရာဆရာ မများခင်ဗျား,မှိုဆေးနဲ့, ပိုးသက်ဆေး, အပင်ဟိုမုန်းဆေးတေအတူတူတွဲမသုံးရဘူးဆိုတာ ဟုပ်ပါသလားခင်...
ဖြေကြားချက် 5 ခု
လက်ခြားနဲ့ ယူရီးယားကို ပိုးသတ်ဆေးနဲ့ရောပက်လို့ရရဲ့လားသိချင်ပါတယ်ဗျ်
ဖြေကြားချက် 1 ခု
ပုလဲ၊လက်ချားနှင့်အခြားအားေဆးေရာ်ဖျန်းရလားဗျ။
ဖြေကြားချက် 8 ခု
လက်ချား+ပုလဲ ရယ် တခြားပိုးသတ်ဆေးတခုခုနဲ့ရောဖျန်းလို့လားခင်ဗျ ပွင့်ပိုးတွေကျနေလို့ပါ
ဖြေကြားချက် 3 ခု